Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
ကျွန်တော့ဆိုင့်သို့အလည်လာအားပေးကြသောမိတ်ဆွေများကိုအထူးကျေးဇူးတင်လျှက်ပါ ။ကျွန်တော်ဖတ်မိသမျှသော လေ့လာမိသမျှသော post ပြန်လည်မျှဝေပေးနေခြင်းသာဖြစ်ပါသည် နည်းပညာလေ့လာနေသော ညီအကိုမောင်နှမများ တစ်နေရာတည်းမှာ လိုချင်တာလေးတွေ ရှာဖွယ်နိုင်အောင်၇ည်ရွယ်ချက် ဒီဘလော့ကို ဖန်းတီးထားရခြင်သာဖြစ်ပါသည် ဆရာကြီးတစ်ယောက်မဟုတ်အတွက် လေ့လာနေဆဲ့ သူတစ်ယောက်မို အမှားနဲ့ မကင်းဘူးဆိုတာ နားလည်သဘောပေါက်မိပါတယ် ဒါကြောင် အမှားရှိရင်လလည်းနားလည်ခွင့်လွတ်ပေးကြပါ(ဘလော့ကာအားလုံးကို အစဉ်လေးစားလျှက် ဆက်လက်ကြိုးစားပါအုံးမယ်)

ကြိုက်တဲ့ဘာသာပြောင်းဖတ်နိုင်ပါတယ်

မန်ဘာဝင်ပြီအားပေးခဲ့ပါအုံးနော့

Showing posts with label သမိုင်းဆိုင်ရာ. Show all posts
Showing posts with label သမိုင်းဆိုင်ရာ. Show all posts

Monday, August 3, 2015

ရခိုင် သမိုင်းစာအုပ်

(၁၀) ရခိုင်ရာဇ၀င်ယဉ်ကျေးမှုသမိုင်းနှင့်သုတေသီအတွေးအမြင်
(၁၁) ပီပြင်သောရခိုင်ဘုရင်များ၏ရာဇ၀င်
(၁၂) ဘူးသီးတောင်ဖြစ်စဉ်သမိုင်း
(၁၃) မင်းပြားတစ်ခွင်ကျိန်းတော်ရှင်
(၁၄) မြောက်ဦးမြို့နယ်ဖြစ်စဉ်သမိုင်း
(၁၅) မြောက်ဦးမြို့တော်
(၁၆) မင်းပြားမြို့နယ်ဖြစ်စဉ်သမိုင်း
(၁၇) ကျောက်ဖြူမြို့နယ်ဖြစ်စဉ်သမိုင်း
(၁၈) အ၀ကျွန်းသမိုင်း
(၁၉) ခြေတော်ရာကြီး၏သမိုင်း
(၂၀) ရခိုင်ရိုးရာစည်တော်ပေါ်ပေါက်လာရခြင်းအကြောင်း
(၂၁) ရခိုင်နိဒါန်း
(၂၂) မဟာကျန်မုနိငါးဆူ
(၂၃) ရခိုင်မြန်မာမင်းနှစ်ပါးတို့၏ရာဇသံ
(၂၄) ရခိုင်သမိုင်းဆိုင်ရာသုတေသနဆောင်းပါးပေါင်းချုပ်
(၂၅) ရခိုင်ရှေးဟောင်းမြို့တော်များ
(၂၆) ရခိုင်နှင့်ကုလားတို့၏သမိုင်းထဲမှစစ်ပွဲများ
(၂၇) လက်ဝဲသလုံးတော်ဓာတ်သမိုင်းနှင့်စစ်တွေအကြောင်း
(၂၈) လိုင်ရိုးတော်ဓာတ်သမိုင်း
(၂၉) ရခိုင်နိုင်ငံတော်ကျဆုံးခြင်း
(၃၀) ရခိုင်ရာဇ၀င်ကြီး
(၃၁) ရခိုင်မင်းသား
(၃၂) ALP သမိုင်း
(၃၃) သျှစ်သောင်းပုထိုးတော်ဆိုင်ရာဆောင်းပါးပေါင်းချုပ်
(၃၄) ရခိုင်ပြည်နယ်ရှိဆင်းထုတော်များလေ့လာချက်
(၃၅) သီရိသုတမရာဇာနန်းတက်ပွဲ
(၃၆) မြောက်ဦးခေတ်နှောင်းရခိုင်သမိုင်း(အေဒီ1638-1784)
(၃၇) သျှစ်သောင်းဘုရားသံထီးတော်ရခိုင်သံကျပ်ကြီး
(၃၈) ဆရာကြီးဦးဦးသာထွန်းနှင့်ဆွေးနွေးချက်များ
(၃၉) မြောက်ဦးခေတ်အစောပိုင်းနိုင်ငံရေးအခြေအနေ




မှတ်ချက် ...တင်ခဲ့မိသောpostများမှာ ကျွန်တော်တွေ့မိသောဖတ်မိသော အရာများကိုပြန်လည်မျှဝေပေးခြင်သာဖြစ်ပါသည်/လာလည်သောမိတ်ဆွေများကိုအထူးကျေးဇူးတင်ပါတယ်။(ဘလော့ကာအားလုံးကို အစဉ်လေးစားလျှက်)

Friday, July 10, 2015

၁၉၄၂ ခုနှစ် ဘယ်အကြောင်းကြောင့်များမေ့ပါအံ့နိုင်(ဒုတိယကမ္ဘာစစ်ကာလ ကုလား-ရခိုင် ပဋိပက္ခ)

