Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
ကျွန်တော့ဆိုင့်သို့အလည်လာအားပေးကြသောမိတ်ဆွေများကိုအထူးကျေးဇူးတင်လျှက်ပါ ။ကျွန်တော်ဖတ်မိသမျှသော လေ့လာမိသမျှသော post ပြန်လည်မျှဝေပေးနေခြင်းသာဖြစ်ပါသည် နည်းပညာလေ့လာနေသော ညီအကိုမောင်နှမများ တစ်နေရာတည်းမှာ လိုချင်တာလေးတွေ ရှာဖွယ်နိုင်အောင်၇ည်ရွယ်ချက် ဒီဘလော့ကို ဖန်းတီးထားရခြင်သာဖြစ်ပါသည် ဆရာကြီးတစ်ယောက်မဟုတ်အတွက် လေ့လာနေဆဲ့ သူတစ်ယောက်မို အမှားနဲ့ မကင်းဘူးဆိုတာ နားလည်သဘောပေါက်မိပါတယ် ဒါကြောင် အမှားရှိရင်လလည်းနားလည်ခွင့်လွတ်ပေးကြပါ(ဘလော့ကာအားလုံးကို အစဉ်လေးစားလျှက် ဆက်လက်ကြိုးစားပါအုံးမယ်)

ကြိုက်တဲ့ဘာသာပြောင်းဖတ်နိုင်ပါတယ်

မန်ဘာဝင်ပြီအားပေးခဲ့ပါအုံးနော့

Showing posts with label ဗဟုသုတဆိုင်ရာ. Show all posts
Showing posts with label ဗဟုသုတဆိုင်ရာ. Show all posts

Thursday, May 14, 2015

ကျွန်တော့်ကို







    ကျွန်တော်ကို မွေးကာစတုန်းက အမျိုးသမီးတစ်ဦးက ပွေ့ချီထားခဲ့တယ် .. ကျွန်တော့်အမေပေါ့
    ကျွန်တော် အရွယ်ရောက်လာတဲ့ထိ အမျိုးသမီးတစ်ဦးက ဂရုစိုက်ခဲ့တယ်၊ အတူကစားပေးတယ် .. ကျွန်တော့်အစ်မပေါ့
    ကျွန်တော် ကျောင်းနေတဲ့အရွယ်မှာ အမျိုးသမီးတစ်ဦးက ပညာတွေတတ်စေခဲ့တယ် .. ကျွန်တော့်ဆရာမပေါ့
    ကျွန်တော် စိတ်ဓာတ်ကျတိုင်း အားငယ်ချိန်တိုင်းမှာ နှစ်သိမ့်အားတင်းဖို့ အမျိုးသမီးတစ်ဦးက ပုခုံးတစ်ဘက်ပေးတယ် .. ကျွန်တော့်ရည်းစားပေါ့
    ကျွန်တော် ချစ်ခင်ပေါင်းဖက်ဖို့အတွက် အမျိုးသမီးတစ်ဦးက ရှိနေပေးတယ် .. ကျွန်တော့်မိန်းမပေါ့
    ကျွန်တော် ခက်ခဲကြမ်းတမ်းတဲ့ ဘ၀အချိန် အခါတိုင်းမှာ အမျိုးသမီးတစ်ဦးက အခက်အခဲတွေကိုအရည်ပျော်ကျစေခဲ့တယ် .. ကျွန်တော့်သမီးပေါ့
    ကျွန်တော် သေဆုံးတဲ့အခါ အမျိုးသမီးတစ်ဦးက လက်ခံပွေ့ဖက်ပေးတယ် .. အမိမြေပေါ့ ..
    သင်ဟာ ယောက်ျားတစ်ဦးဆိုရင် .. အမျိုးသမီးတိုင်းကို တန်ဖိုးထားပါ
    သင်ဟာ မိန်းမသားတစ်ဦးဆိုရင် .. မိန်းမသားဖြစ်တဲ့အတွက် ဂုဏ်ယူပါ
    ‪#‎Hko‬
မူရင်facebook .... မောင်(စွယ်စုံကျမ်း)

မှတ်ချက် ...တင်ခဲ့မိသောpostများမှာ ကျွန်တော်တွေ့မိသောဖတ်မိသော အရာများကိုပြန်လည်မျှဝေပေးခြင်သာဖြစ်ပါသည်/လာလည်သောမိတ်ဆွေများကိုအထူးကျေးဇူးတင်ပါတယ်။(ဘလော့ကာအားလုံးကို အစဉ်လေးစားလျှက်)

Sunday, April 26, 2015

ရခိုင်အလံ အဓိပ္ပါယ်ဖွင့်ဆိုချက်



အရောင်

        အပေါ်ပိုင်းအဖြူရောင်သည် ရခိုင်အမျိုးသားတို့၏ ဖြူစင်သောစိတ်ဓါတ်ရှိခြင်း၊ အမျိုးသီ
လနှင့်ဌာနကို စောင့်ထိန်းခြင်း၊ ဖြူစင်ဖြောင့်မတ်သော စိတ်ရှိခြင်း နှင့်ဖြူစင်တည်ကြည် စောင့်
ထိန်းအပ်သော ကိုယ်ကျင့်တရားရှိခြင်း တို့ကိုဖော်ဆောင်သည်။အနီရောင်၏သဘောမှာ ရဲရင့်
တည်ကြည်သောသတ္တိနှင့် ခိုင်ခံ့တည်ကြည်သောဇာတိသွေး၊ဇာတိမာန်ရှိခြင်းတို့ကို အဓိပ္ပါယ်
ဆောင်သည်။

သီရိ၀စ ၦ

သီရိ၀စ ၦမွာ ဝေသာလီစန္ဒြားမင်းတို့၏ဒင်္ဂါးတွင် ခေတ်နှိပ်သုံးစွဲသောပုံဖြစ်သည်။ ဤတံဆိပ်ကို ဒင်္ဂါးတွင်သာမက ရာဇပလ္လင် မုတ်တံကဲများ၊ ဘုရားတန်းဆောင်မုတ်တံကဲများ၊ တံခါးမုတ်စီ
များတို့တွင် အမြဲသုံးစွဲခဲ့ကြသည်။ သီရိဝစ္ဆမှာ ကျက်သရေမင်္ဂလာ အဖြာဖြာနှင့် ပြည့်စုံသည်
ဟုအဓိပ္ပါယ်ရသည်။ ယင်းအထဲတွင်သင်္ကေတများစွာပါရှိသည်။

နေနှင့်လ

နေနှင့်လတို့မှာ ပထမဆုံး ရခိုင် ဟူသောအမည်ကိုခံယူခြင်းမှစ၍ အုပ်ချုပ်ခဲ့သောမင်းတို့သည်
နေလအမည်ရှိသော ဘွဲ့ထူးဂုဏ်ထူးအမည်များကို ခံယူခဲ့ကြသည်။သူရိယမင်းဆက်၊ စန္ဒြားမင်း
ဆက်ဟူ၍ အုပ်ချုပ်ခဲ့ကြသည်။ နေလတို့သည် ကမ္ဘာ၏တန်ဆာများ  ဖြစ်ကြသည့် အလျှောက်
 အအေးနှင့်အပူ၊ အလင်းနှင့်အမှောင်၊ အကျိုးနှင့်အပြစ်တို့ကို ထင်ရှားစေနိုင်သော သတ္တိရှိကြ
သည်။နေမင်းနှင့်တူသောအကျင့်၊ လမင်းနှင့်တူသော အကျင့်တို့ရှိကြသည်။ ယင်းနည်းအတူ
မင်းနှင့်တကွ ပြည်သူတို့သည် သစ္စာတရား တည်ကြည်ကြရမည်။ယဉ်ကျေးမှုအနုပညာ၊
စီးပွားရေးအခြေအနေနှင့် အမျိုးသားလက္ခဏာများကိုဖော်ညွှန်းထားပါသည်။နေသည်
ကမ္ဘာ မြေပြင်ပေါ်ရှိလူသတ္တ၀ါတို့ကို အလင်းရောင်ပေးသည်၊ လသည်အေးမြကြည်လင်သော
သာယာမှုတို့က ဒေသဌာနမရွေး၊ ပုဂ္ဂိုလ်သတ္တ၀ါမရွေး  မျှတသောအရောင်ကိုပေးတတ်သည်။
လူသားသတ္တ၀ါတို့အပေါ်တွင် အေးမြကြည်လင်သော  သစ္စာတရားရှိသည်ကို ဖော်ညွှန်းထား
ခြင်းဖြစ်သည်။

လက်ဝဲရစ်ခရုသင်းနှင့်လက်က်ျာရစ်ခရုသင်း

တိုင်းပြည်ကိုအုပ်ချုပ်သောဘုရင်များ ဘိသိတ်ခံရာ၌ လက်ဝဲနှင့်လက်ကျာရစ် ခရုသင်းတို့ဖြင့်
သစ္စာရေစင်ဖြန်းရသည်။ရေစင်ဖြန်းရာတွင် တိုင်းသူပြည်သားအပေါင်းတို့အား သစ္စာ၊ သီလ၊
သမာဓိတရားတို့ဖြင့် တရားသဖြင့် အုပ်ချုပ်အုပ်ထိန်းနိုင်ပါစီ ၊ တိုင်းသူပြည်သားတို့ကလည်း
သစ္စာ၊ သီလ၊ ဓမ္မ ရှိကြပါစေဟူသော သရုပ်ကို ဖော်ဆောင်ပါသည်။

စိန်တောင်

စိန်တောင်သည် အလယ်ဗဟိုတည့်တည့်တွင် မဏ္ဏိုင်မားမားမတ်မတ်ဖြောင့်တန်းစွာရပ်တည်
ထားသည်။ဖော်ပြခဲ့သော သစ္စာ၊ ဓမ္မတရားတို့သည်မင်းနှင့်တကွ ပြည်သူတို့အားတည့်တည့်
မတ်မတ် အုပ်ချုပ်ခြင်း၊ ခံယူလိုက်နာခြင်း  လက္ခဏာကိုဖော်ပြထားသည်။

စိန်တောင်အောက်ခံ

စိန်တောင်အောက်ခံမှာလခြမ်းသဏ္ဍာန်ဖြစ်ပြီး စိန်တောင်အား မတိမ်းမစောင်းဖြောင့် မတ်
တည်ရှိနိုင်ရန် မယိမ်းမယိုင်စေခြင်းငှာ အောက်ခံပြုလုပ်ထားခြင်းကိုသဘောကို သရုပ်ဆောင်
သည်။

ေေေေ ရွေးလုံး(ရ)လုံး (ဗိန္ဒု)

ရခိုင်တို့သည် ကြက္ကိကာနက္ခတ်နှင့်ယှဉ်သည့်လူမျိုးများဖြစ်ကြသည်။ ကြက္ကိကာနက္ခတ်သည်
စပါးပင်၊ မြေများ၏ လက္ခဏာကို ဆောင်သည် (တစ်ချို့ကျမ်း၌ ကြယ်ခုနစ်ကောင်ဟုဆိုသည်)
 ကြက္ကိကာနက္ခတ်ကိုမှီး၍ ထွန်ယက်ခြင်း၊ စိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြင်း တို့ပြုလုပ်ကြသည်။
ရခိုင်ပြည်သည် ကြက္ကိကာနက္ခတ်နှင့်လျော်ညီစွာ စိုက်ပျိုးရေးကိုအဓိကပြု၍အသက်မွေးဝမ်း
ကြောင်းဆောင်ရွက်ရသော တိုင်းပြည်ဖြစ်သည်။ယင်းကြောင့် ရခိုင်ပြည်၏ အသက်သွေးခဲ
ဖြစ်သော စီးပွားရေးနှင့် စိုက်ပျိုးရေးလက္ခဏာသဘောကို ဆောင်ထားခြင်းဖြစ်သည်။
ခြူးပန်း

ခြူးပန်းသည် အမြင့်မြတ်ဆုံးသောပန်းတစ်မျိုးတွင် ပါဝင်သည်။ခြူးပန်းမှာ အပင်မှပွင့်သော
ပန်းမျိုးမဟုတ်ပေ၊ ခြူးဟုခေါ်သော သတ္တ၀ါတစ်မျိုး၏ ခန္ဒာကိုယ်လက်မှ ပေါက်ရောက်နေ
သော အမွှေးအမျှင်တို့၏ ပုံစံတွင် အခွေခွေအလိပ်လိပ်ဖြစ်ပေါ်နေခြင်းကို သရုပ်ဖော်၍
 ပန်းချီ၊ ပန်းပုဆရာတို့သည် ဘုရား၊ စေတီ၊ အဆောက်အဦး၊ ပလ္လင်၊ မုတ်တံကဲများ၊ထီးဆောင်
နန်းဆောင်စသော အဆောက်အဦးတို့တွင် အပြောက်အပြိန်းများ၊ ပန်းခက၊် ပန်းလိပ်၊ ခြူးပန်း
ဟူ၍ခေါ်သည်။ ခြူး ကောင်တို့သည် လူအပေါင်းတို့၏ ပစ္စည်းဥစ္စာကိုလည်းကောင်း၊အသီးအနှံ
တို့ကိုလည်းကောင်း လုံးဝဖျက်ဆီးခြင်းမရှိ၊ သူတို့၏သွားရာတွင် အမွှေးအမျှင်များ တစ်ခုနှင့်
တစ်ခုထိခိုက်၍ ဆွဲလွဲမြည်သံကဲ့သို့ တခြွင်ခြွင်မြည်သည်။မင်္ဂလာရှိသော၊ တေးသံသာသော
အသံကို ရုပ်ဖော်ထားသည်။ ၎င်းတို့သည်ကာမဆန္ဒတရား၌ တစ်သက်လျင်တစ်ကြိမ်သာမှီ
ဝဲခြင်းရှိသည်။သူတစ်ပါးအမျိုးအနွယ်များကိုလည်း ဖျက်ဆီးခြင်းမရှိ၊ အဗြဟ္စရိယာသိက္ခာပုဒ်ကို
စောင့်ထိန်းခြင်း၊ တိုင်းသူပြည်သားတို့သည်လည်း မုဒိန်းတန္တမကျူးလွန်ကြစေရန် သရုပ်ဆောင်
ထားသည်။ ဤသီရိဝိစ္ဆတစ်ခုလုံး၏သဘောတရားမှာသစ္စာဓမ္မရှိခြင်း၊  လယ်ယာစိုက်ပျိုးရေး၌
စပါးသီးနှံပွားများစေခြင်း၊ အလင်းနှင့်အမှောင်၊အကျိုးနှင့်အပြစ်တို့ကိုဆင်ခြင်စေနိုင်ခြင်း၊
 မိမိတို့၏ ရိုးရာဓလေ့ထုံးစံများကိုစောင့်ထိန်းနိုင်ခြင်း၊ ခေတ်နှင့်လျော်ညီစွာတစည်းတလုံးတည်း
တည်မြဲနိုင်စေခြင်း၊ ထွန်းသစ်ပေါများတိုးတက်စေနိုင်သော သင်္ကေတသဘောများကို သရုပ်
ဆောင်ထားပါသည်။

by Arakan Refugee Relief Committee


Thursday, April 16, 2015

Contraception methods တားဆေး-တားနည်းများ(၁၈နှစ်ပြည့်မှဖတ်ပါ)


ကျွန်မ အိမ်ထောင်ကျတာ မကြာသေးပါဘူး။ သားသမီး မယူချင်သေး၍ ယခင်က အကွာကွယ်သုံးပါတယ်။ ယခုတော့
အမျိုးသားက့ ကို အပြင်ထုတ်တော့ သားသမီးမရနိုင်ဘူးဆိုတာ သေချာလား သိချင်လို့ပါ။ ပုံမှန်လာမဲ့ ရာသီရက်တော့ မလာတာ ၁ လ ရှိပါပြီ။ နောက်ဆုံး အမျိုးသားနဲ့ ထိုကဲ့သို့ မနေခင်က ရာသီလာထားပါတယ်ဆရာ။ ကျွန်မက ရာသီလည်းမမှန်တက်ပါ။ ဒါကြောင့် ကိုယ်ဝန်ရ နိုင်လားဆိုတာမေးချင်တာပါ။
တားဆေး-တားနည်းများ ဆန်းစစ်ချက်များ
(က) ထိရောက်မှု အများဆုံး တားဆေး-တားနည်းများ
• Implant အရေပြားအောက် ဆေးချောင်း၊ IUD သားအိမ်ထဲထည့် ပစ္စည်း၊ Vasectomy, Tubal methods သားကြောဖြတ်ခြင်းများ = 99%
• Birth Control shot ထိုးဆေး = 97%
• Birth Comtrol Pill စားဆေး၊ Vaginal Ring (ဗဂျိုင်းနား) ကွင်း = 92-95%
• Condom (ကွန်ဒွမ်)၊ Diaphragm, Cervical Cap သားအိမ်ဝအဖုံး-အပိတ်၊ Sponge ဆေးမြှုပ် = 84-89%