ဒုတိယ ကမ္ဘာစစ်ကြီးစတင်ဖြစ်ပွါးခါနီး ၁၉၄၂ခုနှစ်တွင် ဗြိတိသျှတပ်များ စတင်ဆုတ်ခွာချိန်တွင် ကုလား-ရခိုင် ပဍိပက္ခ စတင်ဖြစ်ပွားခဲ့သည်။ ဗြိတိသျှကစစ်တကောင်းဒေသမှ ကုလားများအလုံးအရင်းဝင်ရောက်လာစေကာ လယ်ယာမြေများ ပေးခဲ့ခြင်းကြောင့် ရခိုင်တို့၏လယ်ယာမြေများ ဆုံးရှုံးလာကာ ဘင်္ဂါလီကုလားများ လယ်ယာမြေပိုင်ဆိုင်လိုမှု လောဘဇောကြီးထွားလာသည်။ ဗြိတိသျှတပ်များ စတင်ဆုတ်ခွာချိန် အင်္ဂလိပ်စစ်တပ်က ဘင်္ဂါလီကုလားများကို Volunteer Force ဖွဲ့ပေးပြီး ကိုယ့်ကိုကာကွယ်ရန်အကြောင်းပြချက်ဖြင့် လက်နက်တပ်ဆင်ပေးရာမှ ကုလားစစ်သည်များသည် ဒေသခံကုလားများနဲ့ပူးပေါင်းကာ ရခိုင်လူမျိုးများကိုစတင်သတ်ဖြတ်မှုစတင်ခဲ့သည်။
ကနဦး မြေပုံမြို့နယ်၊ချောင်းကြီးရွာသူကြီး ရခိုင်လူမျိုး ရွာသူကြီး အုပ်ချုပ်သည်ကို မနှစ်သက် စစ်အတွင်းအခွင့်သာသည်နဲ့ ရွာသူကြီးညီအကိုနှစ်ဦးကို သတ်ဖြတ်လိုက်ရာမှစတင်သည်။ ထိုအချင်းအရာကို ရခိုင်တိုင်းရင်းသားတို့ဒေါသထွက်ကာ ဧည့်သည်ရက်ချောင်းရွာ ကုလားတို့ကို လက်တုန့်ပြန်လိုက်သည်မှစ၍ ကုလား-ရခိုင် အထိကရုဏ်းဖြစ်ပေါ်ကာ မြောက်ဦး၊ကျောက်တော်မြို့နယ်များသို့ ကူးစက်သွားသည်။ ထိုမြို့နယ်မှကုလားများသည် ဘူးသီးတောင်၊မောင်တောမြို့နယ်များမှကုလားများနှင့်ပူးပေါင်းကာ ဒေသတွင်းရခိုင်လူမျိုးများကို စတင်သတ်ဖြတ်ကြသည်။ ရသေ့တောင်၊ဘူးသီးတောင်၊ မောင်တော ဒေသမှရခိုင်လူမျိုးများကိုသတ်ဖြတ်ခြင်း၊ရခိုင်ရွာများ၊ စေတီပုထိုးဘုန်းကြီးကျောင်းများကို မီးရှို့ဖျက်စီးကြသည်။ ရခိုင်လူမျိုးများစွာသတ်ဖြတ်ခံရပြီး ရွာပေါင်းများစွာပျက်စီးဆုံးရှုံးခံရသောကြောင့် ခုထိနလံမထူနိုင်ပဲ ယင်းဒေသတွင် ရခိုင်ရွာအနည်းငယ်သာကျန်တော့သည်။ ရခိုင်လူမျိုးများပြေးပေါက်မရ ချောင်ပိတ်ကာ ရခိုင်တိုင်းရင်းသားနှစ်သောင်းကျော်သတ်ဖြတ်ခံရသည်။  ထွက်ပြေးလွတ်မြောက်လာသူအချို့မှာ ကျောက်တော်၊မြောက်ဦး၊မင်းပြားသို့အထိတိမ်းရှောင်လာခဲ့ကြရသည်။ ကျန်ရစ်ခဲ့သော ရခိုင်လူမျိုးပိုင်ကျွဲ၊ နွား၊ဆန်ရေစပါး နှင့်လယ်ယာမြေများကို ဘင်္ဂါလီမူဆလင်ကုလားများက ၀င်ရောက်သိမ်းပိုက်ယူငင်ခဲ့ကြသည်။ နောက်ဆုံးတွင် အင်္ဂလိပ်အစိုးရဖက်မှ တာဝန်ခံ ရခိုင်အရာရှိအကူအညီဖြင့် ရခိုင်တိုင်းရင်းသားအချို့ ဒိန္နာစပူရ်စစ်ပြေးစခန်းသို့ထွက်ပြေးရသည်။
ဘူးသီးတောင်၊မောင်တောနယ်တွင် ဒုတိယကမ္ဘာစစ်အတွင်း ဘင်္ဂါလီကုလားတို့၏ ရက်စက်စွာသတ်ဖြတ်မှု အပေါ် အသက်ရှင်ကျန်ရစ် ထွက်ပြေးလွတ်မြောက်လာသူတို့၏ပြောပြချက်အရ မွတ်ဆလင်ကုလားတို့၏အစီအစဉ်သည် ၎င်းဒေသတွင်း ရခိုင်တစ်ဦးတစ်ယောက်မှမကျန်ရစ်အောင်အပြတ်ရှင်းသတ်ဖြတ်ရန်ဖြစ်သည်။ မောင်တောနယ်တောင်ပိုင်း စပ်ချပ်ကုန်း၊ရှောက်ကိန်း၊မြို့ချောင်း စသည့်ရွာများသည် မွတ်ဆလင်ကုလားဒဏ်ကို အကြီးကျယ်ခံရကာ ထိုရွာမှရွာသူရွာသားများသည် ဒိန္နာစပူရ်စစ်ပြေးစခန်းသို့တစ်ဦးတစ်ယောက်မှ ရောက်မလာနိုင်ခဲ့ချေ။
နောက် ဗြိတိသျှတို့က ဂျပန်ကိုပြန်လည်တိုက်ခိုက်ရန်အတွက် VForce ဟုခေါ်သောအပျော်တန်းတပ်ဖွဲ့ကို ၁၉၄၂ခုနှစ်တွင်ဖွဲ့စည်းရာတက်ဖွဲ့ဝင်များသည် ဘင်္ဂလီကုလားများဖြစ်ကြသည်။ တာဝန်မှာ ဂျပန်တို့အားပြောက်ကျားဆင် တိုက်ခိုက်ရန်၊သတင်းစုဆောင်းရန်၊စကားပြန်ဆောင်ရွက်ရန် ဖြစ်သည်။ သို့သော်ဂျပန်တို့အရေးနိမ့်၍ ဗြိတိသျှတပ်များပြန်လည်ဝင်ရောက်လာရာ ဘင်္ဂါလီကုလားစစ်သည်များသည် ဂျပန်ကိုတိုက်ခိုက်ရမည့်အစား ရခိုင်လူမျိုးများကို သတ်ဖြတ်တိုက်ခိုက်လေသည်။
စစ်အတွင်း ဗြိတိသျှအစိုးရ၏ အစီရင်ခံစာတွင် -
ရသေ့တောင်ဒေသရှိ ရခိုင်ကျေးရွာတွင် ဆိုးရွားပြင်းထန်သောဖြစ်ရပ်များနှင့် ၎င်းတို့ခံစားရသော ပျက်စီးဆုံးရှုံးမှုများအကြောင်းကြားသိရသည်။ မေယုအနောက်ဘက်ကမ်းရှိ ကျေးရွာအများစုမှာ စစ်တကောင်းအပျော်တမ်းတပ်ဖွဲ့၏ မီးရှို့ဖျက်စီးခြင်းခံရသည်။.......၎င်းတို့ဘိုးဘွားပိုင်မြေများမှ နှင်ထုတ်ခံရသော ရခိုင်လူမျိုးများဖြစ်ပြီး ၎င်းတို့အားကယ်ဆယ်ရန်အတွက် မျှော်လင့်ချက်မရှိကြောင်း ရေးသားထားသည်။
၁၉၄၅ ခုနှစ်တွင်ပြန်လည်ထူထောင်ရေးလုပ်ပေးမှုကြောင့် ရခိုင်တိုင်းသားအချို့သာမိမိတို့၏ မူလကျေးရွာများတွင်ပြန်လည်အခြေချနိုင်ခဲ့သည်။
အချုပ်အားဖြင့်ဆိုသော မူဆလင်နိုင်ငံထူထောင်ရန် ကြိုးစားနေကြသော အကြမ်းဖက်ဘင်္ဂါလီကုလားများသည် ဗြိတိသျှခေတ်မှစတင်၍ အခွင့်သာရင်သာသလို အခွင့်ရေးရလျင်ရသလို ရခိုင်သားများအပေါ် သတ်ဖြတ်နယ်မြေလုရန်ကြံ နေသည်။ ယခုအဖြစ်ပျက်သည်လည်း ၁၉၄၂ ခုနှစ် အဖြစ်ပျက်နဲ့ အနည်းသာကွာခြားမှုရှိသည်။ ရခိုင်လူမျိုးများ အစုလိုက်အပြုံလိုက်မသေပေမဲ့ ဆုံးရှုံးမှုတော့ကြီးမားသည်။ ရှင်းရှင်းပြောရလျင် လုံခြုံမှုသည်ဗြိတိသျှခေတ်ထက်အနည်းငယ်သာကွာပေသည်။ ကိုယ့်မြေကိုယ်ရေပေါ်မှာနေပြီး သူတပါးဖျက်ဆီး၊သတ်ဖြတ် ရန်လို အကြမ်းဖက်မှုကိုခံစားရသော စိတ်ခံစားရမှုသည် အဘယ်သို့ရှိမည်မှန်းဆမရလောက်အောင်ခံစားရမည်။ အကြီးအကျယ်ကြောက်လန့် စိုးရိမ်သောကရောက်နေလိမ့်မယ်။  ခုမှနိုးထခါစနိုင်ငံတော်ပေါ်မှာလည်းသက်ရောက်မှုရှိသည်။ လူ့အခွင့်အရေးကိုမပြတ်အော်၊ ဘက်ပေါင်းစုံက လိမ်ညာ၊အခွင့်သာရင်အကြမ်းဖက် နေသောဘင်္ဂါလီကုလားများကို မည်သို့ကိုင်တွယ်ဆောင်ရွက်မည်ကို မြင်တွေ့လိုသည်။ရခိုင်လူမျိုးတွေအတွက်ဘာမှ မထူးလာဘူးဆိုရင် မတွေးဝံ့လောက်အောင်ပင်။
Ref:
(ရခိုင်ဒေသအတွင်းသို့မွတ်ဆလင် များဝင်ရောက်လာခြင်းနှင့်နိုင်ငံရေးလှုပ်ရှားမှုအဆင့်ဆင့်)စာတမ်း
(မြန်မာနိုင်ငံအနောက်ဘက်ကမ်းရိုးတမ်းဒေသ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းလုံခြုံရေးနှင့်ပြန်လည်ထူထောင်ရေး အကြံပြုတင်ပြချက်)စာတမ်း