• Abstinence ဝေရာမဏိ = ၁ဝဝ%
(ခ) ထိရောက်မှု အနည်းဆုံး တားဆေး-တားနည်းများ
• No Birth Control အကာအကွယ် လုံးဝမသုံးခြင်း = 85%
• Spermicide only သုက်ပိုးသတ်ဆေး တမျိုးတည်း = 29%
• Fertility Awareness နေ့ကောင်းရက်သာ ရွေးနည်း = 25%
• Female Condom အမျိုးသမီးသုံး (ကွန်ဒွမ်) = 21%
• Withdrawal သုက်ရည် အပြင်စွန့်ထုတ်နည်း = 18%
(ဂ) WHO 2007 တားဆေး-တားနည်းများနှင့် ကိုယ်ဝန်ရနှုန်း တနှစ်တာ ဆန်းစစ်ချက်
• အကာအကွယ် မသုံးသူ = ၈၅% ကိုယ်ဝန်ရမယ်။
• သုက်ပိုးသေဆေးနည်းသုံးသူ = ၁၈-၂၉% ကိုယ်ဝန်ရမယ်။
• သုက်ရည် ပြင်ပစွန့်ထုတ်နည်းသုံးသူ = ၁၅-၂၈% ကိုယ်ဝန်ရမယ်။
• ရက်ရှောင်နည်းသုံးသူ = ၅-၁၂% ကိုယ်ဝန်ရမယ်။
• ကွန်ဒွမ်နည်းသုံးသူ = ၂-၁၅% ကိုယ်ဝန်ရမယ်။
• နေ့စဉ်သောက်ရတဲ့ဆေးသောက်သူ = ဝ့၃-၈% ကိုယ်ဝန်ရမယ်။
• ထိုးဆေးထိုးသူ = ဝ့ဝ၅-၃% ကိုယ်ဝန်ရမယ်။
ဒေါက်တာတင့်ဆွေ - Contraception methods တားဆေး-တားနည်းများ 

မူရင်းhttp://www.sanhtaikhtar.comဆိုင့်သို့

လူငယ်နှင့် Sex မရှက်နဲ့

ဆယ်ကျော်သက် အရွယ်တုန်းက လမ်းလျှောက်ရင်တောင် ယောကျာ်းလေး တွေနား မကပ်ဖြစ်ခဲ့သည်မှာ မမျှော်လင့်ဘဲနှင့် ကိုယ်ဝန်ရှိသွားတတ်သည် ဆိုသော သူ့မိခင်၏ ဆုံးမစကားကို မပန်းအိခိုင် အလေးထားခဲ့၍ ဖြစ်သည်။

ပဲခူးက သူ့ သူငယ်ချင်းတွေကိုလည်း သူတို့ မိဘတွေက လိင်မှုကိစ္စကို ရှောင်ရှားဖို့ ဆုံးမခဲ့ကြ သည်။ “ယောကျာ်းတယောက်ကို ကျမ ထိလို့တောင် မရဘူး၊ ကိုယ်ဝန်ရှိသွားလိမ့်မယ်လို့ ကျမ ရာသီသွေး စပေါ်တဲ့ အချိန်တုန်းက အမေက ပြောတယ်။ ဒါကြောင့် ကျမ သိပ်ကြောက်သွားပြီး ကင်းကင်းပဲ နေခဲ့တယ်” ဟု မပန်းအိခိုင်က ပြောသည်။

သို့သော်လည်း ဒီအယူအဆကို လွန်ခဲ့သော ၃ နှစ်ခန့်က စပြီး စွန့်လွှတ်ခဲ့ပြီဖြစ်သည်။ အသက် ၁၈ နှစ် အရွယ်ရောက်သည့်အချိန်တွင် ကျန်းမာရေး ပညာကို လေ့လာသင်ယူဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် ယခု အချိန်တွင် အစိုးရဝန်ထမ်း သားဖွားဆရာမ တဦး ဖြစ်လာခဲ့သည်။ သားဆက်ခြားခြင်း အကြောင်းကို လူ့အဖွဲ့အစည်းအတွင်း ဆွေးနွေးခြင်းက အကျိုးဖြစ် ထွန်းနိုင်မည်ဟု ဆေးပညာသင်တန်းမှာ သင်ကြားခဲ့ ရသည်ကို မပန်းအိခိုင် ကိုယ်တိုင်က ယုံကြည်ထား သော်လည်း လူတွေကို သတင်းအချက်အလက် ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေပေးခြင်းမပြုနိုင်ဟု သူက ဆိုသည်။ ဒီလိုလုပ်ဖို့က ကျေးရွာ အများစုတွင် အခက်အခဲဖြစ်နေသည်။

မြန်မာနိုင်ငံ၏ ဒေသအချို့တွင် အထူးသဖြင့် မြို့များတွင် ကျန်းမာရေးဝန်ထမ်းများက ကွန်ဒုံးများ ဝေငှပြီး လိင်ဆက်ဆံခြင်းကြောင့် ကူးစက်တတ်သည့် ရောဂါများမှ ကာကွယ်ခြင်း နည်းလမ်းများကို ဆွေး နွေးပေးနေသည်။ သို့သော်လည်း မပန်းအိခိုင် တာဝန်ထမ်းဆောင်နေသော ရခိုင်ပြည်နယ်၏ကျေး လက်ဒေသများနှင့် မြန်မာနိုင်ငံတလွှားမှ အခြား ဝေးလံသည့် ဒေသများတွင် မျိုးဆက်ပွား ကျန်းမာ ရေးနှင့် လုံခြုံစိတ်ချရသော လိင်ဆက်ဆံမှုအကြောင်း များကို ဆွေးနွေးပြောဆိုခြင်း မပြုသင့်သည့် အရာ များအဖြစ် သဘောထားကြသည်။

“အကြောင်းအရာက စိမ်းနေတယ်လေ၊ ပြီး တော့ ကွန်ဒုံးကို အသုံးပြုရတာ ရှက်စရာကောင်း တယ်လို့ မြင်ကြတယ်။ ရိုးရာယဉ်ကျေးမှုအရ လက် မထပ်ခင် လိင်ဆက်ဆံတာကို မှားယွင်းတဲ့ ကိစ္စလို့ မြင်နေကြတယ်” ဟု မပန်းအိခိုင်က ပြောပြသည်။

ရန်ကုန်မြို့က လူငယ်ဆရာဝန်တယောက်ကမူ ကွဲပြားသည့် နည်းလမ်းတခုကို အကောင်အထည် ဖော်ကြည့်နေသည်။ အစဉ်အလာ ယုံကြည်မှုအရ တားမြစ်ထားသည့် အကြောင်းအရာများကို မျက်နှာ ချင်းဆိုင် ပြောဆိုပြီး စိတ်ကသိကအောင့်ဖြစ်ရခြင်းမှ ရှောင်လွှဲနိုင်ရန်အတွက် လိင်ကျန်းမာရေးနှင့် ပတ် သက်၍ သိလိုသည့် လူငယ်ယောကျာ်းလေးများ၏ မေးခွန်းများကို တယ်လီဖုန်းထဲမှ ဖြေဆို အကြံပေး သည့် အစီအစဉ်ဖြစ်သည်။ မြန်မာနိုင်ငံ ဆရာဝန် များ အသင်းကလည်း ဆယ်ကျော်သက် အရွယ် ကိုယ်ဝန်ရှိခြင်း၊ သားဆက်ခြားခြင်းနှင့် လိင်ဆက်ဆံ ခြင်းမှ ကူးစက်တတ်သည့် ရောဂါများအကြောင်း သိရှိလိုသည့် အသက် ၁၅ နှစ်မှ ၂၄ နှစ်အတွင်းရှိ အမျိုးသမီးငယ်များ ပြောဆိုဆွေးနွေးနိုင်ရန်အတွက် သီးခြားတယ်လီဖုန်းလိုင်းတခု ပြုလုပ်ပေးထားသည်။

ဖုန်းဆက်လာသူအချို့က အစပိုင်းတွင် ရှက် နေကြသည်ဟု ယောကျာ်းလေးများအတွက် ဖွင့်လှစ် ထားသော ဖုန်းလိုင်းတွင် ပြီးခဲ့သည့်နှစ် ဇူလိုင်လ ကတည်းက တာဝန်ယူပေးနေသော အသက် ၂၆ နှစ်အရွယ် ကိုဇာနည်ဝင်းက ပြောပြသည်။ ဖုန်း ဆက်သူ တနေ့လျှင် ၅ ဦးခန့် ရှိသည်ဟုလည်း သိရ သည်။

“ဘာဖြစ်လို့လဲဆိုတော့ ဒါက လျှို့ဝှက်ပေးရမယ့် ကိစ္စလေ။ သူတို့ ကျနော့်ကို နာမည်ပြောပြဖို့ မလိုဘူး။ ဒါကြောင့် သူတို့ရဲ့ပြဿနာတွေကို အလွယ် တကူပဲ ထုတ်ဖော်ပြောပြကြတယ်” ဟု ကိုဇာနည်ဝင်း က ပြောပြသည်။

သို့သော်လည်း လူအများစုက မိုဘိုင်းဖုန်း ကွန်ရက်ကို သုံးစွဲနိုင်ခြင်းမရှိသည့် မြန်မာနိုင်ငံတွင် တယ်လီဖုန်းဖြင့် ဆွေးနွေး ဖြေကြားပေးခြင်းက အလုံးစုံ ထိရောက်သည့် နည်းလမ်းတခု မဟုတ်ပါ။ ပွင့်လင်းစွာ ဆွေးနွေးရေးအတွက် ကန့်သတ်မှုတွေ ရှိနေသည်။ များသောအားဖြင့် မိဘများက ၄င်းတို့၏ သားသမီးများကို မျိုးဆက်ပွားကျန်းမာရေးနှင့် ပတ်သက်၍ ပြောပြခြင်း မရှိကြပါ။ အမျိုးသမီးအချို့က ရာသီသွေးပေါ်ခြင်းနှင့် ပတ်သက်၍ တကယ်ဖြစ်လာသည့် အချိန်အထိ သိထားခဲ့ခြင်းမရှိကြောင်း ပြောကြသည်။ အစိုးရက ကျောင်းသင်ရိုးညွှန်းတမ်းတွင် လိင်ပညာပေး သင်ခန်းစာများ ပေါင်းစပ်ထည့်သွင်း ရန် ကြိုးစားနေသော်လည်း ဆရာ၊ ဆရာမများက လိင်အကြောင်း သင်ကြားဆွေးနွေးရန် စိုးရိမ်မှုတွေ ရှိနေကြဆဲ ဖြစ်ပါသည်။ လိင်မှုရေးရာ ဗဟုသုတများ ကို ထုတ်ဖော်ဆွေးနွေးခြင်းအားဖြင့် သူတို့၏ ဂုဏ်သိက္ခာကို မေးခွန်းထုတ်စရာ ဖြစ်လာမှာကိုကြောက်ရွံ့ နေကြသည်။

မြန်မာနိုင်ငံသည်လည်း အခြားနိုင်ငံ အများ အပြားမှာကဲ့သို့ပင် အငြင်းပွားဖွယ်ရာ ဖြစ်နေသေး သည့် မေးခွန်းတခုကို ကိုယ့်နည်း ကိုယ်ဟန်ဖြင့် အဖြေရှာနိုင်ဖို့ အားထုတ်နေရသည်။ ဆယ်ကျော် သက်အရွယ်တွင် ကိုယ်ဝန်ဆောင်ခြင်း၊ လိင်ဆက်ဆံ ခြင်းမှ ကူးစက်နိုင်သောရောဂါများနှင့် လိင်အကြမ်း ဖက်မှုများကို ကာကွယ်သည့် နည်းလမ်းတခုအနေဖြင့် ပြည့်စုံပြီး အားလုံးကိုလွှမ်းခြုံနိုင်သော လိင်ပညာပေး ခြင်းကို မည်သို့ ဟန်ချက်မျှတအောင် ပြုလုပ်နိုင်မည် နည်း ဆိုသည့် မေးခွန်းပင်ဖြစ်၏။

အခြား အရှေ့တောင်အာရှ နိုင်ငံများသို့ ကြည့် လိုက်လျှင် မွတ်စလင်အများစုနေထိုင်ရာ အင်ဒိုနီး ရှား နိုင်ငံတွင် ၂၀၁၂ ခုနှစ် အတွင်းက ကျန်းမာရေး ဝန်ကြီး၏ လူငယ်များ ကွန်ဒုံးအသုံးပြုမှု မြှင့်တင်နိုင် ရန် အားထုတ်မှုသည် ဆယ်ကျော်သက်အရွယ် လိင် ဆက်ဆံမှုကို တွန်းအားပေးသလိုဖြစ်မှာ စိုးရိမ်ကြသူ များ၏ လှောင်ပြောင်သရော်မှုခံခဲ့ရသည်။ ပညာရေး ဌာနမှ တာဝန်ရှိသူများက အထက်တန်းကျောင်းသူ များကို အပျို စစ်၊ မစစ် စစ်ဆေးရန် အဆိုပြုခဲ့ခြင်းကို လည်း အစွန်းရောက်လွန်းသည်ဟု ထင်မြင်ခြင်းခံခဲ့ရ သည်။

ဗုဒ္ဓဘာသာဝင် အများစုနေထိုင်ရာ ထိုင်းနိုင်ငံ တွင်မူ လိင်မှုကိစ္စနှင့်ပတ်သက်၍ ပွင့်လင်းမှု ပိုရှိ သည်ဟု ဆိုနိုင်သည်။ သို့သော်လည်း ဆရာ၊ ဆရာမ များသည် သူတို့၏ ကျောင်းသူကျောင်းသားများနှင့် လိင်ကျန်းမာရေးအကြောင်း ပွင့်ပွင့်လင်းလင်း ပြော ဆိုဆွေးနွေးရန် တွန့်ဆုတ်နေကြဆဲ ဖြစ်ကြောင်း မျိုးဆက်ပွားကျန်းမာရေးနှင့် ပတ်သက်၍ လှုပ်ရှားသူများက ပြောကြသည်။

Sex ကိစ္စ တခုတည်း မဟုတ်ပါ

အရှေ့တောင် အာရှနိုင်ငံ အများအပြားမှာ လိုပင် မြန်မာနိုင်ငံတွင်လည်း မိန်းကလေးများသည် သူတို့ လက်ထပ်သည့် အချိန်အထိ အပျိုစင်ဘဝနှင့် ရှိနေဖို့ မျှော်လင့်ကြသည်။ ကွန်ဒုံးများကို စတိုးဆိုင် များတွင် ရရှိနိုင်ပြီး ရန်ကုန်မြို့၏ စည်ကား ရှုပ်ထွေး သည့် လမ်းများဘေးတွင် ရောင်းချနေသည့် ဆိုင် များတွင်ပင် ရရှိနိုင်သော်လည်း အရွယ်ရောက်ပြီးသူ လူငယ်များသည် သူတို့အိတ်ထဲတွင် ကွန်ဒုံးတခု တွေ့သွားလျှင်ပင် လူတကာနှင့် လိင်ဆက်ဆံသည်ဟု ထင်မြင်ခြင်းခံရမှာကို စိုးရွံ့ကြသည်။ ကိုယ့်ဘာသာ စိတ်ဖြေခြင်းကိုလည်း နိုင်ငံတကာ ကျန်းမာရေး ပညာရှင်များက လုံခြုံစိတ်ချရသည့် လိင်ပိုင်းဆိုင်ရာ အလေ့အထတခုအဖြစ် သတ်မှတ်ပြောဆိုကြသော် လည်း ညစ်ညမ်းသော ရှက်ရွံ့စရာကိစ္စတခုအဖြစ် ယူဆကြသည်။ စုံတွဲများသည် လက်ချင်းဆုပ်ကိုင် ထားသည်ကလွဲ၍ လူမြင်ကွင်းတွင် ချစ်ခင်ကြင်နာဟန်ပြသည်ကိုလည်း မြင်ရခဲသည်။ အများပြည်သူ နှင့်ဆိုင်သည့် ပန်းခြံများထဲတွင် အခြားသူများ မမြင်နိုင်အောင် ထီးနှင့်ကွယ်၍ တယောက်ကိုတယောက် ဖက်ထားသည့် စုံတွဲတွေကို ရန်ကုန်မှာ မြင်ရလေ့ရှိသည်။

“ကျမတို့ ဒီအကြောင်းကို ဘယ်တော့မှပြောမှာ မဟုတ်ဘူး၊ နှစ်ဖက်လုံးအတွက် ထုတ်ပြောဖို့ ရှက် စရာ ကောင်းပါတယ်။ နောက်ပြီး ဒါက ကျမတို့ ယဉ်ကျေးမှုပါ” ဟု ရန်ကုန်မြို့မှ အသက် ၂၂ နှစ် အရွယ် ကျောင်းသူ မဖြူပွင့်အောင်က ပြောသည်။

သူ၏ သူငယ်ချင်းဖြစ်သူ မွန်ပြည်နယ်မှ မဖြူဖြူဝင်းသည်လည်း အသက် ၂၂ နှစ်အရွယ်ရှိပြီး ရည်းစားရှိသူလည်း ဖြစ်သည်။ သို့သော်လည်း ကွန်ဒုံးကို ဘယ်လိုအသုံးပြုရမည်ဆိုသည်ကို နားမလည်ကြောင်း ပြောသည်။

“ကျမတို့အနေနဲ့ လက်မထပ်ခင် အပျိုစင် ဘဝကို ထိန်းသိမ်းထားရမယ်။ ဒါ မြန်မာ့ယဉ်ကျေး မှုပါ။ လက်ထပ်တဲ့ အချိန်မှာ အပျိုမဟုတ်ဘူးဆိုရင် သိက္ခာကျမယ်လေ” ဟု မဖြူဖြူဝင်းက ဆိုသည်။

မိဘများနှင့် လိင်အကြောင်း ဆွေးနွေးရန်လည်း အခွင့်အရေးမရှိပါ။ “ဒီလို ရွံစရာကောင်းတဲ့ကိစ္စကို ဘာဖြစ်လို့ ပြောချင်တာလဲလို့ သူတို့က ကျမကို မေးကြလိမ့်မယ်။ ဒီအကြောင်းတွေပြောရတာ မရှက် ဘူးလားလို့ ပြောကြလိမ့်မယ်” ဟု သူကပြောသည်။