မူရင်းဆိုင့်=ရခိုင်အကြောင်းတစ်စေ့တစ်စောင်း

ရခိုင့် ရာဇ၀င်ထဲက သျှင်မြ၀ါ

မာက်ဦးနန်းစံ၊ ဘုရင်မင်းဗာဘုရင်ကြီးသည် မင်းဆရာဖြစ်သော သျှင်မြဝါအား ရည်မှန်းလျှက် ထိုဆရာမြတ်၏ အရိုးကို မြေအောက် ဌာပနာထားတော်မူလျှက် တောင်ထွဋ်တခုပေါ်၌ ကြီးစွာသော စေတီကြီးတဆူကို တည်ထားတော်မူသည်။ ထိုဆရာကြီးဦးမြဝါ၏ ကျန်ရစ်သောပစ္စည်းများနှင့် ရွှေငွေရတနာများကို ဌာပနာထည့်ကာ တည်ထားခဲ့သဖြင့် ထိုတောင်ကို ယနေ့ထိတိုင် မြဝါတောင်ဟုလည်းကောင်း၊ မြဝါစေတီဟုလည်းကောင်း ခေါ်တွင်သည်။ ဆရာကြီးသျှင်မြဝါမှာ ရသေ့ယောဂီတဦး ဖြစ်သည်။ ရခိုင်ရာဇဝင်သမိုင်းတွင် ထင်ရှားသော မင်းမျိုးမင်းနွယ်မှ ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ မဇ္ဈိမဒေသ၌ လောကီပညာအမျိုးစုံကို ဗာရဏသီမြို့တော်၌ လည်းကောင်း၊ မိဂတာဝုန်တောရှိ ဆရာဗိဿနိုးထံတွင် လည်းကောင်း၊ နှစ်ပေါင်း(၂၀) တိုင်အောင် လောကီပညာရပ်များကို တတ်မြောက်ပြီးသော် မိမိရခိုင်ပြည်ကြီးသို့ ပြန်လာကာ မြောက်ဦးမြို့၏ မြောက်ဘက် တောင်ညိုကျောင်းတိုက်ဝယ် (နမန္တာ ဓားကျမ်း) ကြီးကို ပြုစုရေးသားခဲ့သော ပုဂ္ဂိုလ်ထူးတစ်ဦးဖြစ်သည်။

သျှင်မြဝါ၏ဖခင်မှာ စိုင်းတင်မြို့စား (မဟာနန္ဒသင်္ကြန်) ဖြစ်သည်။ မယ်တော်မှာ (ဆင်ကဲကြီး ဦးအောင်ထင်နှင့် စောသန္တာ) တို့၏သမီးတော် (ဇေယျခေမာ) ပင်ဖြစ်သည်။ သျှင်မြ၀ါ၏မွေးဖွားခဲ့သောသက္ကရာဇ်မှာ (၈၅၄) ခု၊ ဝါခေါင်လပြည့် ကြသားပတီးနေ့၊ မိုးသောက် အချိန် (၄) ဗဟိုရ်တွင် ဖွားမြင်တော်မူသည်။ ငယ်စဉ်အခါက (မောင်မြဝါ) ဟုခေါ်တွင်သည်။ မယ်တော်ကြီး ဇေယျခေမာ၏အစ်မတော် (စေနန္ဒီ) နှင့် (မင်းရာဇာ) တို့မှ သက္ကရာဇ် (၈၅၄) ခုနှစ် ဝါခေါင်လပြည့်ကျော် (၃) ရက် စနေနေ့တွင် (မင်းဗာဘုရင်) ကိုဖွားမြင်တော်မူသည်။ ထို့ကြောင့် (သျှင်မြဝါ) နှင့် (မင်းဗာ) ဘုရင်မှာ ညီအစ်ကို တော်စပ်သည်။

မဟာပညာကျော်အမတ်၏ ငယ်နာမည်မှာကား (မြတ်သာထွန်း) ဖြစ်သည်။ ၎င်းကို သက္ကရာဇ် (၈၅၀) ခုနှစ်တွင် ဖွားမြင်သည်။ သို့ကြောင့် သျှင်မြဝါ၊ မင်းဗာကြီး၊ မဟာပညာကျော်တို့သည် ငယ်သူငယ်ချင်းများဖြစ်သည်။ ထိုသုံးဦးစလုံးသည် ငယ်စဉ်အခါက မြောက်ဦးမြို့တော် တောင်ညိုကျောင်းတိုက် (အဂ္ဂစိန္တေယျ) ဆရာတော်ထံတွင် ပညာသင်ကြားပြီးနောက် အသက် (၁၆) နှစ်လွန်သောအခါ မဇ္ဈိမဒေသသို့ သွားရောက်ပြီး (ဗာရာဏသီ) မြို့တွင် ပညာအတူသင်ကြားသည်။ မင်းဗာကြီးနှင့် မဟာပညာကျော်တို့မှာကား ပညာသင်ကြားကြပြီးနောက် ရခိုင်ပြည်မြောက်ဦးမြို့တော်သို့ ပြန်လာကြသည်။

သျှင်မြဝါမှာမူကား မပြန်နိုင်သေးပဲ ဗာရာဏသီမြို့တော်မှတဆင့် မိဂတာဝုန်တောရှိ သီရိဗိဿနိုးရသေ့ကြီးထံတွင် ရသေ့ဘဝအဖြစ် ဝင်ရောက်ကာ ထပ်မံလျှက် ပညာသင်ကြားနေလေသည်။ သျှင်မြဝါမှာ အင်းအိုင်မန္တာန်နှင့် အမျိုးမျိုးသော လောကီပညာရပ်များကို တတ်မြောက်ကာ ရသေ့အဝတ်ဖြင့် ရခိုင်ပြည် မြောက်ဦးမြို့တော်သို့ ပြန်ရောက်လာသည်။

မြို့တော်သို့ ပြန်ရောက်ပြီးသည့်နောက် တနေ့သောအခါ နန်းတော်ညီလာခံသို့ဝင်လေပြီးသော် မင်းဗာဘုရင်အား လက်ကိုင်တုတ်တော်ဖြင့် ချိန်ရွယ်လျှက် (သင်မင်းကြီး ယောက်ျားလော၊ မိန်းမလော၊ ငါကားအမှန် မိန်းမမြင်သည်) ဟုသုံးကြိမ်ဆိုကာ နန်းတော်မှ ထွက်ခွာသွားသည်။ ဘုရင်မင်းမြတ်သည်လည်း အရှက်ရ၍ အမတ်အပေါင်းနှင့် တိုင်ပင်လတ်သော် မဟာပညာကျော်အမတ်ကြီးက လျှောက်ထားသည်မှာ သျှင်မြဝါ၏ဆိုလိုရင်းစကား အကြောင်းရင်းကား ယောက်ျားပီပီ ဘေးလောင်းတော်များလက်ထက်က သူရတန်မင်းအား ပေးအပ်ခဲ့ရသည့် ဘင်္ဂလားနယ်ကို ပြည်လည် တိုက်ခိုက်သိမ်းယူထိုက်ကြောင်း မဟာပညာကျော်အမတ်ကြီးက လျှောက်တင်လေသော် မင်းကြီးလည်း အားရတော်မူ၍ မဟာပညာကျော်အား စစ်အင်္ဂါရပ်များကိုစီမံစေကာ ကုန်းတပ်၊ ရေတပ်ခိုင်စွာဖွဲ့လျှက် မြောက်ဦးမြို့တော်ကြီးကိုလည်း တံတိုင်း၊ ကျုံး၊ မြောင်း ခိုင်စွာတည်ဆောက်ပြီးစီးပြီးသော် ရေတပ်ဗိုလ်ချုပ်အဖြစ် သားတော်မင်းဖလောင်းအား ခန့်အပ်လျှက် မယုံခြုံစား ဝိမလပညာရှိအား ကြည်းတပ်နှင့်တကွ စစ်ချီထွက်ဦးစီးတော်မူသည်။

ထိုအခါ သျှင်မြဝါလည်း ဝမ်းမြောက်စွာဖြင့် သေနင်္ဂဗျူဟာခင်းစေကာ စီမံပေးလေသဖြင့် လူတဦးတယောက်မျှ မသေကုန်ဘဲ ကုလား၏စစ်ကို အလွယ်တကူ အောင်နိုင်တော်မူသည်။ ထိုကဲ့သို့ စစ်အောင်မြင်ပြီးနောက် ကုလားမင်း၏သမီးတော် (ပဲသီတာ) အားဆက်သလေသဖြင့် အနောက်မိဖုရားအဖြစ် မြှောက်စားတော်မူကာ စစ်ကိုတန့်ထားရာဒေသဖြစ်သော (စစ်တန့်ကောင်း) ယခုအခါ (စစ်တကောင်း) ၌ ထီးနန်းဆောက်ကာ စိုးစံတော်မူသည်။ သက်တော် (၄၁) နှစ်တွင် မင်းဗာဘုရင်လည်း ဗုဒ္ဓဂယာ၌ ဗုဒ္ဓရုပ်ပွားတော်ပတ်လည် (၄၁) ဆူဖြင့် (သက်တော်စေ့ဘုရား) စေတီတော်တဆူ တည်တော်မူသည်ဟူ၏။

မင်းဗာဘုရင်မင်းမြတ်သည် မဇ္ဈိမဒေသတွင် စေတီပုထိုးအကျိုး၊ အပျက်အစီးများမှ ရရှိသော ဘုရားရဟန္တာတို့၏ ဓာတ်တော်သျှစ်သောင်းကို ရွှေ၊ ငွေ၊ ပတ္တမြားစီသော ရတနာကြုတ်ကို မင်္ဂလာအုတ်တော်၌ထည့်လျှက် ရခိုင်ပြည် မြောက်ဦးနန်းတော်သို့ ဆောင်ယူလာပြီးလျှင် နန်းတော်အတွင်း ဘုရားနန်းပြဿဒ်ဆောင်ဖြင့် ကိုးကွယ်ထားရှိသည်။ မကြာမှီ ဓာတ်တော်များ ကွန့်မြူး၍ နန်းမီးလောင်သကဲ့သို့ လူများစွာတို့သည် အဝေးကမြင်ကြရ၍ ဟိုးဟိုးကျော်ကျော် ဖြစ်ကုန်သည်။ သို့နှင့် ဆရာကြီးသျှင်မြဝါ၏ အစီအမံဖြင့် နန်းတော်မြောက်ဘက် ဖိုးခေါင်တောင်ကလပ်ဝယ် သျှစ်သောင်းသော ဓာတ်မွေတော်တို့အား ဌာပနာ၍ ကြီးစွာသောပုထိုးတော်ကြီးတဆူ တည်တော်မူ၍ ရန်အောင်ဇေယျ (ခေါ်) သျှစ်သောင်းပုထိုးတော်ကြီးဟု ခေါ်တွင်သည်။

ဆရာကြီးသျှင်မြဝါသည် မြောက်ဦးမြို့သက်ကို အနှစ် (၁၀၀၀) ရှည်စီခြင်းငှာ ရည်ရွယ်လျှက် အတိတ်နိမိတ်ခန်းတို့အား တွက်ချက်၍ ဓာတ်လား ဓာတ်လာသင့်စေပြီးသော် အင်းအိုင်မန္တရားစီမံလျှက် ပြီးစီးသောအခါ ကြသားပတေးနံတစ်ခု လတ်တလောလိုနေသဖြင့် ရှာဖွေလျှင် ကြန့်ကြာမည်ဖြစ်သောကြောင့် ငါပင်လျှင် (ကြသပတေးသားတည်း) ဟုဆိုကာ မိမိရင်အုံတော်အား ဓားနှင့်ခွဲကာ အူကိုထုတ်လျှက် မြို့ကွန်ချာတိုင်တွင် ရစ်ပတ်စေပြီးသော် ငါ့အား (သေဆုံးသည့်နေရာ၌ပင် မြှပ်ကုန်လော့) ဟု မိန့်မှာလျှက် သေဆုံးသွားသည်။

ဘုရင်မင်းဗာကြီးသည် ထိုစကားကိုနားမထောင်ဘဲ ငါ၏ဆရာကို ခွေး၊ ဝက်ကဲ့သို့ မမြှုပ်နိုင်၊ ပွဲသဘင်ကျင်းပပြီး ရထားပန်းယာဉ်ဆွဲလျှက် သဂြုလ်သောကြောင့် ရခိုင်ပြည်သည် ယိမ်းယိုင်ပျက်စီးခြင်းသို့ရောက်ရသည်ဟု ဆိုစမှတ်ပြုလေသည်။