၈ တန်းကျောင်းသူ ဘဝတုန်းက ကျောင်းမှာ HIV နှင့် ပတ်သက်၍ သင်ကြားဖူးကြောင်း မဖြူပွင့်အောင်က ပြောသည်။ ပြည်တွင်း NGO တခုက ပြုလုပ်သည့် လိင်ဆက်ဆံမှုကြောင့် ကူးစက်တတ်သည့် ရောဂါများအကြောင်း အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ဖူးသော်လည်း ကြားသိခဲ့ရသည့် လုံခြုံ စိတ်ချရသည့် လိင်ဆက်ဆံမှုနှင့် ပတ်သက်သော အချက်အလက်များကို မဖြူဖြူဝင်း ပြန်မပြောပြနိုင် ပါ။ အိမ်ထောင်ကျပြီးမှသာ မျိုးဆက်ပွား ကျန်းမာရေးနှင့် ပတ်သက်သော အကြောင်းအရာတွေကို အင်တာနက်မှာ ရှာဖွေဖတ်ရှုခြင်းဖြင့်လည်းကောင်း၊ ကျန်းမာရေးပညာပေး စာအုပ်တွေ ဖတ်ခြင်းဖြင့် လည်းကောင်း ကိုယ့်ဘာသာ လေ့လာကြဖို့ သူတို့ စိတ်ကူးထားသည်။

လိင်မှုကိစ္စ အပျော်အပါး လိုက်စားခြင်းမှ ရှောင်ကြဉ်မှုများ ရှိနေသော်လည်း မြန်မာနိုင်ငံသည် ခြောက်ပစ်ကင်းဟု မဆိုနိုင်သည့်နေရာ ဖြစ်ပါသည်။ပြည့်တန်ဆာလုပ်ငန်းသည် မြန်မာနိုင်ငံတွင် တရား ဝင် မဟုတ်သည့်တိုင် ရန်ကုန်လို မြို့ကြီးများတွင် အလွယ်တကူ ရှာတွေ့နိုင်ပါသည်။ ကာမ အားတိုး ဆေးများကိုလည်း မှောင်ခိုဈေးကွက်တွင် ဈေးချိုချို နှင့် ဝယ်ယူလို့ရနေသည်။ တက္ကသိုလ်ကျောင်းများ အနီးတွင် ကျောင်းသားကျောင်းသူ စုံတွဲများအတွက် နာရီပိုင်းနှင့် အခန်းငှားပေးသည့် တည်းခိုခန်းများ ရှိနေသည်။

လိင်ပညာပေးမှု အားနည်းခြင်းကြောင့် နောက် ဆက်တွဲဆိုးကျိုးများစွာ ဖြစ်ခဲ့ရသည်ဟု မျိုးဆက်ပွား ကျန်းမာရေးအတွက် ဆောင်ရွက်နေသူများက ပြော ကြသည်။ ငယ်ရွယ်သူများ လိင်ဆက်ဆံကြောင်း သိရှိပါက ၄င်းတို့၏ဆန္ဒမပါဘဲနှင့် အတင်းလက်ထပ် ပေးစားခြင်းခံရ၏။ မလိုချင်ဘဲ ရှိလာသည့် ကိုယ်ဝန် ကြောင့် ကလေးမမွေးချင်ဘဲ မွေးရသလို အန္တရာယ် များသည့် တရားမဝင် ကိုယ်ဝန်ဖျက်ချမှုတွေလည်း ပေါ်ပေါက်လာရသည်။

အခြားသော စိုးရိမ်စရာ အကြောင်းအရာတခု ဖြစ်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ အလိုမတူ ဘဲ သားမယားပြုကျင့်မှုများအတွက် ရန်ကုန်မြို့မှ အမျိုးသမီးအခွင့်အရေး ဆောင်ရွက်သူတဦး ဖြစ်သည့် မထားထားက ဘတ်စ်ကားပေါ်တွင် အမျိုးသမီးများ မဖွယ်မရာ စော်ကားနှောင့်ယှက်ခံနေရခြင်းကို ဆန့် ကျင်သော လှုပ်ရှားမှုတခု ဆောင်ရွက်နေကြောင်း ပြောသည်။

ငယ်ရွယ်သော မိန်းကလေးများသည် ဖြူစင်စွာ နေထိုင်လိုကြပြီး လိင်ကိစ္စနှင့် ပတ်သက်၍လည်း အလွန်ရိုးရှင်းစွာပင် နားလည်ထားတတ်ကြသည်ဟု မထားထားက ပြောသည်။ အမျိုးသားများမူ လိင် ကိစ္စနှင့် ပတ်သက်၍ အတွေ့အကြုံ လိုချင်ကြပြီး အမျိုးသမီးများသည် ညစ်ညမ်းစာအုပ်များကို ဖတ် လေ့ရှိကြသည်ဟုလည်း သူကဆိုသည်။

မထားထားက “အခရာ”ဟု အမည်ရသည့် အမျိုး သမီးကွန်ရက်တခုကိုဦးဆောင်နေပြီး ယောကျာ်း- မိန်းမ တို့၏ အခန်းကဏ္ဍ၊ ဖိုမ သဘာဝ၊ မျိုးဆက်ပွား ကျန်းမာရေးနှင့် အခြားသော အမျိုးသမီးရေးရာကိစ္စ များကို ဆွေးနွေးရန်အတွက် လစဉ်ပြုလုပ်သည့် ဆွေးနွေးပွဲများတွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် စော်ကားမှု သတင်းများ မှန်မှန်ကြားနေရကြောင်း ပြောပြသည်။ ဆွေးနွေးပွဲများသို့ တက်ရောက်သူ အမျိုးသမီးဦးရေ ပိုများလာပြီး အသက် ၂၀ ကျော် အရွယ်မှ အသက် ၅၀ ကျော် အရွယ်များအထိ ပါဝင်ကြောင်း သိရသည်။

“အိမ်ဖော်အမျိုးသမီးတွေကနေပြီးတော့ ကုမ္ပဏီ ဒါရိုက်တာတွေအထိ ပါဝင်ပါတယ်” ဟု မထားထား က ဆိုသည်။

အမျိုးသမီး ကွန်ရက်ကို မတည်ထောင်မီက မြန်မာနိုင်ငံတွင် HIV ကာကွယ်ရေးနှင့် ကုသရေး လုပ်ငန်းများ လုပ်ဆောင်နေသော နိုင်ငံတကာ NGO တခုဖြစ်သည့် Burnet Institute တွင် ဖိုမ သဘာဝနဲ့ပတ်သက်၍ လေ့ကျင့် သင်တန်းပေးသူ အဖြစ် လုပ်ခဲ့ပါသည်။ လုပ်ခဲ့သော်လည်း ထိုအချိန် က ဖိုမ သဘာဝနှင့် ပတ်သက်သော သူ၏သိနား လည်မှုသည် အကန့်အသတ်နှင့်သာ ဖြစ်သည်။

“ကွန်ဒုံးတွေအသုံးပြုဖို့ အရေးကြီးတယ်ဆိုတာ ကျမတို့သိတယ်။ ဒါပေမယ့် မသုံးချင်တဲ့သူအတွက် ဘာဆက်ပြောမလဲ။ ပြောဆိုဆွေးနွေးမှုက အမြဲတမ်း ရပ်သွားရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့မသိ ဘူး။ ဒါမှမဟုတ် လိင်ကိစ္စရဲ့ သာယာမှုအကြောင်း ကို မပြောချင်ကြဘူး။ ကျမတို့ကို လိင်ပိုင်းဆိုင်ရာ ဆက်သွယ်ချက်နဲ့ အမျိုးသမီးတို့ရဲ့ လိင်သဘာဝကို ဆွေးနွေးဖို့အတွက် လေ့ကျင့်ပေးမထားဘူး” ဟု မထားထားက ပြောသည်။

၂၀ဝ၈ ခုနှစ်တွင် အစ္စရေးနိုင်ငံမှ ရောက်လာ သော လိင်မှုဆိုင်ရာ ကုထုံးပညာရှင်တယောက်ထံ တွင် သူ၏ မိတ်ဆွေများနှင့်အတူ အမျိုးသမီး လိင် သဘာဝနှင့် မျိုးဆက်ပွား ကျန်းမာရေးအကြောင်း သင်ကြားခွင့်ရခဲ့ပြီးနောက် သူ၏ အသိုင်းအဝိုင်း အတွင်းမှ အခြားသူများကိုလည်း ပညာပေးဖို့ မထားထား ဆုံးဖြတ်လိုက်သည်။

ယနေ့အချိန်တွင် သူက ကျောင်းများတွင် ဖြစ် နိုင်လျှင် သူငယ်တန်းအဆင့်ကစတင်ပြီး လိင်ပညာ ပေး သင်ခန်းစာများ ကျယ်ကျယ်ပြန့်ပြန့် သင်ကြား ပေးဖို့ တောင်းဆိုနေသည်။

“လိင်ပညာပေး သင်ခန်းစာတွေက မြန်မာ့ ယဉ်ကျေးမှုနဲ့ ဆန့်ကျင်တယ်လို့ လူတွေကပြောကြ တယ်။ အဲဒါ သူတို့ နားမလည်လို့ ပြောကြတာပါ။ သူတို့က လိင်ပညာပေးသင်ခန်းစာ ဆိုတာ လိင် ဆက်ဆံတဲ့အကြောင်းလို့ ယူဆကြတယ်။ ဒါ မဟုတ် ပါဘူး။ ကျမတို့ရဲ့ ကိုယ်ခန္ဓာအင်္ဂါရပ်တွေအကြောင်း ပါ။ ကျမတို့ စက္ကန့်တိုင်း အသုံးပြုနေရတဲ့ ကိုယ်ခန္ဓာ အကြောင်းပါ။ သူတို့ ဘယ်လိုအလုပ်လုပ်တယ်။ ဘယ်လို ဂရုစိုက်ထိန်းသိမ်းရမယ်ဆိုတာကိုနားလည် ဖို့ လိုအပ်ပါတယ်” ဟု မထားထားက ဆိုသည်။

ကိုယ့်ရဲ့ ကိုယ်ခန္ဓာအကြောင်းကို သိတာဟာ ယဉ်ကျေးမှုကို ဆန့်ကျင်တာမဟုတ်ပါဘူး” ဟုလည်း သူကပြောသည်။

ဘယ်လိုပဲ ခေါ်ခေါ်

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ လိင်ပညာပေး ခြင်းကို HIV ကာကွယ်ရေး ခေါင်းစဉ်အောက်တွင် ကျယ်ပြန့်စွာ မြှင့်တင်ဆောင်ရွက်နေသည်။ AIDS ရောဂါသည် ပြည်သူ့ကျန်းမာရေးအတွက် အဓိက အလေးထားရမည့် အရာဖြစ်နေပြီး လိုအပ်သည့် ထောက်ပံ့မှု အရင်းအမြစ် အားနည်းမှုကြောင့် ရောဂါပိုးရှိနေသူ အများစုသည် ကုသမှုခံယူနိုင်ခြင်း မရှိပေ။

မြန်မာနိုင်ငံတွင် HIV ပိုးရှိနေသူ ၂ သိန်းခန့် ရှိပြီး ၂၀၁၂ ခုနှစ်ကုန်ပိုင်းလောက်အထိ ゞင်းတို့ထဲမှ တဝက်ကျော်သည် သူတို့ အတွက်လိုအပ်နေသော ART ကုထုံးဖြင့် ကုသမှုခံယူနိုင်ခြင်းမရှိခဲ့ပါ။

“HIV ကြောင့် လုံခြုံစိတ်ချရတဲ့ လိင်ဆက်ဆံ မှုအကြောင်း ကျနော်တို့ ပြောခွင့်ရတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ပဲ ပြောခွင့်ရသလိုပါပဲ” ဟု မြန်မာနိုင်ငံ တွင် မိသားစုစီမံကိန်းကို ဦးတည်ရင်း လိင်နှင့် မျိုး ဆက်ပွားကျန်းမာရေးစောင့်ရှောက်မှုများ ပူးပေါင်း ဆောင်ရွက်ပေးနေသော အဖွဲ့အစည်းတခု ဖြစ်သည့် Marie stopes International မှ Country Director ဒေါက်တာ စစ်နိုင်ကပြောသည်။

“မြန်မာနိုင်ငံမှာတော့ သားဆက်ခြားတယ်လို့ ခေါ်ကြတယ်။ တကယ်တော့ ပဋိသန္ဓေ တားတာ ပါပဲ”

“မျိုးဆက်ပွား ကျန်းမာရေးကို တမျိုးသားလုံးနဲ့ ဆိုင်တဲ့အရေးလို့ အများစုက မမြင်ကြဘူး။ ဒါပေမယ့် တာဝန်ရှိသူတွေ၊ အုပ်ချုပ်ရေးပိုင်းက ကျန်းမာရေး ဌာနက တာဝန်ရှိသူတွေ၊ ဒေသခံခေါင်းဆောင်တွေ၊ ဩဇာရှိသူတွေ ဒါမှမဟုတ် ဘာသာရေး ခေါင်း ဆောင်တွေ သူတို့တွေကတော့ HIV ကာကွယ်တား ဆီးရေးအကြောင်း သိတဲ့အချိန်မှာ ထောက်ခံ ကူညီ ရမယ်လို့ သူတို့ယုံကြည်ကြပါတယ်” သူက ထပ်ပြော သည်။

မြန်မာနိုင်ငံတွင် ကျန်းမာရေး ဝန်ကြီးဌာနက ကျောင်းများအတွက် လိင်ပညာပေး သင်ခန်းစာ သင်ရိုးညွှန်းတမ်းတခု ရေးဆွဲထားပြီး ဖြစ်ကြောင်း လည်း ဒေါက်တာစစ်နိုင်က ပြောသည်။

“လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က စပြီးတော့ အခြေခံကျတဲ့ လိင်နဲ့ပတ်သက်တဲ့ ကျန်းမာရေးနဲ့ HIV တားဆီးကာကွယ်ရေးဆိုင်ရာ အချက်အလက် တွေကို သင်ရိုးညွှန်းတမ်းထဲမှာ အောင်မြင်စွာ ပေါင်းစပ်ထည့်သွင်းခဲ့ပါတယ်။ ဒါပေမယ့် မြန်မာ နိုင်ငံမှာ ကျောင်းက ဆရာအများစုက အမျိုးသမီး တွေ ဖြစ်နေတဲ့အတွက် လုံခြုံစိတ်ချရတဲ့ လိင်ဆက် ဆံရေးနဲ့ အခြေခံ လိင်ပညာပေးသင်ခန်းစာတွေ အကြောင်းကို ပြောဆိုသင်ကြားဖို့အတွက် ယုံကြည်မှု တည်ဆောက်နိုင်စွမ်း မရှိကြဘူး။ သူတို့ မဝံ့မရဲ ဖြစ်နေကြတယ်။ လိင်အကြောင်းတွေ သူတို့က ပြောမယ်ဆိုရင် တပည့်တွေက မလေးစားတော့မှာကို သူတို့ အကြောက်ဆုံးပဲ” ဟု သူကဆက်ပြောသည်။

လိင်ပညာပေး သင်ခန်းစာကို အသက် ၁၀ နှစ် မှ ၁၆ နှစ်ကြားရှိ အလယ်တန်းအဆင့် ကျောင်းသား ဘဝတွင် သင်ကြားပေးပြီး လူမှုရေး ကျွမ်းကျင်မှု၊ ရောဂါ ကာကွယ်ရေးအတွက် စိတ်ခံစားမှုဆိုင်ရာ အသိအမြင်၊ လိင်ဆက်ဆံမှုကြောင့် ကူးစက်တတ် သည့်ရောဂါများ၊ မျိုးဆက်ပွား ကျန်းမာရေးနှင့် မူးယစ်ဆေးဝါးသုံးစွဲမှု စသည့် ခေါင်းစဉ်များ ပါဝင် သည်။ ၂၀ဝ၆ ခုနှစ်နှင့် ၂၀၁၁ ခုနှစ်များတွင် သင်ရိုး ကို အသစ်ပြန်လည်ရေးဆွဲခဲ့ပြီး နှစ်ကုန်၍ အတန်း တင် စာမေးပွဲဖြေဆိုသည့်အခါ အဆိုပါဘာသာရပ် ကို ထည့်သွင်းဖြေဆိုရန် မလိုအပ်ကြောင်းလည်း သိရသည်။