ဆရာကြီးသျှင်မြဝါ သေဆုံးသွားသောနေရာမှာ (မြို့ကွန်ချာတိုင် စိုက်ထူရာ မြင့်မြတ်သောမြေ၊ ယခုအခါ ရွှေဂူတောင်ရွာထဲတွင်ရှိသည်။ ထိုနေရာတွင် သျှင်မြဝါစီမံထားသော အင်းတချပ်ထားရှိသည်။ ၎င်းအပြင် သျှင်မြဝါ၏ ရုပ်ထုကိုလည်း ထုဖော်ထားရှိသည်။

ထိုနေရာ၏ မြောက်ဘက်တောင်ထိပ်တွင် သျှင်မြဝါစေတီတော်မြတ်ကြီးကို တည်ထားကိုးကွယ်သည်

မူရင်းဆိုင်=ရခိုင်အကြောင်းတစ်စေ့တစ်စောင်း

မင်းသားကြီးရွှီဘန်း သီတန်းစာရတု

မင်းသားကြီးရွှီဘန်း သီတန်းစာရတု
---------------------------------
မင်းသားအမှန်၊ ငါလျှင်ကြံက
နိုင်ငံရပ်စည်၊ တိုင်းပြည်အတွက်
ကိုယ့်အသက်ကို၊ ရက်ရက်စွန့်ခွာ
ကုလားရွာ၌၊ ခန္ဓာရုပ်ဟောင်း
ဘ၀ပြောင်းလိမ့် ---။

ဖြစ်ကြောင်းသံသရာ၊ သတ္တ၀ါရို့
မှန်စွာမချွတ်၊ သူမသတ်လည်း
မလွတ်တခါ၊ သီအံ့ရာတည်း ---။

ကမ္ဘာတာရှည်၊ သူရို့သည်လည်း
အတည်မစိုး၊ ငါမြီတိုးသော်
အရိုးတခါ၊ တွန်လိမ့်ရာ၏ ---။

နောင်လာနောက်လူ၊ ရခိုင်သူရို့
အယူမစောင်း၊ ငါ့လမ်းကြောင်းကို
ကောင်းကောင်းလိုက်နာ၊ တိုင်းဓညာကို
တခါမုက္ချ၊ ငါရို့ရအံ့ ---။

လုံ့လရှိခံ၊ လိုလျှင်ကြံက
နိဗ္ဗာန်မချွတ်၊ လက်ဝါးခတ်သည်
စွဲမှတ်ဤစာသီတမ်းတည်း ---။ ။

(မင်းသားကြီးရွှီဘန်း)

Wednesday, July 8, 2015

ခိုင်ဘ၀ ခေတ်အဆက်ဆက် ရခိုင်ဘဝ

 http://myanmartravel.org/009/mrauk-u-arakan-full-size.jpg
ရခိုင်လူမျိုးရို.သည် သမိုင်းအစိုင်အားဖြင်. ကြီးမားပြီး ထေရ၀ါဒ
ဗုဒ္ဓဘာသာကို ယုံကြည်သက်ဝင် ကိုးကွယ်လို. ကမ္ဘာပေါ်တွင် ရခိုင်ဆိုရေ
နာမတစ်ခုဖြင်. နိန်လာခရေ လူမျိုးတစ်မျိုးဖြစ်ပါရေ။ဘာသာ

တရားကို
နှိုက်နှိုက်ရှိင်းရှိုင်း သက်ဝင်ကိုးကွယ်စော်မှာလည်း ဇာလူမျိုးနန်.မှ
မတူ ဘာသာတရားကို ဦးထိပ်ထားကတ်ဘာရေ။အလှူအတန်းရီးရာမှာလည်း ရက်ရောပနာ
စီတနာ မိတ္တာတရား
ကြီးမားကတ်ပါရေ။ခွင်.လွှတ်သည်းခံစိတ်/သနားညှာတာစိတ်/လူအချင်းချင်း
ကိုယ်ချင်းစာစိတ် မိတ္တာဂရုဏာလည်း ကြီးမားပါရေ။ဒေပိုင် ဘာသာတရား
ကိုင်းရှိုင်းပနာ မိတ္တာ ဂရုဏာစိတ် ကြီးမားလွန်းလို.လည်း ရခိုင်ပြည်ကို
ဗုဒ္ဓဘုရားရှင်ကိုယ်တိုင် ကြွရောက်ခရေ သမိုင်းအထောက်အထားတိလည်း ဟိန်.ပါရေ
မဟုတ်ပါလား။တတိယ ဓည၀တီကို တည်ထောင်ခရေ စန္ဒသူရိယဘုရင်မင်းမြတ်လက်ထက်မှာ
ဘုရားရှင်ကိုယ်တိုင် ကြွရောက်လာပနာ ရင်ငွိ.တော် ခုနစ်အုပ်ကို
သွင်းလို.မဟာမြတ်မုနိဗုဒ္ဓရုပ်ပွားတော်ကို သွန်းလုပ်ခပါရေ။စန္ဒသူရိယ
ဘုရင်မင်းမြတ် ရခိုင်ပြည်ကို အုပ်ချုပ်ခသည်အချိန်အခါက ဗုဒ္ဓရုပ်ထုတော်ကို
သွန်းလုပ်သည်ဟု
ရိုးရာဓလေ့ ထုံးတမ်းစဉ်လာယုံကြည်မှု ထားကတ်စော်က သမိုင်အထောက်အထားတိကလည်း
သက်သီပြလျှက် ဟိန်.ပါရေလေ။ စန္ဒသူရိယဘုရင်မင်းမြတ်သည် ဗုဒ္ဓ၏
ဟောကြားပြသမှုရို့၏ သတင်းကို ကြားသိရပြီး ဗုဒ္ဓကိုရိုသေကိုးကွယ်ရန်
ဆန္ဒပြင်းပြလာရေလို.
အဆိုဟိန်.လီပါရေ။အိန္ဒိယနိုင်ငံ သာဝတ္ထိပြည်တွင်
သီတင်းသုံးနီထိုင်တော်မူသော ဂေါတမဗုဒ္ဓသည်