မျိုးဆက်ပွားနှင့် လိင်ကျန်းမာရေးကို ၅ တန်း တွင် စတင်သင်ကြားပြီး အရွယ်ရောက်လာသည့် အချိန်တွင် ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုနှင့် စိတ်ပိုင်းဆိုင် ရာပြောင်းလဲလာမှုနှင့် ပတ်သက်သည့် သင်ခန်းစာ များ ဖြစ်သည်။ HIV ကူးစက်ပျံ့နှံ့မှုကိုလည်း ထို အချိန်တွင် ကျောင်းသားများ စတင်လေ့လာရသည် ဟု ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ သင်ရိုး အတွက် ကူညီပေးနေသော Unicef အဖွဲ့၏ အဆို အရ သိရသည်။ ၆ တန်းရောက်သည့်အခါ ကျောင်း သား ကျောင်းသူများကို ယောကျာ်းလေးနှင့် မိန်း ကလေးတို့၏ အသက်အရွယ်အရ မည်သို့ဆက်ဆံ နေထိုင်ရမည်ကို စဉ်းစားဆုံးဖြတ်တတ်အောင် သင် ကြားသည်။ ၉ တန်းနှင့် ၁၀ တန်း အရွယ်ရောက် သည့်အခါ မမျှော်လင့်ဘဲ ကိုယ်ဝန်ဆောင်ရခြင်းနှင့် လိင်ဆက်ဆံမှုကြောင့် ကူးစက်သည့် ရောဂါများကို မည်သို့ ကာကွယ်ရမည် ဖြစ်ကြောင်းနှင့် အပျော် အပါး လိုက်စားခြင်းကို ရှောင်ရှားခြင်းသည် အထိ ရောက်ဆုံး နည်းလမ်းဖြစ်ကြောင်း သင်ကြားသည်။ ကိုယ်ဝန်ရှိခြင်း၊HIV နှင့် အခြား လိင်ဆက်ဆံမှု ကြောင့် ကူးစက်နိုင်သည့်ရောဂါများကို ကာကွယ်ရာ တွင် ကွန်ဒုံးအသုံးပြုခြင်းက အထိရောက်ဆုံး ဖြစ် ကြောင်းကိုလည်း သူတို့ သင်ကြားကြရသည်။

“အရင်တုန်းက မြန်မာနိုင်ငံမှာ မျိုးဆက်ပွားနဲ့ လိင်ကျန်းမာရေးအကြောင်း ပြောတာကို ရှောင်ကြ တယ်။ ဆရာ၊ ဆရာမ တွေလည်း ကလေးငယ်တွေနဲ့ ဆယ်ကျော်သက်တွေကို ဒီလို အရမ်းအရေးကြီးတဲ့ အကြောင်းအရာတွေကို သိနားလည်ဖို့ ကူညီတဲ့ နေရာမှာ အခက်အခဲတွေ တွေ့ခဲ့ကြရပါတယ်။ ခုချိန် မှာတော့ ပြုပြင်ပြောင်းလဲရေးရဲ့ အစိတ်အပိုင်းတရပ် အနေနဲ့ မြန်မာနိုင်ငံက ကလေးငယ်တွေရဲ့ ကျန်းမာ ရေးနဲ့ ဘဝပျော်ရွှင်မှုကို ဆိုးဆိုးရွားရွား ထိခိုက် စေပြီးတော့ အရွယ်ရောက်ပြီးချိန်အထိ မကောင်းတဲ့ သက်ရောက်မှုတွေ ဆက်ပြီး ကျန်နေစေနိုင်တဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်လို့ ပွင့်ပွင့်လင်း လင်းပြောဖို့ အခွင့်အရေးတွေရှိလာပါပြီ”ဟု ရန်ကုန် မြို့မှ Unicef ဌာနေကိုယ်စားလှယ် Bertrand Bainvel က ပြောသည်။

ထိုကဲ့သို့သော အကြောင်းအရာများကို တိတ် တိတ် ဆိတ်ဆိတ် လုပ်ဆောင်နိုင်သော နည်းလမ်း တခုမှာ ကိုယ်တိုင်လေ့လာသင်ယူနိုင်သည့် စာအုပ် များ စီစဉ်ပေးဖို့ဖြစ်ပြီး မျိုးဆက်ပွားနှင့် လိင်ကျန်းမာ ရေးဆိုင်ရာ ကဏ္ဍများကို ကျောင်းသားများ ကိုယ့် ဘာသာ လေ့လာနိုင်ကြမည်ဖြစ်သည်ဟုလည်း သူက ဆိုသည်။

မြန်မာအစိုးရကလည်း ပညာရေးစနစ်ကို ပြုပြင် ပြောင်းလဲရေး၏ အရေးပါသည့်အစိတ်အပိုင်းအဖြစ် ဖော်ထုတ် ပြသနိုင်ရန်အတွက် ပညာရေးဆိုင်ရာ ဥပဒေများကို စဉ်းစားသုံးသပ်နေပြီး ၂ နှစ်ကြာ ပြန်လည်လေ့လာခြင်း ပြုလုပ်ခဲ့သည်။

ကျောင်းပြင်ပမှ လူငယ်များအတွက် မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ ပညာပေးရန် အားထုတ် နေမှုများလည်း ရှိပါသည်။ တယ်လီဖုန်းမှ ဆွေးနွေး ပညာပေးခြင်းလုပ်ငန်းကို မြန်မာနိုင်ငံ ဆရာဝန်များ အသင်း တခုတည်းကသာမကဘဲ အစိုးရဌာနတခု ဖြစ်သည့် ဆေးသုတေသနဦးစီးဌာန၊ ကုလသမဂ္ဂမှ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် နိုင်ငံတကာ အဖွဲ့အစည်း များဖြစ်သည့် Population Services International နှင့် Marie stopes International တို့က လည်း ဆောင်ရွက်ပေးနေသည့်အပြင် အသံလွှင့် ဌာနတခုဖြစ်သည့် Shwe FM ကလည်း လူငယ်ဆိုင် ရာ အရေးကိစ္စများဖြစ်သည့် မမျှော်လင့်ဘဲ ကိုယ်ဝန် ဆောင်ရခြင်း၊ HIV၊ မိသားစုစီမံကိန်း၊ ဆယ်ကျော် သက် ကျန်းမာရေးနှင့် မိသားစု ပြဿနာများနှင့် ပတ်သက်သော အစီအစဉ်များ ထုတ်လွှင့်ပေးနေ သည်။ အပတ်စဉ်အစီအစဉ်ကို ကုလသမဂ္ဂ လူဦး ရေ ရန်ပုံငွေအဖွဲ့မှ ထောက်ပံ့ပေးနေပြီး မြန်မာနိုင်ငံ ဆရာဝန်များအသင်း၏ တယ်လီဖုန်းဖြင့် ဆွေးနွေး ခြင်း အစီအစဉ်ကိုလည်း အဆိုပါအဖွဲ့ကပင် ကူညီ ပေးနေသည်။

HIV ကာကွယ်ရေးအတွက် အခြား နိုင်ငံ တကာမှ ငွေကြေးထောက်ပံ့မှုများလည်း မြန်မာနိုင်ငံ ရရှိနေသည်။ ပြီးခဲ့သည့်အတွင်းက မြန်မာနိုင်ငံတွင် အမျိုးသမီးများကို ပဋိသန္ဓေတားဆီးရေးနှင့် မိသားစု စီမံကိန်းအကြောင်း ပညာပေးရန်နှင့် HIV ဗိုင်းရပ် ကူးစက်ခံထားရသူများကို ကူညီရန် ဒိန်းမတ်နိုင်ငံ၏ထောက်ပံ့မှုဖြင့် တည်ထောင်သည့် ဆေးခန်းတခုကို ဒိန်းမတ် တော်ဝင်မင်းသမီးက ဖွင့်လှစ်ပေးခဲ့သည်။

လူ့အဖွဲ့အစည်း အခြေပြုအဖွဲ့တခုဖြစ်သော Girl Determined ကလည်း မြို့ပြအစွန် ဒေသများ တွင် နေထိုင်ကြသည့် သက်တူ ရွယ်တူတန်း ငယ် ရွယ်သူ မိန်းကလေးများကို အဖွဲ့ဖွဲ့၍ မျိုးဆက်ပွား ကျန်းမာရေးအကြောင်း ပညာပေးခြင်းကို စတင် ဆောင်ရွက်နေသည်။ ရန်ကုန်၊ မန္တလေး ဆင်ခြေဖုံး ဒေသများနှင့် မြန်မာနိုင်ငံမြောက်ပိုင်းရှိ စစ်ကိုင်းနှင့် မုံရွာမြို့များမှ အသက် ၁၂ နှစ်မှ ၁၇ အရွယ်ကြား မိန်းကလေး ၁၃၀ဝ ကျော် ပါဝင်ခဲ့သည်ဟုလည်း သိရသည်။

“ခုချိန်မှာတော့ အရွယ်ရောက်လာတဲ့ အချိန် မှာ အရေးပါတဲ့အကြောင်းအရာတွေကိုပဲ အဓိက ထားပါတယ်။ လိင်ကိစ္စကို မပြောသေးဘူး။ ကျမတို့ သင်ခန်းစာတွေကို ပြင်ဆင်တုန်းပဲ ရှိပါသေးတယ်။ ကွန်ဒုံးကို ဘယ်လိုအသုံးပြုရမယ်ဆိုတာမျိုး မိန်းက လေးတွေကို သိပ်မပြောဘူး။ လိင်ကိစ္စကို ပွင့်ပွင့် လင်းလင်းပြောဖို့က ခက်တယ်။ လူတွေ၊ ဆယ်ကျော် သက် မိန်းကလေးတွေ၊ အသက်အရွယ်ငယ်တဲ့ မိန်းမ တွေ၊ သူတို့မှာ လိင်မှုကိစ္စရှိပေမယ့် ထုတ်မပြောကြ ဘူး။ မမျှော်လင့်ဘဲ ကိုယ်ဝန်ရှိလာခြင်းမျိုးနဲ့ လိင် ပိုင်းဆိုင်ရာ အကြမ်းဖက်စော်ကားတာတွေကို ကာ ကွယ်တားဆီးနိုင်ဖို့ သူတို့ ဒါတွေသိဖို့ လိုပါတယ်” ဟု မိန်းကလေးအဖွဲ့များကို ကူညီဆောင်ရွက်ပေးနေ သော Girl Determined အဖွဲ့မှ နန့်သဇင်မင်းက ပြောသည်။

အချို့သော ငယ်ရွယ်သည့် မိန်းကလေးများက အလျင်စလိုသင်ယူဖို့ စိတ်ကူးမရှိကြောင်းပြောသည်။ “ခုချိန်မှာ ဒီထက်ပိုပြီး သိသင့်တယ်လို့တော့ ကျမ မထင်ပါဘူး။ တနေ့နေ့တော့ သိဖို့လိုလာမှာပေါ့လေ။ ဒါပေမယ့် ခုထိတော့ ဒီအကြောင်းကို တခါမှ မစဉ်း စားဖူးဘူး” ဟု ရန်ကုန်မြို့မှ အသက် ၂၂ နှစ် အရွယ် ကျောင်းသူ မဖြူဖြူဝင်းက ပြောသည်။

မိနစ်အနည်းငယ် ကြာသည့်အခါ သူ စိတ် ပြောင်းသွားပြန်သည်။ “ဒါက ရှောင်လွှဲလို့လည်း မရဘူးဆိုတော့။ ကလေးတွေ ဘယ်လိုဖြစ်လာသလဲ။ ကျမတို့ ဘာတွေဖြစ်သလဲ။ ကျမတို့ မရှောင်နိုင်ဘူး ဆိုတော့ သိထားသင့်တာပေါ့နော်” ဟု မဖြူဖြူဝင်းက ပြောသည်။
From: ဧရာဝတီ

မူရင်း--ဘလော့သို့

Sunday, April 5, 2015

“ဒို့မြန်ပြည် မညီညွတ်ရင်ဖြင့်"

အရှင် နာယက's photo.
အရှင် နာယက's photo.
အရှင် နာယက's photo.
အရှင် နာယက's photo.
အရှင် နာယက's photo.


“ဒို့မြန်ပြည် မညီညွတ်ရင်ဖြင့်"
ကမ္ဘာပေါ်တွင် ကြောက်စရာအကောင်းဆုံး မူဆလင်အစွန်းရောက် အကြမ်းဖက်အဖွဲ့တစ်ဖွဲ့ဖြစ်သည့် အယ်လ်ကေးဒါး အဖွဲ့ကြီးသည် မြန်မာပြည်ကို ဂျီဟတ်စစ်ဆင်နွဲမည်ဟု ၂၀၁၁ ခုနှစ်က အမေရိကန်တို့၏ လက်ချက်ဖြင့်သေဆုံးခဲ့သည် အကြမ်းဖက်ခေါင်းဆောင် အိုစမာဘင်လာဒင် ၏ အရိုက်အရာကိုဆက်ခံထားသည့် လက်ရှိအယ်လ်ကေးဒါးခေါင်းဆောင်း အေမင်အယ်လ် ဇာဝါဟီရီက ၅၅-မီးနစ်ကြာ ဗီဒီယိုရုပ်သံမှတဆင့် ခြိမ်းခြောက်အသိပေးလိုက်ကြောင်းကို ကမ္ဘာမီဒီယာများမှတဆင့် ကြားသိရသည်။