ထိုအကြောင်းအရာကို သိလာရေအတွက်ကြောင့် ဗုဒ္ဓက သူ၏သာဝက အာနန္ဒာအား ပြောပြလီစော်မှာ
“ကြောက်မက်ဖွယ်ကောင်းရေ ရီနဂါးများ အုပ်ချုပ်ထားသော ကြီးမားကျယ်ပြန့်သော
မြစ်ပင်လယ်သမုဒ္ဒရာကို ဖြတ်ကျော်လားရဖို.စော်ဖြစ်လို. ဤကဲ့သို့သော
ခက်ခဲကြမ်းတမ်းရေခရီးသည် စန္ဒသူရိယဘုရင်မင်းမြတ်အတွက်
အလွန်အန္တရာယ်ဟိလိမ့်မည်။
ယေဇူးနန်. တပည့်ရဟန္တာ (၅၀၀) နှင့်အတူ ဂေါတမဗုဒ္ဓသည် ကောင်းကင်ခရီးဖြင့်
ကြွရောက်လာပြီး ကျောက်တော်မြို့၏ တဖက်ကမ်းဟိမောရပဗ္ဗတတောင်၌
ဆင်းသက်ရပ်နားတော်မူခလီသည်။ဤတွင် ဗုဒ္ဓ၏ ရှိရှိဘ၀ပေါင်းများစွာက
ကျင်လည်တော်မူခသောနီရာရို့တွင် ဗုဒ္ဓ၏ ဓါတ်တော်များကို
ဌာပနာထည့်၍ ဘုရားပုထိုးများစွာရို့ကို တိုင်းပြည်အနှံ့
တည်ထားကိုးကွယ်လာကြလိမ့်မည်ဟု
ကြိုတင်ဟောကိန်းထုတ် ဗျာဒိတ်တော်ပီးလီသည်။ဤကဲ့သို့ဗုဒ္ဓ၏
ဗျာဒိတ်ပီးချိန်တွင် မဟာပထ၀ီမြီကြီးသည်
တုန်လှုပ်ပြီး ပင်လယ်သမုဒ္ဒရာရို့သည် ရီနွီးအိုးဆူသကဲ့သို့ ဆူပွက်လီသည်။
စန္ဒသူရိယဘုရင်မင်းမြတ်သည်
ဤနိမိတ်ဆောင်သော လက္ခဏာများ၏ ဆိုလိုရင်းကို သူ၏ဗေဒင်ဆရာ၊ ဟူးရားတတ်ရို့အား
မိန်းမြန်းစုံစမ်းလျှက် တုန်လှုပ်ထိတ်လန့်ရခြင်းဖြစ်လီသည်။ ဂေါတမဗုဒ္ဓ
ရခိုင်ပြည်ကို ရောက်လာသည့်အကြောင်းကို ဘုရင်မင်းမြတ်သိတော်မူသောအခါ
ရာပေါင်းများစွာသော အခြွေအရံရို့နှင့်အတူ သူ၏မိဖုရားခေါင်ကြီး စန္ဒရမာလာ၊
သူ၏မှုးမတ် တိုင်းသူပြည်သားရို့နှင့်အတူ မောရပဗ္ဗတတောင်ထက်သို့ လားရောက်ကြလီသည်။
ဘုရင်မင်းမြတ်သည် ဂေါတမဗုဒ္ဓအား အရိုအသေပီးပြီးနောက် ဗုဒ္ဓက သူ့အား
ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းတရားတော်ကို ဟောကြားသင်ပြခလီသည်။ ယင်းပြီးနောက်
မြို့တော်တွင်(၇) ရက်ကြာ သီတင်းသုံးနီထိုင်မူမည်ကို ဗုဒ္ဓက
သဘောတူလက်ခံလီသည်။ မြို့တော်မှ ဗုဒ္ဓမထွက်ခွာမှီ ဗုဒ္ဓပရိနိဗ္ဗာန်
ပြုတော်မူပြီးနောက် နှစ်ပေါင်း(၅၀၀၀)တိုင်တိုင်
ကြည်ညိုရိုလေးစားမှုခံရမည်ဖြစ်သော
ဆံတော်ဓါတ်နှင့်ဗုဒ္ဓ၏ရုပ်ထုကိုယ်ပွားတော်တစ်ဆူထားခမည်ဟု ဗုဒ္ဓသဘောတူလက်ခံလီသည်။
နန်းတော်ရာ၏ အရှိမြောက်ဘက် သီရိဂုတ္တတောင်ကုန်းထက်တွင် အလေးအမြတ်ထားသော
ဗုဒ္ဓရုပ်ထုတော်ကို
ကောင်းကင်ဘုံ ဗိသုကာပညာသျှင် နတ်များ၏ဘုရင် သိကြားမင်းနှင့်အတူ
စန္ဒသူရိယဘုရင်မင်းမြတ်အပါအ၀င်တိုင်းသူပြည်သားရို့က
တည်ထားကိုးကွယ်ကြလီသည်။ ရုပ်ထုတော်အတွင်းပိုင်သို့  ဂေါတမဗုဒ္ဓ၏
ရင်ငွိ့တော်ဓါတ်ထည့်လိုက်သောအခါ ဂေါတမဗုဒ္ဓနှစ်ဆူပေါ်လာသကဲ့သို့ ဖြစ်ပေါ်လာလီသည်။
အံ့သြကြည်ညိုစရာကောင်းလှသော လက္ခဏာရပ်များ ပေါ်ထွက်လာလီသည်။ မဟာပထ၀ီမြီကြီး
တုန်လှုပ်လာပြီးရုပ်ထုတော်သည် တဖြည်းဖြည်း အသက်ဟိသကဲ့သို့ သူ၏ နောင်တော်
ဂေါတမဗုဒ္ဓအား
ကြိုဆိုသည့်အနီအထားနှင့် မတ်တပ် ထ,ရပ်လီသည်။ယေအခါ ဗုဒ္ဓက ညီထွား သျှင်ချစ်
မပြောဆို မထူးလေနန်.။သာသာနာ ငါးထောင်ပတ်လုးံ လူအများဧး ပူဇော်အထူးကို
ခံယူပြီး နိန်လော.ဟု မိန်.တော်မှုခပါရေလို. သမိုင်းတိအရ
သိရပါရေ။ရခိုင်ပြည်တွင် ရှီးခေတ်ဘုရင်တိ ဘာသာတရား ကိုင်းရှိုင်းမှုကလည်း
အံ.မခန်းပါ။ပဌမ သဂါင်္ယနာကို ဗုဒ္ဓမြတ်စွာဘုရား ပရိနိဗ္ဗန်စံလွန်ပြီး
မကြာခင်မှာပင် သာသနာ ကွယ်မှာကို စိုးလို. အဇာတသတ်မင်းကြီးက
အထောက်ကူပြုလို. အသျှင်မဟာကသာပက ဦးဆောင်ပနာ အသျှင်ကသပ မိန်းသမျှကို
အသျှင် အာနန္ဒာက နှုတ်တိုက်ဖြီဆိုလို. သဂါင်္ယနာ တင်ခပါရေ။ဒုတိယသင်္ဂါယနာကို
မြတ်စွာဘုရား ပရိနိဗ္ဗန်စံလို. နှစ်ပေါင်းတစ်ရာ ကြာရေအခါ အသျှင်မဟာယသ
မထေရ်ကြီး အမှူးပြုလို. ရဟန်းခုနှစ်ရာ(၇၀၀)ရို.ရေ ဒုတိယသဂါင်္ယနာကို
တင်ခကတ်ပါရေ။တတိယသင်္ဂါယနာကို ကျကေ ပါ​​​​​ဋ္ဌလိပုတ်ပြည်.သျှင်
အသောကမင်းကြီးက တကာပြုလို. ရဟန္တာအသျှင်မောဂ္ဂလိ ပုတ္တတသမထေရ်ကြီး
အမှုးပြုလို. ရဟန္တာတစ်ထောင်ဖြင်. တတိယသင်္ဂါယနာကို
တင်ခကတ်ပါရေ။စတုတ္တသင်္ဂါယနာကိုကျကေတော.ခါ ရခိုင်ပြည် ၀ီသာလီ
ရွီတောင်ကြီးတွင် ၀ီသာလီဘုရင် သိရိစန္ဒြား(သိရိစမ္မ၀ိဇယမင်း)သီဟိုနိုင်ငံမှ
သံဃာတော်တစ်ထောင်ကို ပင်.ဆောင်ပနာ ရခိုင်ပြည်မှ သံဃာတော် တစ်ထောင်
ပေါင်းနှစ်ထောင်ဖြင်. စတုတ္တသင်္ဂါယနာကို တင်ခကတ်ပါရေ
မဟုတ်ပါလား။စာပီသမိုင်းကို ကြည်.ပါဖို.လား ဓည၀တီခေတ် ဘီစီ
၃၀၀ကျော်လောက်ကတည်းကပင် ရခိုင်ပြည်နယ်တွင် အိန္ဒိယမြောက်ပိုင်းက
အသုးံပြုရေ ဗြဟ္ဓီအက္ခရာများ ၀င်ရောက်လို. ရိုးရိုးစာပီများကို ဗြဟ္ဓီပွား
အက္ခရာဖြင်. ဘာသာရီးဆိုင်ရာ စာပီများကို သက္က​​​​​ဋ ဘာသာဖြင်.
ရီးသားကတ်ခပါရေ။ဝေသာလီခေတ် နှောင်းပိုင်းမှ စလို. ရက္ခ၀ဏ္ဏ
အက္ခရာဖြင်.ရီးသားပနာ ကြိုးတန်းပိဋကတ်ကို စံထားလို. လေ.လာကတ်စော်ကိုလည်း
ရခိုင်သမိုင်းတိမှာ တွိ.ရပါရေ။ထိုခေတ်က ရီးထိုးခရေ
ကျောက်စာ၊ကြေးပြားစာ၊ဒင်္ဂါးစာ၊တိကိုလည်း တွိရှိခရပါရေ။ဗုဒ္ဓစာပီများကို
ပေထက်အက္ခရာ၊ကျောက်ထက်အက္ခရာနာင်. ကြေးနီပြားတိမှာ ရီးထိုးခစော်တိကို
ဂနိန်.တိုင်ထိ တွိ.ဟိန်.ရပါရေ။မွန်လူမျိုးစာ မွန်စာ ပိဋိကတ်တော်မှာ
သိဟိုဌ်မှ တစ်ဆင်. ရောက်လာရေအတွက်ကြောင်. သိဟိုဌ် ပိဋိကတ်ဟု
ခေါ်ပါရေ။သီဟိုဌ်မှာလည်း သျှင်ဗုဒ္ဓဃေသပိဋိကတ်နာင်. သိဟိုဌ်နိုင်ငံသားရို.
အခေါ် စရိယ ပိဋိကတ် ဟိန်.ခပါရေ။ထိုင်း၊ဗီယမ်နာမ်၊လာအိုနိုင်ငံရို.တွင်
ဟိန်.သော ပိဋိကတ်ကို ဇင်းမယ်ဗဏ္ဏသ ပိဋိကတ်တော်ဟု ခေါ်ပါရေ။မြန်မာအက္ခရာမှာ
အိန္ဒိယတောင်ပိုင်း ပလ္လ၀၊ကဒမ္မ၊စာရကျတိ လကာင်္ဆိုရေ အက္ခရာများမှ
ဆင်းသက်လာပြီးကေ မြန်မာစာ  ဖြစ်လာရေလို. ဆရာကြီးဥူးသာမြတ်ရီးသားရေ
စာအုပ်မှာ ဗြဟ္ဓီ၊မာဂဓ၊ဂုတ္တ၊ကြန္ဒ၊ပလ္လ၀၊ကဒမ္ဗ၊မှ ရာမညတိုင်းသို.
ဆင်းသက်လာကြောင်း ရီးသားထားပါရေလို. ဆရာကြီးဥူးဥူးသာထွန်း
သမိုင်းရှင်းတမ်းတိမှာ ဖော်ပြထားပါရေ။ လူမျိုးသမိုင်းကို ကြည်.ပါဖို.လား
ရက္ခိုင်ဆိုရေ နာမ ၀ိသေသအတိုင်း အမျိုးသီလ၊ နှစ်ဌါနကို၊ပြည်.၀မဏ္ဏိုင်၊
စောင်.စွမ်းနိုင်သည် ရခိုင်နာမ ဘွဲ.မည်လှဖြင်. အနန္တာသညှာ
ခေါ်အပ်ရာတည်းလို.လည်း သျှင်ရာဂိန္ဒမော်ကွန်းတွင်
ဖွင်.ဆိုထားပါရေ။အမျိုးနန်.သီလကို မြဲလို. စောင်.ထိန်းကတ်လို.
ရခိုင်ဆိုရေ နာမကို ပိုင်ဆိုင်ခြင်း ပေါ်ပေါက်လာခြင်း ဖြစ်ပါရေ။ကျွန်းတွင်
ဇဗ္ဗူ လူတွင်ရခိုင် ကြိုင်ဘိသတင်း ကင်းသည်.အပြစ် ချစ်သည်.အမျိုး
ကြိုးသည်.လုံ.လ မြတ်စာဂနန်. နှစ်ဝနတ်လူ ချစ်ကြည်ဖြူသည် နိဗ္ဗူဆုတောင်း
ပြည်.အံ.တည်း
လို. ဗုဒ္ဓ၀င်အလင်္ကာတိမှာလည်း ဖော်ပြထားပါရေ။ခေတ် အဆက်ဆက်
ကိုယ်ထီး ကိုယ်နန်း ကိုယ်ငှန်းဖြင်. နိန်လာခကတ်စော်လည်း ဘီစီ၃၃၂၅
ခုနှစ်မှ အေဒီ ၁၇၈၄ ခုနှစ်ထိ ဖြစ်ပါရေ။စိုးစံခရေ မင်းတိကလည်း

ဆရာတော်ဥိးစိန္တာ

(၂၉-၇-၁၉၀၂) (၁၄-၁၂-၁၉၆၄)

ဆရာတော်သည်  ၁၂၆၄ ခု၊ ဝါဆိုလဆုတ် ၁၀ ရက်၊ အင်္ဂါနိန့် ညဇာဖက် ၇ နာရီအချိန်၊  စစ်တွေခရိုင်၊ မင်းပြားမြို့နယ်၊ ပြည်သျှင်တိုက်၊ ရင်းဘွယ်ရွာ၌  ဖွားမြင်တော်မူ၏။ ဦးချစ်ဖြူ၊ ဒေါ်ရွှေရင်ရို့၏ တစ်ဦးတည်းသော သားဖြစ်၍  ငယ်နာမည်မှာ မောင်ချစ်ထွန်းဦးဖြစ်သည်။ ခြောက်နှစ်သားအရွယ်ကပင် မိဘနှစ်ပါးက  ရင်းဘွယ်ဆရာတော်ကြီးထံ၌ အပ်နှံ၍ ပညာသင်ကြားခသည်။ အသက်ဆယ်နှစ်မြောက်တွင်  မိဘနှစ်ပါးနှင့်အတူ ကန်းနီရွာသို့ ပြောင်းရွေ့ခရာ ကန်းနီဆရာတော်ထံ၌  ဆက်လက်ပညာသင်ကြားလျှက် ၁၃ အရွယ် ၁၂၇၇ ခုသို့ရောက်သောအခါ  သျှင်သာမဏေအဖြစ်ဖြင့်၊ သင်္ဂြိုဟ်စသော အခြီခံပါဠိ စာပီတိကို  သင်ကြားတတ်မြောက်ခသည်။ ၁၂၈၃ ခုနှစ်၊ ကဆုန်လ အသက် ၁၉ နှစ်ပြည့်ခါနီးမှာ  ပခုက္ကူမြို့သို့ လားရောက်၍ အရှိတိုက်ခေါ် မဟာဝိဇရာမတိုက်၊  မြောက်တန်းလျှားကျောင်း၌ ဂန္တဝါစက စာချဆရာတော် ဦးစန္ဒနှင့် ဦးသီလရို့ထံ  ပရိယတ္တိစာပီကျမ်းဂန်တိကို သင်ကြားဆည်းပူးခသည်။