၎င်းခြိမ်းခြောက်မှုသည် မြန်မာပြည်အတွက် လွန်စွာအန္တရာယ်များသော အကျိုးဆက် ဆိုးကျိုးများရှိလာနိုင်ပါသည်။ အယ်လ်ကေးဒါအဖွဲ့သည် ကမ္ဘာ့အင်းအားကြီး စူပါဝါ၀ါနိုင်ငံဖြစ်တဲ့ အမေရိကန်ကိုပင် မျက်ဖြူဆိုက်သွားစေတဲ့အထိ အဖျက်အမှောင့်တွင်အစွမ်းထက်သော
အကြမ်းဖက်အဖွဲ့အစည်းတခုဖြစ်ပါသည်။ ယခုထိတိုင် အမေရိကန်၊အင်္ဂလန်၊ပြင်သစ်စ တဲ့ နိုင်ငံကြီးများကို ကောင်းကောင်းဒုက္ခပေးနိုင်သော အဖွဲ့လည်းဖြစ်ပါသည်။ ၄င်းတို့၏ အဖွဲ့ခွဲများ အကြမ်းဖက်ကွန်ရက်များသည် အရှေ့အလယ်ပိုင်းမှစ၍ အမေရိက၊ဥရောပနှင့် အာရှတိုက်များအထိပါ ကျယ်ကျယ်ပြန့်ပြန့် အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်လျှက်ရှိပါသည်။
ယနေ့မျက်မှောက်အချိန်မှာ အမေရိကန်အပါအ၀င် ကမ္ဘာနိုင်ငံတွေကိုစိန်ခေါ်သော အီရတ်နှင့် ဆီဒီယားတွင်ခြေကုတ်ယူတိုက်ခိုက်နေသော အစ္စလာမ်မစ် နိုင်ငံတော် (IS) အဖွဲ့သည်ပင် အယ်လ်ကေဒါ အဖွဲ့ကြီး၏ အဖရိက နှင့် အာရေဗျကျွန်းဆယ် အဖွဲဖွဲမျှသာဖြစ်သည်ကို ထောက်ရှုသောအားဖြင့် ဗဟိုအဖွဲ့ကြီးဖြစ်သည့် အယ်လ်ကေးဒါ အဖွဲ့ဆိုလျှင် မည်မျှအထိအန္တရာယ်ရှိကြောင်းကို သိနိုင်ပေသည်။
ထို့လောက်အထိ ဖျက်အားပြင်းသည့် အန္တရယ်အဖွဲ့အစည်း၏ရန်မှ မိမိနိုင်ငံ၊ မိမိလူမျိုးကိုကာကွယ်ရန်အတွက် အစိုးရတစ်ဖွဲ့တည်းသာ တာဝန်ရှိမဟုတ်ပေ၊ နိုင်ငံရေး ပါတီများ၊အဖွဲ့အစည်းအားလုံးနှင့် ပြည်သူတဦးးချင်းစီ၌ တာဝန်ကိုယ်စီရှိကြပါသည်။ အဓိကတာဝန်ရှိသူ အာဏာပိုင်အဖွဲ့အစည်းများအနေဖြင့် ရှေးယခင်ကကဲ့သို့ ငွေရှင်မူဆလင်တို့ထံမှ ငွေကြေးများကို ယူ၍ ကိုယ့်အမျိုး၊ကိုယ့်နိုင်ငံ၊ ကိုယ့်ဘာသာ၊ကိုယ့်သာသနာကို ငွေနှင့် လဲလှယ်ရောင်းသလိုမျိုး မပြုလုပ်ရန် အထူးလိုအပ်လှပါသည်။ နိုင်ငံရေးပါတီများအနေဖြင့်လည်း ယခုလိုနိုင်ငံတော်လုံခြုံရေးနှင့် အမျိုးဘာသာ၊သာသနာ၏ အနာဂတ်ကို ခြိမ်ခြောက်ရန်ပြုခံရမှုကို ပါတီနိုင်ငံရေးများနှင့် မရောထွေးစေပဲ အမျိုးသားနိုင်ငံရေးပါတီများပီပီ မှန်ကန်သော ဆုံးဖြတ်များချမှတ်၍ အစိုးရ၊ပြည်သူတို့နှင့်လက်တွဲ၍ ကိုယ့်နိုင်ငံ၏ ပြည်သူများ ဘေးအန္တရာယ်ကင်းဝေစွာနေနိုင်စေရန် ဂျီဟတ်စစ်ဆင်လိုသူ အစွန်းရောက်အကြမ်းဖက်တို့ကို ကာကွယ်ပေးခြင်းဖြင့် တကယ့်အစစ်အမှန်နိုင်ငံေ ရးကို ပြုလို့ဖို့လိုအပ်ပါသည်။
၂၀၁၂-ခုနှစ်နောက်ပိုင်းတွင် ပြည်တွင်း၌မူဆလင်များဆူပူမှု၏ အကြောင်းရင်းဖြစ်သည့် ပြည် ပရောက် ရိုဟင်ဂျာဆိုသူများ၏ မြန်မာပြည်တွင်း၌အကြမ်းဖက်ပြဿနာရှာရန် အစည်းအဝေပြုလုပ်နေသည့် အထောက်အထားများ၊RSO ခေါ် ရိုးဟင်ဂျာသွေးစည်းညီညွှတ်ရေးတတ်ဖွဲ့ဆိုသူများ ၏ မြန်မာနိုင်ငံအပေါ်ခြိမ်းခြောက်မှုများနှင့် ရိုဟင်ဂျာတိုင်းပြည်ထူထောင်ရန်တရားဝင် ကြေညာထားသည့် ဘင်္ဂါလီခေါင်းဆောင် ဂျလာလာနီ၊ ၀ါကာဟူဒင်တို့၏ ပြည်တွင်းမှ မူဆလင်တို့ကို မြန်မာပြည်တွင်း၌ ပြဿရှာရန် ထိုသို့ပြဿနာဖြစ်က ဒေါ်လာစားမီဒီယာနှင့် လောက်ကောင်အဖွဲ့အစည်းအားကိုးဖြင့် ကမ္ဘာ့နိုင်ငံများသို့ မြန်မာပြည်သူများမှ မူဆလင်တို့အား အနိုင်ကျင့်နေသယောင် လုပ်ကြံဝါဒဖြန့်ရန် လုပ်ဆောင်နေမှုအထောက်အထားများ၊ ဗလီများတွင် လက်နက်အများအပြားတွေ့ရှိနေခြင်းစသည့် အကြမ်းဖက်ရန်လုပ်ဆောင်နေကြောင်းအထောက်အထားခိုင်ခိုင်လုံလုံရှိနေသည်ကိုပင် လျစ်လျူရှုပြီ၊ အမျိုးသားလုံခြုံရေးနှင့် ပါတီနိုင်ငံရေးကို မခွဲခြားပဲ ရောထွေးကာ အာဏာပိုင်အစိုးရကိုသာ အခွင့်ရခိုက် တိုက်ခိုက်လိုသဖြင့် အမြင်ကျဉ်းမြောင်းစွာ ပြောဆိုမှုများကြောင့် တရားခံအစစ် အကြမ်းဖက်သူ ပြဿနာရှာလို သူ မူဆလင်တစ်စုမှာ မြန်မာ့နိုင်ငံရေးပါတီအချင်းချင်း တဖက်နှင့်တဖက် အကောက်ကြံနေမှုများကြောင့် ၎င်းတို့အပြစ်လုပ်ပါတော့လည်း အပြစ်ကလွှတ်ကင်းခွင့်ရနေသကဲ့သို့ဖြစစ်၍ ထင်တိုင်းပြဿနာရှာခွင့်ရသကဲ့ သို့ ဖြစ်နေပါသည်။
မိမိသည် ပြည်ပနိုင်ငံတွင် ပညာတော်သင်ကြားနေသော ရဟန်းတော်တပါးဖြစ်သည့်အလျှောက်
တခြားသော နိုင်ငံကြီး၊နိုင်ငံသေး၊နိုင်ငံလတ်တို့၏ သဘောသွားများကို လက်လှမ်းမှီသလောက်လေ့လာကြည့်မိပါသည်။ ကမ္ဘာ့နိုင်ငံအတော်များများမှာ သူတို့ ပြည်တွင်းပါတီအချင်းချင်း မည်မျှပင် နိုင်ငံရေးအရ သဘောထားကွဲလွှဲမှုရှိပင်ရှိငြားသော်လည်း
သူတို့၏ နိုင်ငံ၊သူတို့၏လူမျိုးအတွက်ဆိုရင် လေသံကတစ်သံတည်းပင်ညီညွှတ်စွာထွက်လေ့ရှိသည်ကို အားကျလေးစားဖွယ် တွေ့ရှိရပါသည်။
မူဆလင်တို့၏ ဘာသာရေး၊လူမျိုး နယ်ချဲ့မှုကြောင့်ဖြစ်ပေါ်နေသည့် ပဋိပက္ခများသည် မြန်မာပြည်တွင်သာမဟုတ်ပဲ တပြည်လုံးအတိုင်းအတာနဲ့ ဖြစ်ပေါ်နေခြင်းဖြစ်သည်။ ပဋိပက္ခတိုင်း ပြဿနာတိုင်းတွင် မူဆလင်ဆိုးတို့ကစသည်သာဖြစ်သည်။ပြည်တွင်း၌လည်း ပြည် ပဘင်္ဂလီအဖွဲ့အစည်းနှင့် ဒေါ်လာစားဘင်္ဂလီသြဇာခံတို့ မြောက်ပင့်ပေးမှု သွေးထိုးပေးမှု၊ စေခိုင်းမှုများကြောင့်သာ မူဆလင်များဘက်ကစတင်၍ ပဋိပက္ခမီးစတင်မွေးကြသည်သာဖြစ်ပါသည်။
ထိုသို့ မူဆလင်တို့ရန်ပြဿနာရှာသဖြင့် ပဋိပက္ခဖြစ်ပွားသည့်အခါတိုင်း နိုင်ငံရေးပါတီကြီးတခုအနေနဲ့ ဒါဟာအစိုးရလုပ်တာဖြစ်တယ်၊ အစိုးရလှည့်ကွက်ပါစသည်ဖြင့် ပဋိပက္ခကိုခုတုံးလုပ်၍ နိုင်ငံရေးအရ အမြတ်ထုတ်ခြင်းမှာ အကြမ်းဖက်သူပြဿနာရှာသူတို့ကို အကာအကွယ်ပေးရာရောက်သလို၊ နိုင်ငံတော်ကို သစ္စာဖောက်ရာကျပြီး၊ သူခိုးဓါးရိုးကမ်းခြင်းပြုလုပ်သကဲ့သို့ဖြစ်နေပါသည်။ မူဆလင်နှင့် ပဋိပက္ခဖြစ်သည့်အခါတိုင်းသာ အစိုးရလုပ်သည်ဟုဆိုပါက တစ်ကမ္ဘာလုံးဖြစ်ပွားနေသည့် မူဆလင်ပဋိပက္ခတိုင်းတွင် မြန်မာအစိုးရပြုလုပ်သည်ဟု အဓိပ္ပါယ်သက်ရောက်စရာရှိပါသည်။
အကယ်၍ အစိုးရက အမှန်တကယ်ပြုလုပ်သည်ဆိုပါက အချက်အလက်အထောက်အထားခိုင်လုံစွာဖြင့် ပြည့်သူနှင့် ကမ္ဘာကိုချပြ၍ မိမိအာဏာမြဲရေးအတွက် တိုင်းပြည်နှင့် လူမျိုး၊ဘာသာ၊သာသနာကို ထိုးကျွေးသည့် ကောက်ကျစ်ယုတ်မာသည့် အစိုးရကို အပြုတ်တိုက်ထိုက်ရမှာဖြစ်ပါသည်။
ထို့သို့မဟုတ်ပဲ အမျိုးသားရေးကို ပါတီနိုင်ငံရေးနှင့် ရောထွေးကာ ပါတီအချင်းချင်း အမြီးကျက်အမြီးစား ခေါင်းကျက်ခေါင်းစားလုပ်နေကြပြီး တဖက်နှင့်တဖက် အာဏာစားမာန်ခုတ်နေကြမည်ဆိုပါက ပြည်သူများများ မြေဇာပင်ဘ၀ရောက်နေသည်ကို သတိမူသင့်ကြပါသည်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးလုပ်ပါက မြန်မာနိုင်ငံ၏အရေးကိစ္စသာလျှင် ဦးစားပေးဆောင်ရွက်ရမည်ဖြစ်သည်။
အမေရိကန်နိုင်ငံရေးသမားများသည်လည်း ၎င်းတို့နိုင်ငံရေးလုပ်သည့်အခါ ၄င်းတို့နိုင်ငံ၏ အရေးကိစ္စ၊အကျိုးစီးပွားကိုသာ ဦးစားပေဆောင်ရွက်မည်မှာ ဓမ္မတာပင်ဖြစ်ပါသည်။ ထို့သို့ပြုလုပ်ခြင်းသည် တရားနည်းလမ်းကျသလို လက်ခံနိုင်သော အရာပင်ဖြစ်သည် ။ ထို့သို့မဟုတ်ပဲ မြန်မာ့နိုင်ငံရေး အမည်တတ်ပြီး တခြားနိုင်ငံများ၏ လက်ခုတ်သံရရေးကိုသာလုပ်ဆောင်နေပါက နည်းလမ်းမကျသလို နိုင်ငံနှင့် တိုင်းပြည်ကိုလည်းသစ္စာဖောက်ရာကျပေမည်။ မြန်မာ့အရေးထက် ကမ္ဘာအရေးကို ဦးစားပေလုပ်လိုပါက မြန်မာ့ပြည်တွင် နိုင်ငံရေးမလုပ်ပဲ ကုလသမဂ္ဂတွင်သာ ပြောင်းရွေ့လုပ်ကိုင်သင့် ပါသည်။ ဒါမှသာ လူမှန်နေရာမှန်ဖြစ်စေမှာဖြစ်ပါသည်။
အင်မတန်ကောင်းမွန်သည့် ကားအင်ဂျင်ကို နွားလှည်းတွင်သွားတပ်ဆင်ပါက နေရာမမှန်သည့် အတွက် ထိုကားအင်ဂျင်သည် အချီးအနှီးဖြစ်သွားယုံမျှမက လှည်းအတွက်လည်း ၀န်ထုတ်ဝန်ပိုသာဖြစ်စေ မှာဖြစ်ပါသည်။ ထို့ကြောင့် မြန်မာ့နိုင်ငံလုပ်နေသူ အစိုးရ၊ ပါတီများအနေဖြင့် မြန်မာ့အကျိုးစီးပွားကိုသာ ဦးစားပေးရန် အထူးလိုအပ်လှပေသည်။ မြန်မာပြည်ကို ကာကွယ်ရန်အတွက် အာဏာရအစိုး ရနှင့် နိုင်ငံရေးပါတီများတွင် အပြည့်အ၀တာဝန်ရှိပါသည်။ နိုင်ငံရေးလုပ်ခြင်းမှာ နိုင်ငံတော်၏ အကျိုးရှိရန်၊အန္တရာယ်ကင်းရန်၊ အေးချမ်းစေရန် စတဲ့ မိမိနိုင်ငံနိုင်ငံအရေးအတွက်ပင်ဖြစ် သည်မဟုတ်ပါလော၊ ယခုမူ ဂျီဟတ်ဆိုသည့် အဆိုးဝါးဆုံးသော မြန်မာပြည်၏အန္တရာယ်သ ည် ခြိမ်ခြောက်လျှက်ရှိနေပါသည်။ ထိုသို့ကိုယ့်နိုင်ငံအန္တရာယ်၊ကိုယ့်လူမျိုးအန္တရာယ် မကျရောက်ဆောင်ရွက်ခြင်းသည် အမှန်ကန်ဆုံးသော နိုင်ငံရေးလုပ်ဆောင်မှုမျိုးပင်ဖြစ်ပါသည်။ ထို့ကြောင့် တိုင်းချစ်ပြည်ချစ်စိတ်ရှိကြသော အစစ်အမှန်နိုင်ငံရေးသမားတိုင်း ယခုလိုအစစ်အမှန်နိုင်ငံရေးကို လုပ်ဆောင်ရန်အထူးလိုအပ်လှပါသည်။
နိုင်ငံရေးပါတီမဟုတ်သော်လည်း အများပြည်သူအတွက် ဖွဲ့စည်းထားသည့် အဖွဲ့အစည်းများ အထူးသဖြင့် နိုင်ငံရေးနှင့်နှီးနွယ်သည့် (၈၈)မျိုးဆက်အဖွဲ့၊ လူ့အခွင့်အရေးအဖွဲ့များအနေဖြင့်လည်း မိမိတို့နိုင်ငံ၌ကျရောက်လာနိုင်သည့် ဂျီဟတ်ဘေးကို မိမိတို့ စွမ်းနိုင်သည့်ဘက်မှ ကာကွယ်ပေးသင့်ပါသည်။ ယခင်ကာလများက အရေးမပါလှသော အကြောင်းအရာများကိုပင် မြန်မာသိ၊ကမ္ဘာ သိ ကြေညာချက်ထုတ်ပြန်နေပါလျှက်၊ ယခုကဲ့သို့ လွန်စွာလိုအပ်သည့်ကာလမျိုး၌ ကန့်ကွက်ကြောင်း ကြေညာချက်လေးမျှပင် မထုတ်ပြန်ခြင်းသည် မေးခွန်းထုတ်စရာပင်ဖြစ်သည်။
ဂျီဟတ်စစ်အတွက် အယ်လ်ကေးဒါက တရားဝင်ကြေညားခြင်းသည် ယခင်အချိန်များစွားကတည်း က ဂျီဟတ်အတွက်စနစ်တကျ ကြိုတင်စီမံထားကြောင်း ထင်ရှားနေပါသည်။ ကမ္ဘာ့အန္တရာယ်အကြီး ဆုံးသော ဂျီဟတ်အန္တရာယ်ကို အစိုးရ၊နိုင်ငံရေးပါတီများ နှင့် အဖွဲ့အစည်းအသီးသီးတို့အနေဖြင့် စည်းလုံးညီညာ လက်တွဲကာဖြင့် အမိနိုင်ငံတော်၏ အန္တရာယ်ရန်စွယ်ကို ၀ိုင်းဝန်းကာကွယ်သင့်ပါသည်။ မိမိတို့အာဏာရရေး၊ အာဏာမြဲရေးအတွက် တိုင်းပြည်နှင့် ဘာသာ၊သာသနာတော်ကို ထိုးမကျွေးမိဖို့ လိုပါသည်။ “မြန်မာပြည် မညီညွှတ်ရင်ဖြင့် မြို့ရွာပြည် ဟာလီ (ဟာလာ)ဖြစ်ပါလိမ့်” ဆိုတဲ့ လွန်ခဲ့သော (၁၀)ကျော်အချိန်က အမျိုးသားရေးဆရာတော် ဦးဝီရသူ သတိပေးခဲ့သလို ဂျီဟတ်စစ်ပွဲကြောင့် တနိုင်ငံလုံးအကြမ်းဖက်ခံရကာ ဟာလာဖြစ်သွားနိုင်သည်ကို သတိမူကြပါဟု တိုက်တွန်းလိုက်ရပါတော့သည်။
(အမျိုးသားရေးသတိ၊ ဘာသာရေး အသိ၊ ကိုယ်စီရှိနိုင်ကြပါစေ)
ဓမ္မ၀ီရ အရှင်တေဇနိယ
မူရင်း...........https://www.facebook.com/profile.php?id=100004823415672

မဏ္ဍပ်များ၏ နောက်ခြမ်းဆီ


==================
“ဖြူဖြူ ပြာပြာ နီနီ ဝါဝါ ဝေဆာမြူးလို့လွင်... ဟော တစ်ရုံ ဟော တစ်ရုံ ပန်းမျိုးစုံတဲ့အပင်”
မကြာမီ မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော် ကြီးကျရောက်တော့မည်။ သင်္ကြန်ပွဲတော်နှင့်အတူ အသားကျနေသော ရေကစားမဏ္ဍပ် များသည်လည်း အပြိုင်အဆိုင် ဆောက်လုပ်နေကြသည်။ သင်္ကြန်ပျော် လူငယ်များကလည်း အတာသင်္ကြန်ပွဲကို မီးကုန်ယမ်းကုန် ဆင်နွှဲရန် စီစဉ်နေကြပြီ။
ရန်ကုန်မြို့တော် သင်္ကြန်ရေကစား မဏ္ဍပ်များကား ဒီဇိုင်းစုံ၊ ကာလာစုံ၊ ဝန်ဆောင်မှုအစုံဖြင့် သင်္ကြန်ပျော်လူငယ် များကို ဆွဲဆောင်နေကြသည်။ နာမည်ကျော် အဆိုတော်များ၊ မော်ဒယ်လ်များ၊ ဒီဂျေများနှင့်အတူ မဏ္ဍပ်များကား သင်္ကြန်၏ ပျော်ရွှင်မှုကို ပို၍ အရောင်တောက်စေမည်လား။ 