၁၂၈၃ ခု၊ တပို့တွဲ့လ၌  မဟာဝိဇယာရာမ ကျောင်းတိုက်၊ ဆရာတော်ကြီးဦးဇဝနကို ဥပဇ္ဈာယ်ပြု၍  ဥပသမ္ပဒကံဖြင့် ပဉ္ဇင်းတက်သည်။ ၁၂၈၅ ခုတွင် ဦးစိန္တာသည် မိမိအား စာချပီးသော  သံဃာတော်များနှင့်အတူ မန္တလေးမြို့သို့ လားရောက်၍ ၃ နှစ်တိုင်တိုင် ဆက်လက်ကာ  ပရိယတ္တိစာပီကျမ်းဂန်များကို သင်ကြားပို့ချခသည်။ ၁၂၉၁ ပြည့်တပို့တွဲလတွင်  မိမိ၏ နီရင်းဒေသ ကန်းနီကျေးရွာဆရာတော်ဘုရားထံသို့ ပြန်ကြွတော်မူခသည်။ ၁၂၉၁  ခု၊ ဝါဆိုလဆန်း ၁၄ ရက်သို့ရောက်သောအခါ ကွဲပြားနီသော ကျောက်နွားရွာကို  အုပ်ထိန်းကာ ထိုရွာကျောင်းဟောင်းသို့ ပြောင်းရွှေ့သတင်းသုံးရမည်ဟူသော  ဆရာတော်ဘုရား၏ အမိန့်ကို နာခံလျှက် ကျောက်နွားရွာ၌  ကျောင်းထိုင်ဆရာတော်အဖြစ်ကို ခံယူခရပါသည်။



ကျောင်းထိုင်ဆရာတော်အဖြစ်ဖြင့်  ဦးစိန္တာသည် စာပီပရိယတ္တိကို သင်ကြားပို့ချလျှက်နီစဉ်မှာပင်  မြို့ကြီးမြို့ငယ်၊ ရွာကြီးရွာငယ်များ၌ တောင်သူလယ်သမားဘဝ  အလုပ်သမားလူတန်းစားဘဝတိကို ကြွီကွဲဖွယ်ရာ တွိ့မြင်ရလာခြင်းကြောင်း  ဆင်းရဲပန်ပန်းရခြင်း၏ အကြောင်းရင်းကို ရှာဖွီသောအခါ နယ်ချဲ့အရင်သျှင်နှင့်  မြီသျှင်ကြီးတိ၏ သွီးစုပ်မှုပင်ဟု တထစ်ချသိမြင်လာသဖြင့် သာသနာသည် ဒါယကာအပေါ်၌  တည်သည်။ ဒါယကာပင်ပန်းက သာသနာညှိုးနွယ်လိမ့်မည်ဟု ဒါယကာတောင်သူလယ်သမား  အလုပ်သမားတိ၏ ဘဝကို မြှင့်တင်လိုသောကြောင်း  စစ်တွေမြို့သို့ကြွရောက်ပြီးလျှင်၊ အထက်တန်းရှိနီ ဦးမြထွန်း၊  ဦးကျော်ခိုင်၊ ဦးထွန်းစိန် (နန္ဒမာလာ) ၊ ဦးဘိုးခိုင်၊ ဦးအောင်သာဦး  အစဟိသော ပုဂ္ဂိုလ်များနှင့် ညှိနှိုင်းတိုင်ပင်လျှက် ရခိုင်တိုင်းလုံးဆိုင်ရာ  ကြီးပွားရေးအဖွဲ့ချုပ်ကို ၁၂၉၂ ခု၊ တန်းဆောင်မုန့်လ၌ စတင်ဖွဲ့စည်းခသည်။  ယင်းအချိန်မှစ၍ ဦးစိန္တာသည် ဦးပညာသီဟနှင့် တွိ့ဆုံကာ အဖွဲ့ချုပ်၏  နာယကများအဖြစ်ဖြင့် အားကြိုးမာန်တက် အရင်းသျှင် နယ်ချဲ့စနစ်ကို  တိုက်ဖျက်လာခကတ်ပါသည်။ ဆရာတော်ဦးစိန္တာသည် တောင်သူလယ်သမားတိအား အခြီခံကျကျ  ပညာပီးစည်းရုံးကာ ၁၂၉၂ ခု၊ တပေါင်းလတွင် မြေပုံမြို့နယ်၊  ကျောက်နွားကျေးရွာ၌တကြိမ်၊ ၁၂၉၃ ခု၊ တန်းဆောင်မုန့်လတွင်၊ မင်းမြားမြို့နယ်  ကန်နီကျေးရွာ၌တကြိမ်၊ ၁၂၉၄ ခုနှစ်၊ ကဆုန်လတွင် မြေပုံမြို့နယ်  ကြာအင်းတောင်ကျေးရွာ၌တကြိမ်၊ ရခိုင်တိုင်းလုံးဆိုင်ရာ  ကြီးပွားရေးအဖွဲချုပ်၏ ညီလာခံကို ပြုလုပ်ကာ ဦးစီးနာယကအဖြစ်ဖြင့်  ဆောင်ရွက်ခပါသည်။ ထိုစဉ်အခါက နိုင်ငံရေးဟောပြောပွဲများသို့  တက်ရောက်ရန်ကိုမဆိုထားနှင့် နယ်ချဲ့ဆန့်ကျင်ရေးကို လီသံမျှပင်  မပြောရဲသောအချိန်ဖြစ်သော်လည်း ညီညာခံတိုင်း၌ လူငါးထောင်ခန့်မျှ  တက်ရောက်ခကတ်သည်မှာ ဆရာတော်ဦးစိန္တာ၏ လယ်ယာမြီတော်လှန်ရေး  ပညာပီးစည်းရုံးမှု၏ အောင်မြင်ချက်ပင်ဖြစ်ပါသည်။ ထိုကြောင့် တောင်လယ်သမားများ  နိုးကြားလာခကတ်သည်။ မိမိရို့၏ ဆင်းရဲတွင်းနက်ရခြင်းအကြောင်းရင်းကို  သိမြင်လာကတ်၏။ နယ်ချဲ့အရင်းသျှင်စနစ်၊ မြီသျှင်စနစ်ရို့ကိုဖြိုဖျက်  တော်လှန်ပစ်ကတ်ရမည်ကို သိနားလည်လာကြ၍ နိုးကြားအုံကြွလာခကတ်၏။  စည်းရုံးညီညွတ်လာခကတ်၏။

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...