အဆိုပါမဏ္ဍပ်များ၏ နောက်ဘက် မျက်နှာတွင်ရော မည်သို့ရှိသနည်း။
“ကျွန်မက သင်္ကြန်ဆိုတာ ကြားတာနဲ့ကို သင်္ကြန်ပျော် မိန်းကလေးတွေအတွက် စိတ်ပူမိတယ်။ ကျွန်မကိုယ်တိုင်လည်း ကြုံခဲ့ရတော့ ပိုပြီးစိတ်ပူမိပါတယ်” ဟု သင်္ကြန်မဏ္ဍပ်များ၏ နောက်ခြမ်းဆီက အကျိုးဆက်ကို ကိုယ်တွေ့ ကြုံတွေ့ ခံစား ခဲ့ရဖူးသည့် မဒါလီက ရင်ဖွင့်လာသည်။
မဒါလီသည် ယခုမူ စင်ကာပူနိုင်ငံတွင် ရောက်ရှိနေသည်။ သူမသည် ၂၀၁၂ ခုနှစ် သင်္ကြန်တွင် သင်္ကြန်ပျော် မိန်းကလေးပီပီ ခေတ်လွန်အဝတ်အစားများ ဝတ်လျက် ရေကစားခဲ့သူများထဲမှ တစ်ယောက်ဖြစ်သည်။ စင်ကာပူနိုင်ငံတွင် အလုပ်တစ်ဖက်နှင့် ကျောင်းတက်နေရာမှ ၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ခေတ္တခဏ ပြန်လည်ရောက်ရှိ လာခဲ့ပြီး သင်္ကြန်ပွဲတော်တွင် သူငယ်ချင်း များနှင့်အတူ ဝင်ရောက်နွှဲပျော်ဖြစ် ခဲ့သည်ဟု ဆိုသည်။
“အဲဒီနှစ်ကတောင် မဏ္ဍပ်ကြေးက VIP လက်မှတ်ဆိုတော့ တစ်သိန်းနှစ်သောင်း ပေးရပါတယ်” ဟု သူမက ဆိုသည်။
ထိုစဉ်က သူမသည် ကန်တော်ကြီး ပတ်လမ်းရှိ နာမည်ကျော်မဏ္ဍပ် တစ်ခုတွင် ရေကစားခဲ့ခြင်း ဖြစ်သည်။ သူမတို့ ရေကစားသည့် နာမည်ကျော်မဏ္ဍပ်ကြီးတွင် အရက်၊ ဘီယာများနှင့် အခြားမူးယစ်စေသည့် အရာမှန်သမျှကို ငွေပေးကာ ရယူနိုင်ခဲ့သည့် အပြင် မူးယစ်မှု၏အလွန် ကာမဆန္ဒ ဖြည့်လိုသည့် ချစ်သူစုံတွဲများအတွက် မဏ္ဍပ်၏ နောက်ကွယ်တွင်လည်း ဗီနိုင်းစ၊ ဝါးထရံ စသည်တို့ဖြင့် ကာရံထားသော ငါးပေပတ်လည် အခန်းငယ်များ ပါရှိကြောင်း သူမကြုံခဲ့ရသည့် မဏ္ဍပ်ဖွဲ့စည်းပုံကို ပြောပြလာသည်။
“ပထမတစ်နှစ် ကစားတုန်းက မဏ္ဍပ်ပေါ်မှာ အရက်၊ ဘီယာလောက်နဲ့တင် အဆင် မပြေတော့ဘူး၊ အရမ်းကဲလို့ ကောင်းတာ ကိုး...။ အဲဒီမှာ မဏ္ဍပ်ပေါ်မှာပဲ ရာဘတွေကလည်း အရောင်းအဝယ် ဖြစ်ကြတော့ ကျွန်မကိုယ်တိုင်ကလည်း သူငယ်ချင်းတွေရဲ့ ဆွဲဆောင်မှုကြောင့် သုံးဖြစ်သွားတယ်၊ ကျွန်မတို့ ဆေးချတော့လည်း နောက်အခန်းထဲမှာ သွားချတာပေါ့။ အဲဒီမှာ တစ်ဖက်က အခန်းတွေကလည်း Sex ပိုင်းဆိုင်ရာတွေ အရှက်မဲ့ပြုမူနေတာကို တွေ့ရတော့လည်း အားလုံးက တစ်မျိုးမဟုတ်တစ်မျိုး မူးနေတော့ မြင်သူရော ယိုသူရော ရှက်ရမှန်းကိုမသိ တော့ပါဘူး” ဟု ဆိုကာ မဒါလီတစ်ယောက် မဏ္ဍပ်ပေါ်တွင် ကိုယ်တိုင်တွေ့ကြုံမြင်တွေ့ ခဲ့ရခြင်းများကို အသေးစိတ် ရှင်းပြနေလေသည်။
ထို ၂၀၁၂ ခုနှစ်သင်္ကြန်မှစ၍ သူမ၏ ဘဝသည် မူးယစ်သားကောင်ဘဝအဖြစ် လုံးဝကျရောက်သွားရာ မပြီးပြတ်သေးသည့် ပညာရေး ဆက်လက်သင်ကြားရန် အတွက် စင်ကာပူသို့ပင် မပြန်နိုင်တော့။
မဒါလီသည် လူကုံထံ အသိုင်းအဝိုင်း မှ မွေးဖွားလာသူပီပီ ငွေကြေးကို အတိုင်းထက်အလွန် သုံးစွဲနိုင်သူလည်း ဖြစ်ရာ သူမ၏ မိဘများကလည်း ပြောဆိုဆုံးမ၍ မရနိုင်တော့သော သမီးဖြစ်သူကို ရင်ထုမနာဖြစ်ကာ ထိုင်ကြည့်နေရုံမှအပ မည်သို့မျှ မတတ်နိုင်ခဲ့ဟု ဆိုသည်။
“အဲဒီတုန်းက ဆေးတွေလည်းသုံး၊ ဘီယာကလည်းသောက်၊ အဝတ်အစားဆို မလုံ့တလုံဆိုတာမျိုးပဲ ရွေးဝတ်၊ မဏ္ဍပ်ပေါ် အပြတ်ကဲ၊ တွေ့သမျှမဏ္ဍပ်ပေါ်က ယောက်ျားတွေနဲ့ တွဲက။ ကိုယ့်ကို ဘယ်သူကလာဖက်ပြီး ဘယ်သူက နမ်းမှန်းမသိ။ ဒါကိုပဲ အဲဒီအချိန်က Feel တစ်မျိုးဖြစ်ခဲ့တာပေါ့” ဟု သူကဆိုသည်။
ယခုအခါ ဂျင်းပင်ကို တီရှပ်လက်တိုနှင့် လုံလုံခြုံခြုံ တွဲဝတ်ထားပြီး အသားအရေ ဝင်းမွတ်ကာ ရွှေအိုရောင်ဆံပင်ကို ကျောလယ်ထိ ချထားသည့် မဒါလီက အချောအလှ စာရင်းဝင်တစ်ယောက် ဖြစ်သည်။ ထို့ပြင် မဒါလီသည် ထိုစဉ်က သင်္ကြန်တွင်း နာမည်ကျော်သွားသော နာမည်ကျော်မင်းသမီး တစ်လက်၏ သူငယ်ချင်းတစ်ဦးလည်း ဖြစ်သည်။
“ကျွန်မက မိမဆုံးမ ဖမဆုံးမလိုကို ဖြစ်သွားတာ။ သင်္ကြန်ပြီးတော့ ဆေးစွဲတယ်။ အိမ်ကလည်း သမီးတစ်ယောက်တည်း ပါတော့ ချစ်လည်းချစ်၊ အလိုလည်းလိုက၊် ဘာမှလည်း မပြောနိုင်တော့ ကျွန်မက အရမ်းဆိုးခဲ့တာ။ အဲ့ဒီနောက်ပိုင်း ခန္ဓာကိုယ်အနှံ့ တက်တူးတွေထိုး၊ ဘီယာ အချိန်ပြည့်သောက်၊ ဆေးချ၊ တကယ့် လမ်းဘေးစရိုက်ပဲ” ဟု မဒါလီတစ်ယောက် အတိတ်၏ အရိပ်ဆိုးများကို ပြန်လည်တူးဆွလျက် ပြောပြလာသည်။
သူ၏ သင်္ကြန်အတွေ့အကြုံက ၂၀၁၂ သင်္ကြန်မှာတင် မရပ်ပါ။
၂၀၁၃ ခုနှစ် သင်္ကြန်တွင်မူ ယခင်နှစ်ကဲ့သို့ ဆေးစွဲသည်ထက် ပိုမိုဆိုးရွားသော အတွေ့အကြုံကို သင်္ကြန်ရေကစားမဏ္ဍပ် များထံမှ မဒါလီ လက်ဆောင်ရလိုက်သည်။ သူမဘဝနှင့် ခန္ဓာကို သင်္ကြန်မဏ္ဍပ်၏ နောက်ကွယ် ဗီနိုင်းစကာထားသော အခန်းလေးများအတွင်း မည်သူမည်ဝါမှန်း မသိသူ၏ အဖျက်အဆီးကို ခံခဲ့ရခြင်းပင်။
သင်္ကြန်ပြီး နှစ်လကြာသည့်အချိန် ဆေးခန်းပြကြည့်ရာမှာ သူမတွင် ကိုယ်ဝန်ရှိမှန်း သိခဲ့ရသည်။ မည်သူမည်ဝါ၏ လက်ချက် ဆိုသည်ကိုပင် ခေါင်းစဉ် မတပ်နိုင်ခဲ့သည့် အခြေအနေ။
ထိုအဖြစ်အပျက်များကြောင့် ချစ်လွန်း၍ အလိုလိုက်ခဲ့သည့် မိဘများကပင် အရှက်လွန်ကာ သေကြောင်းကြံရန် ကြိုးစားခဲ့၍ မဒါလီတစ်ယောက် အသိတရား ပြန်ဝင်လာခဲ့ခြင်း ဖြစ်သည်ဟု မျက်ရည်များတွင်တွင် စီးကျရင်း ရင်ဖွင့်ဆိုလာသည်။
“အတက်နေ့ အပြတ်ကဲမယ်ဆိုပြီး မူးတာမှန်သမျှ အကုန်ချထားတော့ ကိုယ့်ကို ဘယ်သူက ဘာလုပ်သွားမှန်းတောင် မသိဘူး။ နှစ်လလောက်နေမှ ကိုယ်ဒီလို ဖြစ်တယ်ဆိုတာ သိရတာ။ တကယ့်ကို ဘဝက ရုပ်ဆိုးလွန်းသွားပါတယ်။ တခြား မိန်းကလေးတွေ ကျွန်မလိုဖြစ်မှာတော့ ကြောက်တာအမှန်ပါ” ဟု ဆိုလာချိန်သည် မဒါလီ၏ အသက်အရွယ်က ၂၇ နှစ်သို့ ရောက်ရှိချိန်ဖြစ်ပြီး တစ်ချိန်က ကြုံတွေ့ခဲ့ရသော အဖြစ်ဆိုး လှိုင်းဂယက်အားလုံးလည်း တည်ငြိမ်စ ပြုနေချိန် ဖြစ်သည့်အပြင် စင်ကာပူရှိ ဆော့ဖ်ဝဲလ်ကုမ္ပဏီ တစ်ခု၌ပင် တာဝန်ထမ်းဆောင်နေပြီ ဖြစ်သည်။
သင်္ကြန်ပွဲတော်သည် မြန်မာတို့၏ တန်ဖိုးမဖြတ်နိုင်သော ရိုးရာယဉ်ကျေးမှု ပွဲတော်တစ်ခုပင် ဖြစ်သော်လည်း ထိုပွဲတော်ကို အရုပ်ဆိုး အကျည်းတန်အောင် ပြုလုပ်ခဲ့သူများက သူမကဲ့သို့ ခေတ်လွန်သင်္ကြန်ပျော် လူငယ်များပင်ဖြစ်သည်ဟု သူမက ထပ်မံဆိုပြန်သည်။
စည်းလွတ်ဝါးလွတ် ခေတ်ပေါ် သင်္ကြန်ယဉ်ကျေးမှု နှင့်အတူ ရေကစားမဏ္ဍပ်များ၏ နောက်ကွယ်ရှိ နားနေခန်း ဟူသော ဗီနိုင်းကာ အခန်းလေးများတွင် သူမကဲ့သို့ မိန်းကလေး အရေအတွက် မည်မျှအထိ ဘဝပျက်ခဲ့ပြီနည်း။
မကြာခင် ရက်ပိုင်းအတွင်း နှစ်သစ်ကူး အတာသင်္ကြန် ကျရောက်တော့မည် ဖြစ်သည့်အတွက် သင်္ကြန်ပွဲတော်တွင် ပါဝင် နွှဲပျော်မည့် မိန်းကလေးများအနေနှင့် လိင်စိတ်လှုံ့ဆော်သည့် ဆေးဝါးများကို သတိပြုသင့်ပေသည်။ ထိုဆေးဝါးများသည် ဈေးကွက်တွင် အလွယ်တကူ ဝယ်ယူ၍မရဘဲ တစ်ဖက်နိုင်ငံမှ သင်္ကြန်ပွဲတော် နီးကပ်သည့်ရက်များတွင် သီးသန့်တင်သွင်းလေ့ ရှိကြောင်းလည်း ပန်းဆိုးတန်းရှိ လိင်ဆိုင်ရာ ဆေးဝါးများရောင်းချသူ ကိုမန်းနီးက ဆိုသည်။
“ကော်ဖီထုပ်၊ ပီကေ ရှိတယ်။ နောက် မဏ္ဍပ်တွေက အရက်စပ်ထားတဲ့ ပုံးတွေထဲ ထည့်ဖို့က အနံ့အရသာမပါတဲ့ တရုတ်ကလာတဲ့ဆေး ရှိတယ်။ အထူးသဖြင့် အမျိုးသမီးတွေစိတ်ကို ဘာမှမသိအောင် ဖြစ်စေတာ။ လိင်စိတ် ကြွစေတာမျိုးတွေ” ဟု ကိုမန်းနီးက ဆိုသည်။
၂၀၁၄ ခုနှစ်မတိုင်မီ အတာသင်္ကြန် ကာလများအတွင်းက လိင်စိတ်ကြွ ကော်ဖီ၊ ပီကေများသာ သုံးစွဲမှုများ ရှိခဲ့သော်လည်း ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် သင်္ကြန်ကာလမှ စတင်၍ တရုတ်နိုင်ငံထုတ် အနံ့အရသာ မရှိသော 1ml အဖြူရောင် လိင်စိတ်ကြွ ဆေးပုလင်းများ သုံးစွဲလာသည်ဟု ရန်ကုန်မြို့တော် သင်္ကြန်မဏ္ဍပ်များတွင် ရေကစားခဲ့သူ အသက် ၂၄ နှစ်အရွယ် ကိုသက်မျိုးထွန်းက ဆိုသည်။
အဆိုပါဆေးရည်မှာ ဝယ်ယူရ လွယ်ကူ သည့်အပြင် သုံးစွဲရာတွင်လည်း သောက်သုံးမည့် အချိုရည်များတွင် ထည့်သုံးရသည့် အတွက် လွယ်ကူသောကြောင့် သင်္ကြန်မဏ္ဍပ်များတွင် အများအပြား သုံးစွဲခဲ့ကြသည်။ ထိုလိင်စိတ်ကြွဆေးရည်များကို သာမန်အားဖြင့် သုံးစွဲရာတွင် 1ml တစ်ပုလင်းကို နှစ်ကြိမ်သုံးစွဲနိုင်ပြီး သုံးစွဲပြီး မိနစ်နှစ်ဆယ်အကြာ လိင်စိတ် ပြင်းပြလာကြောင်း အဆိုပါ ဆေးညွှန်းများတွင် တရုတ်ဘာသာဖြင့် ရေးသားထားသည်။
သို့သော် ထိုဆေးရည်၏ နောက်ဆက်တွဲဆိုးကျိုးမှာ နှလုံးခုန်မြန်ကာ ဝမ်းသွားနိုင်သည့်အတွက် နှလုံးရောဂါ အခံရှိသူများအတွက် အသက်အန္တရာယ် ရှိနိုင်ကြောင်း စိတ်ရောဂါ အထူးကုဆရာဝန် တစ်ဦးဖြစ်သူ ဒေါက်တာဇော်မျိုးအောင်က ရှင်းပြလာသည်။
အသက်အန္တရာယ်နှင့် မကြုံတွေ့ရ ပါကလည်း နောက်ဆက်တွဲ လူမှုရေး ပြဿနာများဖြစ်သည့် အရွယ်မရောက်သေးမီ အိမ်ထောင်ပြုရခြင်း၊ အတူနေအမျိုးသားမှ ကူးစက်ရောဂါ အခံရှိလျှင် ထိုရောဂါပါ ကူးစက်ခံရခြင်း၊ ထို့နောက် မည်သူမည်ဝါမှန်း တိကျစွာ မဖော်နိုင်ဘဲ ကိုယ်ဝန်ဆောင်ရခြင်းများ ဖြစ်လာနိုင်သောကြောင့် သင်္ကြန်ပွဲ နွှဲပျော်မည့် မိန်းကလေးများအတွက် အထူးစိုးရိမ်မိကြောင်း ၎င်းက ဆိုသည်။
မဒါလီသည် ပိုက်ဆံရှိ အသိုင်းအဝိုင်း မှဖြစ်သည့်အတွက် သူမ၏အရှက်သိက္ခာ များကို ငွေကြေးဖြင့် ဖြေရှင်းနိုင်ခဲ့သော်လည်း ငွေကြေးမတတ်နိုင်သည့် မိန်းကလေးများ၏ ဘဝသည်ကား ထိုသင်္ကြန်သုံးရက် အပျော်လွန်မှုကြောင့် လမ်းဘေး ရောက်သွားနိုင်သည့်အပြင် အသက်သေဆုံးခြင်း များပါ ဖြစ်ပေါ်နိုင်ကြောင်း ဒေါက်တာဇော်မျိုးအောင်က ဆိုလာသည်။
စိတ်ဓာတ်မြူးကြွ ပျော်ရွှင်ဖွယ်ကောင်းသော တက္ကနိုမြူးဇစ်၊ အရောင်စုံ လူငယ်လူရွယ် များဖြင့် ပျော်ရွှင်ဖွယ်ရာအတိ ဖုံးလွှမ်းနေသော ရေကစားမဏ္ဍပ်များ၏ နောက်တွင် မိန်းကလေးများအတွက် ကြောက်မက်ဖွယ်ရာ ထောင်ချောက်များစွာကား ရှိနေသည်။ အရက်၊ ဘီယာ၊ တရားဝင်နီးပါး သုံးစွဲခွင့်ရနေသော စိတ်ကြွဆေးဝါးများ၊ လိင်စိတ် ကြွစေသည့် ဓာတုဆေးဝါးများ၊ မူးယစ် ထုံထိုင်း၍ အသိစိတ်ပျောက်ရှနေသည့် ဖိုမ များ၊ မဏ္ဍပ်နောက်ဘက်မှ နားနေခန်း အမည်ခံ ဗီနိုင်းကာ အခန်းလွတ်များ။
ယခုအခါ စင်ကာပူနိုင်ငံတွင် နေထိုင်ကာ သင်္ကြန်ပွဲတော်တွင်း မြန်မာနိုင်ငံကို ခေတ္တပြန်လာသော မဒါလီသည် လွန်ခဲ့သောနှစ်များက ခေတ်လွန်သင်္ကြန်၏ မဏ္ဍပ် ထောင်ချောက်များကို ဘဝနှင့်ရင်း၍ သိလိုက်ရသည်။
ယခုတော့ မဒါလီတစ်ယောက် သင်္ကြန်၏ အနှစ်သာရကို တည်ငြိမ်စွာ ရှာဖွေတွေ့ရှိခဲ့လေပြီ။
“ကျွန်မ အခု ဆေးလည်းပြတ်ပြီ။ ဒီနှစ် တရားစခန်းဝင်မယ်။ ကျွန်မကို ပြီးခဲ့တဲ့ သင်္ကြန်တွေက ဘဝသင်ခန်းစာတွေ အများကြီးပေးလိုက်ပါပြီ” ဟူ၍သာ။
ခက်ဇော်
The Voice
Admin..Ko Swe
မူရင်းhttps://www.facebook.com/maungsssk?fref=nf

'မဏ္ဍပ်များ၏ နောက်ခြမ်းဆီ ==================  “ဖြူဖြူ ပြာပြာ နီနီ ဝါဝါ ဝေဆာမြူးလို့လွင်... ဟော တစ်ရုံ ဟော တစ်ရုံ ပန်းမျိုးစုံတဲ့အပင်”  မကြာမီ မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော် ကြီးကျရောက်တော့မည်။ သင်္ကြန်ပွဲတော်နှင့်အတူ အသားကျနေသော ရေကစားမဏ္ဍပ် များသည်လည်း အပြိုင်အဆိုင် ဆောက်လုပ်နေကြသည်။ သင်္ကြန်ပျော် လူငယ်များကလည်း အတာသင်္ကြန်ပွဲကို မီးကုန်ယမ်းကုန် ဆင်နွှဲရန် စီစဉ်နေကြပြီ။  ရန်ကုန်မြို့တော် သင်္ကြန်ရေကစား မဏ္ဍပ်များကား ဒီဇိုင်းစုံ၊ ကာလာစုံ၊ ဝန်ဆောင်မှုအစုံဖြင့် သင်္ကြန်ပျော်လူငယ် များကို ဆွဲဆောင်နေကြသည်။ နာမည်ကျော် အဆိုတော်များ၊ မော်ဒယ်လ်များ၊ ဒီဂျေများနှင့်အတူ မဏ္ဍပ်များကား သင်္ကြန်၏ ပျော်ရွှင်မှုကို ပို၍ အရောင်တောက်စေမည်လား။  အဆိုပါမဏ္ဍပ်များ၏ နောက်ဘက် မျက်နှာတွင်ရော မည်သို့ရှိသနည်း။  “ကျွန်မက သင်္ကြန်ဆိုတာ ကြားတာနဲ့ကို သင်္ကြန်ပျော် မိန်းကလေးတွေအတွက် စိတ်ပူမိတယ်။ ကျွန်မကိုယ်တိုင်လည်း ကြုံခဲ့ရတော့ ပိုပြီးစိတ်ပူမိပါတယ်” ဟု သင်္ကြန်မဏ္ဍပ်များ၏ နောက်ခြမ်းဆီက အကျိုးဆက်ကို ကိုယ်တွေ့ ကြုံတွေ့ ခံစား ခဲ့ရဖူးသည့် မဒါလီက ရင်ဖွင့်လာသည်။  မဒါလီသည် ယခုမူ စင်ကာပူနိုင်ငံတွင် ရောက်ရှိနေသည်။ သူမသည် ၂၀၁၂ ခုနှစ် သင်္ကြန်တွင် သင်္ကြန်ပျော် မိန်းကလေးပီပီ ခေတ်လွန်အဝတ်အစားများ ဝတ်လျက် ရေကစားခဲ့သူများထဲမှ တစ်ယောက်ဖြစ်သည်။ စင်ကာပူနိုင်ငံတွင် အလုပ်တစ်ဖက်နှင့် ကျောင်းတက်နေရာမှ ၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ခေတ္တခဏ ပြန်လည်ရောက်ရှိ လာခဲ့ပြီး သင်္ကြန်ပွဲတော်တွင် သူငယ်ချင်း များနှင့်အတူ ဝင်ရောက်နွှဲပျော်ဖြစ် ခဲ့သည်ဟု ဆိုသည်။  “အဲဒီနှစ်ကတောင် မဏ္ဍပ်ကြေးက VIP လက်မှတ်ဆိုတော့ တစ်သိန်းနှစ်သောင်း ပေးရပါတယ်” ဟု သူမက ဆိုသည်။  ထိုစဉ်က သူမသည် ကန်တော်ကြီး ပတ်လမ်းရှိ နာမည်ကျော်မဏ္ဍပ် တစ်ခုတွင် ရေကစားခဲ့ခြင်း ဖြစ်သည်။ သူမတို့ ရေကစားသည့် နာမည်ကျော်မဏ္ဍပ်ကြီးတွင် အရက်၊ ဘီယာများနှင့် အခြားမူးယစ်စေသည့် အရာမှန်သမျှကို ငွေပေးကာ ရယူနိုင်ခဲ့သည့် အပြင် မူးယစ်မှု၏အလွန် ကာမဆန္ဒ ဖြည့်လိုသည့် ချစ်သူစုံတွဲများအတွက် မဏ္ဍပ်၏ နောက်ကွယ်တွင်လည်း ဗီနိုင်းစ၊ ဝါးထရံ စသည်တို့ဖြင့် ကာရံထားသော ငါးပေပတ်လည် အခန်းငယ်များ ပါရှိကြောင်း သူမကြုံခဲ့ရသည့် မဏ္ဍပ်ဖွဲ့စည်းပုံကို ပြောပြလာသည်။  “ပထမတစ်နှစ် ကစားတုန်းက မဏ္ဍပ်ပေါ်မှာ အရက်၊ ဘီယာလောက်နဲ့တင် အဆင် မပြေတော့ဘူး၊ အရမ်းကဲလို့ ကောင်းတာ ကိုး...။ အဲဒီမှာ မဏ္ဍပ်ပေါ်မှာပဲ ရာဘတွေကလည်း အရောင်းအဝယ် ဖြစ်ကြတော့ ကျွန်မကိုယ်တိုင်ကလည်း သူငယ်ချင်းတွေရဲ့ ဆွဲဆောင်မှုကြောင့် သုံးဖြစ်သွားတယ်၊ ကျွန်မတို့ ဆေးချတော့လည်း နောက်အခန်းထဲမှာ သွားချတာပေါ့။ အဲဒီမှာ တစ်ဖက်က အခန်းတွေကလည်း Sex ပိုင်းဆိုင်ရာတွေ အရှက်မဲ့ပြုမူနေတာကို တွေ့ရတော့လည်း အားလုံးက တစ်မျိုးမဟုတ်တစ်မျိုး မူးနေတော့ မြင်သူရော ယိုသူရော ရှက်ရမှန်းကိုမသိ တော့ပါဘူး” ဟု ဆိုကာ မဒါလီတစ်ယောက် မဏ္ဍပ်ပေါ်တွင် ကိုယ်တိုင်တွေ့ကြုံမြင်တွေ့ ခဲ့ရခြင်းများကို အသေးစိတ် ရှင်းပြနေလေသည်။  ထို ၂၀၁၂ ခုနှစ်သင်္ကြန်မှစ၍ သူမ၏ ဘဝသည် မူးယစ်သားကောင်ဘဝအဖြစ် လုံးဝကျရောက်သွားရာ မပြီးပြတ်သေးသည့် ပညာရေး ဆက်လက်သင်ကြားရန် အတွက် စင်ကာပူသို့ပင် မပြန်နိုင်တော့။  မဒါလီသည် လူကုံထံ အသိုင်းအဝိုင်း မှ မွေးဖွားလာသူပီပီ ငွေကြေးကို အတိုင်းထက်အလွန် သုံးစွဲနိုင်သူလည်း ဖြစ်ရာ သူမ၏ မိဘများကလည်း ပြောဆိုဆုံးမ၍ မရနိုင်တော့သော သမီးဖြစ်သူကို ရင်ထုမနာဖြစ်ကာ ထိုင်ကြည့်နေရုံမှအပ မည်သို့မျှ မတတ်နိုင်ခဲ့ဟု ဆိုသည်။  “အဲဒီတုန်းက ဆေးတွေလည်းသုံး၊ ဘီယာကလည်းသောက်၊ အဝတ်အစားဆို မလုံ့တလုံဆိုတာမျိုးပဲ ရွေးဝတ်၊ မဏ္ဍပ်ပေါ် အပြတ်ကဲ၊ တွေ့သမျှမဏ္ဍပ်ပေါ်က ယောက်ျားတွေနဲ့ တွဲက။ ကိုယ့်ကို ဘယ်သူကလာဖက်ပြီး ဘယ်သူက နမ်းမှန်းမသိ။ ဒါကိုပဲ အဲဒီအချိန်က Feel တစ်မျိုးဖြစ်ခဲ့တာပေါ့” ဟု သူကဆိုသည်။  ယခုအခါ ဂျင်းပင်ကို တီရှပ်လက်တိုနှင့် လုံလုံခြုံခြုံ တွဲဝတ်ထားပြီး အသားအရေ ဝင်းမွတ်ကာ ရွှေအိုရောင်ဆံပင်ကို ကျောလယ်ထိ ချထားသည့် မဒါလီက အချောအလှ စာရင်းဝင်တစ်ယောက် ဖြစ်သည်။ ထို့ပြင် မဒါလီသည် ထိုစဉ်က သင်္ကြန်တွင်း နာမည်ကျော်သွားသော နာမည်ကျော်မင်းသမီး တစ်လက်၏ သူငယ်ချင်းတစ်ဦးလည်း ဖြစ်သည်။  “ကျွန်မက မိမဆုံးမ ဖမဆုံးမလိုကို ဖြစ်သွားတာ။ သင်္ကြန်ပြီးတော့ ဆေးစွဲတယ်။ အိမ်ကလည်း သမီးတစ်ယောက်တည်း ပါတော့ ချစ်လည်းချစ်၊ အလိုလည်းလိုက၊် ဘာမှလည်း မပြောနိုင်တော့ ကျွန်မက အရမ်းဆိုးခဲ့တာ။ အဲ့ဒီနောက်ပိုင်း ခန္ဓာကိုယ်အနှံ့ တက်တူးတွေထိုး၊ ဘီယာ အချိန်ပြည့်သောက်၊ ဆေးချ၊ တကယ့် လမ်းဘေးစရိုက်ပဲ” ဟု မဒါလီတစ်ယောက် အတိတ်၏ အရိပ်ဆိုးများကို ပြန်လည်တူးဆွလျက် ပြောပြလာသည်။  သူ၏ သင်္ကြန်အတွေ့အကြုံက ၂၀၁၂ သင်္ကြန်မှာတင် မရပ်ပါ။  ၂၀၁၃ ခုနှစ် သင်္ကြန်တွင်မူ ယခင်နှစ်ကဲ့သို့ ဆေးစွဲသည်ထက် ပိုမိုဆိုးရွားသော အတွေ့အကြုံကို သင်္ကြန်ရေကစားမဏ္ဍပ် များထံမှ မဒါလီ လက်ဆောင်ရလိုက်သည်။ သူမဘဝနှင့် ခန္ဓာကို သင်္ကြန်မဏ္ဍပ်၏ နောက်ကွယ် ဗီနိုင်းစကာထားသော အခန်းလေးများအတွင်း မည်သူမည်ဝါမှန်း မသိသူ၏ အဖျက်အဆီးကို ခံခဲ့ရခြင်းပင်။  သင်္ကြန်ပြီး နှစ်လကြာသည့်အချိန် ဆေးခန်းပြကြည့်ရာမှာ သူမတွင် ကိုယ်ဝန်ရှိမှန်း သိခဲ့ရသည်။ မည်သူမည်ဝါ၏ လက်ချက် ဆိုသည်ကိုပင် ခေါင်းစဉ် မတပ်နိုင်ခဲ့သည့် အခြေအနေ။  ထိုအဖြစ်အပျက်များကြောင့် ချစ်လွန်း၍ အလိုလိုက်ခဲ့သည့် မိဘများကပင် အရှက်လွန်ကာ သေကြောင်းကြံရန် ကြိုးစားခဲ့၍ မဒါလီတစ်ယောက် အသိတရား ပြန်ဝင်လာခဲ့ခြင်း ဖြစ်သည်ဟု မျက်ရည်များတွင်တွင် စီးကျရင်း ရင်ဖွင့်ဆိုလာသည်။  “အတက်နေ့ အပြတ်ကဲမယ်ဆိုပြီး မူးတာမှန်သမျှ အကုန်ချထားတော့ ကိုယ့်ကို ဘယ်သူက ဘာလုပ်သွားမှန်းတောင် မသိဘူး။ နှစ်လလောက်နေမှ ကိုယ်ဒီလို ဖြစ်တယ်ဆိုတာ သိရတာ။ တကယ့်ကို ဘဝက ရုပ်ဆိုးလွန်းသွားပါတယ်။ တခြား မိန်းကလေးတွေ ကျွန်မလိုဖြစ်မှာတော့ ကြောက်တာအမှန်ပါ” ဟု ဆိုလာချိန်သည် မဒါလီ၏ အသက်အရွယ်က ၂၇ နှစ်သို့ ရောက်ရှိချိန်ဖြစ်ပြီး တစ်ချိန်က ကြုံတွေ့ခဲ့ရသော အဖြစ်ဆိုး လှိုင်းဂယက်အားလုံးလည်း တည်ငြိမ်စ ပြုနေချိန် ဖြစ်သည့်အပြင် စင်ကာပူရှိ ဆော့ဖ်ဝဲလ်ကုမ္ပဏီ တစ်ခု၌ပင် တာဝန်ထမ်းဆောင်နေပြီ ဖြစ်သည်။  သင်္ကြန်ပွဲတော်သည် မြန်မာတို့၏ တန်ဖိုးမဖြတ်နိုင်သော ရိုးရာယဉ်ကျေးမှု ပွဲတော်တစ်ခုပင် ဖြစ်သော်လည်း ထိုပွဲတော်ကို အရုပ်ဆိုး အကျည်းတန်အောင် ပြုလုပ်ခဲ့သူများက သူမကဲ့သို့ ခေတ်လွန်သင်္ကြန်ပျော် လူငယ်များပင်ဖြစ်သည်ဟု သူမက ထပ်မံဆိုပြန်သည်။  စည်းလွတ်ဝါးလွတ် ခေတ်ပေါ် သင်္ကြန်ယဉ်ကျေးမှု နှင့်အတူ ရေကစားမဏ္ဍပ်များ၏ နောက်ကွယ်ရှိ နားနေခန်း ဟူသော ဗီနိုင်းကာ အခန်းလေးများတွင် သူမကဲ့သို့ မိန်းကလေး အရေအတွက် မည်မျှအထိ ဘဝပျက်ခဲ့ပြီနည်း။  မကြာခင် ရက်ပိုင်းအတွင်း နှစ်သစ်ကူး အတာသင်္ကြန် ကျရောက်တော့မည် ဖြစ်သည့်အတွက် သင်္ကြန်ပွဲတော်တွင် ပါဝင် နွှဲပျော်မည့် မိန်းကလေးများအနေနှင့် လိင်စိတ်လှုံ့ဆော်သည့် ဆေးဝါးများကို သတိပြုသင့်ပေသည်။ ထိုဆေးဝါးများသည် ဈေးကွက်တွင် အလွယ်တကူ ဝယ်ယူ၍မရဘဲ တစ်ဖက်နိုင်ငံမှ သင်္ကြန်ပွဲတော် နီးကပ်သည့်ရက်များတွင် သီးသန့်တင်သွင်းလေ့ ရှိကြောင်းလည်း ပန်းဆိုးတန်းရှိ လိင်ဆိုင်ရာ ဆေးဝါးများရောင်းချသူ ကိုမန်းနီးက ဆိုသည်။  “ကော်ဖီထုပ်၊ ပီကေ ရှိတယ်။ နောက် မဏ္ဍပ်တွေက အရက်စပ်ထားတဲ့ ပုံးတွေထဲ ထည့်ဖို့က အနံ့အရသာမပါတဲ့ တရုတ်ကလာတဲ့ဆေး ရှိတယ်။ အထူးသဖြင့် အမျိုးသမီးတွေစိတ်ကို ဘာမှမသိအောင် ဖြစ်စေတာ။ လိင်စိတ် ကြွစေတာမျိုးတွေ” ဟု ကိုမန်းနီးက ဆိုသည်။  ၂၀၁၄ ခုနှစ်မတိုင်မီ အတာသင်္ကြန် ကာလများအတွင်းက လိင်စိတ်ကြွ ကော်ဖီ၊ ပီကေများသာ သုံးစွဲမှုများ ရှိခဲ့သော်လည်း ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် သင်္ကြန်ကာလမှ စတင်၍ တရုတ်နိုင်ငံထုတ် အနံ့အရသာ မရှိသော 1ml အဖြူရောင် လိင်စိတ်ကြွ ဆေးပုလင်းများ သုံးစွဲလာသည်ဟု ရန်ကုန်မြို့တော် သင်္ကြန်မဏ္ဍပ်များတွင် ရေကစားခဲ့သူ အသက် ၂၄ နှစ်အရွယ် ကိုသက်မျိုးထွန်းက ဆိုသည်။  အဆိုပါဆေးရည်မှာ ဝယ်ယူရ လွယ်ကူ သည့်အပြင် သုံးစွဲရာတွင်လည်း သောက်သုံးမည့် အချိုရည်များတွင် ထည့်သုံးရသည့် အတွက် လွယ်ကူသောကြောင့် သင်္ကြန်မဏ္ဍပ်များတွင် အများအပြား သုံးစွဲခဲ့ကြသည်။ ထိုလိင်စိတ်ကြွဆေးရည်များကို သာမန်အားဖြင့် သုံးစွဲရာတွင် 1ml တစ်ပုလင်းကို နှစ်ကြိမ်သုံးစွဲနိုင်ပြီး သုံးစွဲပြီး မိနစ်နှစ်ဆယ်အကြာ လိင်စိတ် ပြင်းပြလာကြောင်း အဆိုပါ ဆေးညွှန်းများတွင် တရုတ်ဘာသာဖြင့် ရေးသားထားသည်။  သို့သော် ထိုဆေးရည်၏ နောက်ဆက်တွဲဆိုးကျိုးမှာ နှလုံးခုန်မြန်ကာ ဝမ်းသွားနိုင်သည့်အတွက် နှလုံးရောဂါ အခံရှိသူများအတွက် အသက်အန္တရာယ် ရှိနိုင်ကြောင်း စိတ်ရောဂါ အထူးကုဆရာဝန် တစ်ဦးဖြစ်သူ ဒေါက်တာဇော်မျိုးအောင်က ရှင်းပြလာသည်။  အသက်အန္တရာယ်နှင့် မကြုံတွေ့ရ ပါကလည်း နောက်ဆက်တွဲ လူမှုရေး ပြဿနာများဖြစ်သည့် အရွယ်မရောက်သေးမီ အိမ်ထောင်ပြုရခြင်း၊ အတူနေအမျိုးသားမှ ကူးစက်ရောဂါ အခံရှိလျှင် ထိုရောဂါပါ ကူးစက်ခံရခြင်း၊ ထို့နောက် မည်သူမည်ဝါမှန်း တိကျစွာ မဖော်နိုင်ဘဲ ကိုယ်ဝန်ဆောင်ရခြင်းများ ဖြစ်လာနိုင်သောကြောင့် သင်္ကြန်ပွဲ နွှဲပျော်မည့် မိန်းကလေးများအတွက် အထူးစိုးရိမ်မိကြောင်း ၎င်းက ဆိုသည်။  မဒါလီသည် ပိုက်ဆံရှိ အသိုင်းအဝိုင်း မှဖြစ်သည့်အတွက် သူမ၏အရှက်သိက္ခာ များကို ငွေကြေးဖြင့် ဖြေရှင်းနိုင်ခဲ့သော်လည်း ငွေကြေးမတတ်နိုင်သည့် မိန်းကလေးများ၏ ဘဝသည်ကား ထိုသင်္ကြန်သုံးရက် အပျော်လွန်မှုကြောင့် လမ်းဘေး ရောက်သွားနိုင်သည့်အပြင် အသက်သေဆုံးခြင်း များပါ ဖြစ်ပေါ်နိုင်ကြောင်း ဒေါက်တာဇော်မျိုးအောင်က ဆိုလာသည်။  စိတ်ဓာတ်မြူးကြွ ပျော်ရွှင်ဖွယ်ကောင်းသော တက္ကနိုမြူးဇစ်၊ အရောင်စုံ လူငယ်လူရွယ် များဖြင့် ပျော်ရွှင်ဖွယ်ရာအတိ ဖုံးလွှမ်းနေသော ရေကစားမဏ္ဍပ်များ၏ နောက်တွင် မိန်းကလေးများအတွက် ကြောက်မက်ဖွယ်ရာ ထောင်ချောက်များစွာကား ရှိနေသည်။ အရက်၊ ဘီယာ၊ တရားဝင်နီးပါး သုံးစွဲခွင့်ရနေသော စိတ်ကြွဆေးဝါးများ၊ လိင်စိတ် ကြွစေသည့် ဓာတုဆေးဝါးများ၊ မူးယစ် ထုံထိုင်း၍ အသိစိတ်ပျောက်ရှနေသည့် ဖိုမ များ၊ မဏ္ဍပ်နောက်ဘက်မှ နားနေခန်း အမည်ခံ ဗီနိုင်းကာ အခန်းလွတ်များ။  ယခုအခါ စင်ကာပူနိုင်ငံတွင် နေထိုင်ကာ သင်္ကြန်ပွဲတော်တွင်း မြန်မာနိုင်ငံကို ခေတ္တပြန်လာသော မဒါလီသည် လွန်ခဲ့သောနှစ်များက ခေတ်လွန်သင်္ကြန်၏ မဏ္ဍပ် ထောင်ချောက်များကို ဘဝနှင့်ရင်း၍ သိလိုက်ရသည်။  ယခုတော့ မဒါလီတစ်ယောက် သင်္ကြန်၏ အနှစ်သာရကို တည်ငြိမ်စွာ ရှာဖွေတွေ့ရှိခဲ့လေပြီ။ “ကျွန်မ အခု ဆေးလည်းပြတ်ပြီ။ ဒီနှစ် တရားစခန်းဝင်မယ်။ ကျွန်မကို ပြီးခဲ့တဲ့ သင်္ကြန်တွေက ဘဝသင်ခန်းစာတွေ အများကြီးပေးလိုက်ပါပြီ” ဟူ၍သာ။  ခက်ဇော်  The Voice  Admin..Ko Swe'

ပတောက်ကတိ

ပိတောက်ကတိ
==========
ညတုန်းက သင်္ကြန်အကြိုမိုးလေး ရွာခဲ့လို့ အိမ်ခေါင်းရင်း ပိတောက်ပင်ကြီး ၀ါထိန်အောင် ဖူးပွင့်နေလေရဲ့။ 
သူတစ်ခက်၊ ငါတစ်ကိုင်း လုနေကြတဲ့ ကလေးမလေးတွေ၊ မိန်းမကြီးတွေ ပိတောက်ပင်အောက်မှာ စည်းကားလို့ရယ်။ 
ယောက်ျားဆိုပေမယ့် လေးအေးအေးဖြတ်အတိုက်မှာ မွေးပျံ့ပျံ့ရနံ့ကို အသိအမှတ်မပြုပဲ မနေနိုင်အောင်ပါပဲ။ 

အပင်ပေါ်တက်နေကြတဲ့ ယောက်ျားလေးတွေကို ကြည့်ပြီး ကိုယ့်ငယ်ဘ၀ကို ပြန်ပြီး သတိရမိတယ်။ အကိုင်းလှလှ၊ အခက်လှလှရဖို့ အပင်ဖျားထိ တက်ပြီးခူးခဲ့တာ၊ ကောင်မလေးချောချောတွေကို လိုက်ပေးပြီး မျက်နှာယူခဲ့ဖူးတာကို မှတ်မိသေးတာပေါ့။ ကိုယ်ကြိုက်တဲ့မိန်းကလေးကများ ကိုယ်ပန်းလှတယ်လို့သာ ချီးမွန်းလို့ကတော့ ဆယ်ပြန်မကအောင် ပိတောက်ပင်ပေါ် တက်လိုက်ချင်သေး။ သူတို့လေးတွေလည်း ကိုယ့်တုန်းကလိုပဲ အူမြူးနေကြရောပေါ့လို့ တွေးပြီး ပြုံးမိတယ်။ 
သင်္ကြန်ထမင်းအလှူကျွေးမှာမို့ မီးဖိုဖို့၊ ထမင်းအိုးတည်ဖို့ အိမ်နောက်ဖေးရေတွင်းဘက် ဆင်းလာခဲ့တယ်။ အိမ်ရှင်မနဲ့ ယောက္ခကြီးတို့ရဲ့ သရက်သီးစိပ်သံ၊ ပဲပြုတ်နေကြတဲ့အသံတွေ မီးဖိုချောင်မှာ ဆူညံလို့ရယ်။ 
တစ်အောက်လောက်မှာ သမီးငယ်လေးက ငိုမဲ့မဲ့မျက်နှာနဲ့ ပိတောက်ပန်းခူးပေးဖို့ လာပြီးပူဆာနေတော့တယ်။ သူ့လက်ထဲက အပွင့်ကျဲကျဲပိတောက်ခက်က မလှဘူး။ ကောင်လေးတွေက အပျိုမတွေကို အခက်ကြီးကြီးတွေပေးပြီး သူတို့လိုကလေးတွေ တောင်းတော့ မလှတဲ့ဟာတွေပဲ ပေးကြောင်း ငြီးငြူနေလေရဲ့။ ပန်းလှလှ တက်ခူးပေးဖို့ အတင်းပူဆာနေတော့တယ်။ 
အလုပ်များနေကြောင်း၊ ၀မ်းကွဲတူလေးတစ်ယောက်ကို ခူးခိုင်းမှာဖြစ်ကြောင်း ပြောပေမယ့် သမီးလေးက ငိုပြီး အခုပဲ ခူးပေးဖို့ ဂျီကျနေတော့တယ်။ 
သမီးလက်ထဲကပန်းကလည်း လှပါတယ်လို့ ပြောနေတုန်းမှာပဲ။ သူ့အမေ ဘယ်တုန်းက အနားရောက်လာမှန်း မသိ။ 
“ ဘာလှလို့လဲ..။ ဒီလောက်အပွင့်ကျဲကျဲကိုများ။ ရှင်သွားခူးပေးလိုက်ပါ။ “
“ ကျမတို့လည်း ဘုရားမတင်ရသေးဘူး။ သူများအိမ်တွေမှာ ၀ါထိန်ကုန်နေကြပြီ။” 
“ ခဏနေပါဦးဟ..။ အထွန်းပြန်လာရင် ငါခူးခိုင်းလိုက်မယ်။”
ကျနော့်ရဲ့ ဆယ်ကျော်သက်တူလေး အထွန်းကို ခိုင်းဖို့ ပြောလိုက်မှပဲ……။ 
“ ဘာ…. ရှင့်ကိုပန်းခူးခိုင်းတာ သူများကို စောင့်ရဦးမယ်။ ရှင့်သမီးလည်း ငိုနေပြီ။ ကျမလည်း ပန်ချင်လွန်းလို့ နေမထိ၊ထိုင်မထိဖြစ်လို့” 
“ အေးပါဟ။ ဒီကောင်က သစ်ပင်တက်ကျွမ်းတော့ ဟိုအဖျားက အကိုင်းလှလှတွေကို ခူးခိုင်းမှာ။ “
“ ဒီမယ် ဝေးခမ်း… ပိတောက်ပန်းခူးဖို့များ ဟိုလူ့ကိုဒီလူ့ကို ခိုင်းရဦးမှာလား။ ရှင်ပဲ ဒီပိတောက်ပင်ကို လှေခါးမှတ်ပြီး တက်ဆင်းဖူးတာပဲ။”
“ ငါက သစ်ပင်တက်ချင်စိတ်၊ ပန်းခူးချင်စိတ် မရှိတော့လို့ပါဟ…။” 
“ ဘာ… ဝေးခမ်း။ ရှင်နော်ရှင်….။ ရှင်ဘာတွေပြောဖူးသလဲဆိုတာ မှတ်မိလား။” 
“ဘာလည်းဟ…။ ငါအလုပ်လုပ်နေတယ်လေ။”
“ရှင်မမှတ်မိရင် ကျမပြောမယ်။ ကျမကို ရှင်ပိုးတုန်းကလေ…။ ကျမပန်ချင်တယ်ဆိုရင် တစ်နေ့ကို အပြန်တစ်ရာလည်း တက်ခူးနိုင်တယ်ဆို။ ပြီးတော့ ရှင့်စာထဲမှာပဲ.. ကျမ ဆံဖြူသွားကျိုးတဲ့အထိ ပိတောက်ပန်းကို နှစ်စဉ်နှစ်တိုင်း ခူးပေးပါ့မယ်ဆို…။’” 
“ အားပါးပါး…. မိန်းမတို့ မှတ်ညာဏ်များ လန့်စရာပါလား။ အေးပါဟာ အခုပဲ ငါသွားခူးလိုက်မယ်။” 
ကျနော့်မိန်းမစကားကြားရတာ ကျနော်ဖြင့် နားခါးသလား၊ နားရှက်သလား မပြောတတ်အောင်ပါပဲ။ ရင်ထဲမှာလည်း အူမြူးသလား၊ အရည်ပျော်သလား ပြောပြမတတ်အောင်ပါပဲဗျာ။ 
မိန်းမတို့ ပန်းကြိုက်တတ်ပုံများ ကျနော်ဖြင့်ယုံသွားပြီ။ 
အမြန်ဆုံး သွားပြီးခူးဦးမှ။ 
ဒါမှမဟုတ်ရင် ကျနော့်မိန်းမ သုဘဒ္ဒါလို အငြိုးပွါးသွားရင် ဒုက္ခ….။ 
ကျနော်ပေးဖူးတဲ့ ပိတောက်ပန်းကတိက ဟို…လူပျိုဘ၀မှာ ကျန်ခဲ့ပြီမှတ်နေတာ။ 
ကျနော့်မိန်းမရင်ထဲမှာ ထာဝရ တည်နေပါရောလား။ 
ဒီ ပိတောက်ကတိကြောင့် ကျနော့်ကို သူမ………. ။ 
ပျော်ရွှင်ကြည်းနူးသော ပိတောက်ရာသီကို ရယူနိုင်ကြပါစေ
လေးစားလျှက်
ခမ်းကီး
Admin..Ko Swe

ဘုရားရှင်၏ ``မာတုဂါမများနဲ့ဆက်ဆံရေး´´

ဘုရားရှင်၏ “မာတုဂါမများနှင့် ဆက်ဆံရေး”။
======================
“ ပစ္စည်း မာတု၊ ဤနှစ်ခု၊ ဘိက္ခုသေမင်း၊ ဓားနှစ်စင်း” တဲ့။ ဗုဒ္ဓသာသနာတွင် အဆိုးဝါး
ဆုံးသော အန္တရာယ်မှာ ရဟန်းတော်များအတွက် မာတုဂါမနှင့် ရွှေ ငွေ လာဘ်လာဘ တို့ပင်
ဖြစ်ပါသည်။ အမျိုးသမီးများသည် ရဟန်းတော်များကို အမျိုးသားများထက် ပို၍ ကြည်ညိုကြ
ပါသည်။ သဒ္ဒါတရားထက်သန်ကြပါသည်။ သို့သော် အများစုမှာ သဒ္ဒါလွန်ကဲပြီး ပညာအားနည်း
ကြပါသည်။ ရဟန်းတော်တွေကို ရင်းနှီးသယောင်ပြုပြီး လူလိုသဘောထား ဆက်ဆံတတ်ကြ
ပါသည်။ ရင်းနှီးသယောင်ပြုပြီး “ ဘုန်းဘုန်းတို့များ ထယ်လိုက်တာ - ကားပေါ်ရောက်သွား

တာနဲ့ တပည့်တော်တို့တောင် မမြင်တော့ဘူး၊ လာတုန်း ငှက်ပျောသီးလေး ဘာလေး စွန့်အုံး
မှပေါ့၊ ဒီပန်းလေး လှလိုက်တာ ခူးသွားမယ်နော် - ဘုန်းဘုန်း” အဲဒီလို ဆက်ဆံတတ်ကြသည်။
မာတုဂါမများအား မိမိတို့ ရဟန်းကျင့်ဝတ်အတွင်းမှ ဆက်ဆံလျှင် သာသနာအတွက်
ရော၊ မိမိအတွက်ပါ အလွန်အကျိုးရှိပါသည်။ ရဟန်းတော်များ ရဟန်းကျင့်ဝတ်အတွင်းမှ
မဆက်ဆံလျှင် သာသနာတော်လည်း ညိုးနွမ်းပြီး မိမိကိုယ်တိုင်လည်း ရဟန်းဘ၀မှ ဆုံးရှုံး
ပျက်စီးသွားနိုင်ပေသည်။
ညီတော်အရှင်အာနန္ဒာသည် မာတုဂါမနှင့် စပ်လျဉ်း၍ မည်ကဲ့သို့ ကျင့်သုံးရမည်ကို
ဘုရားရှင်အား မေးလျှောက်တော်မူခဲ့၏။ ဘုရားရှင်ကလည်း ရဟန်းတော်များ မာတုဂါမနှင့်
စပ်လျဉ်း၍ ကျင့်သုံးရမည့် လမ်းစဉ်ကို မိန့်ကြားတော်မူခဲ့ပါသည်၊ ဘုရားချမှတ်ပေးသော
လမ်းစဉ်မှာ (၁) မာတုဂါမများကို မတွေ့အောင်နေရပါမည်။
(၂) အကယ်၍ တွေ့ခဲ့သော် စကားမပြောဘဲ နေရပါမည်။
(၃) မလွှဲမရှောင်သာ၍ စကားပြောရသော် အမိအရင်းကဲ့သို့ စိတ်ထား၍
ပြောဆိုရပါမည်။ ထိုလမ်းစဉ်အတိုင်း နေမှသာလျှင် မာတုဂါမနဲ့ပတ်သက်ပြီး အပြစ်ကင်းကာ
ရဟန်းဘ၀ချမ်းသာကို ပြည့်ပြည့်၀၀ ခံစားရပါမည်။ ။
{ မြင့်ရွှေ(ပေါင်းတည်) ၏ အပါယ်မကျလိုသူများဖတ်ရန်နှင့် သေခါနီးစိတ်ထား မှ
ကောက်နုတ်ရေးသား ပူဇော်ပါသည်။ }

ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/(ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...