Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
ကျွန်တော့ဆိုင့်သို့အလည်လာအားပေးကြသောမိတ်ဆွေများကိုအထူးကျေးဇူးတင်လျှက်ပါ ။ကျွန်တော်ဖတ်မိသမျှသော လေ့လာမိသမျှသော post ပြန်လည်မျှဝေပေးနေခြင်းသာဖြစ်ပါသည် နည်းပညာလေ့လာနေသော ညီအကိုမောင်နှမများ တစ်နေရာတည်းမှာ လိုချင်တာလေးတွေ ရှာဖွယ်နိုင်အောင်၇ည်ရွယ်ချက် ဒီဘလော့ကို ဖန်းတီးထားရခြင်သာဖြစ်ပါသည် ဆရာကြီးတစ်ယောက်မဟုတ်အတွက် လေ့လာနေဆဲ့ သူတစ်ယောက်မို အမှားနဲ့ မကင်းဘူးဆိုတာ နားလည်သဘောပေါက်မိပါတယ် ဒါကြောင် အမှားရှိရင်လလည်းနားလည်ခွင့်လွတ်ပေးကြပါ(ဘလော့ကာအားလုံးကို အစဉ်လေးစားလျှက် ဆက်လက်ကြိုးစားပါအုံးမယ်)

ကြိုက်တဲ့ဘာသာပြောင်းဖတ်နိုင်ပါတယ်

မန်ဘာဝင်ပြီအားပေးခဲ့ပါအုံးနော့

Showing posts with label သတင်းဆိုင်ရာ. Show all posts
Showing posts with label သတင်းဆိုင်ရာ. Show all posts

Saturday, May 23, 2015

ကမ္ဘာသိအောင် အင်္ဂလိပ်လိုလေး များများရှယ်ကြပါ


 



 


Myanmar says finds 200 Bangladeshis, not Rohingya, in boat offshore
Fri May 22, 2015 5:12am EDT
By Tim McLaughlin
YANGON (Reuters) - Myanmar's navy found a boat carrying more than 200 Bangladeshis, the government said on Friday, after the military chief said some migrants landing in Malaysia and Indonesia this month are pretending to be Rohingya Muslims so they can get U.N. aid.
The western Myanmar state of Rakhine said the boat was from Thailand and the plan was to send the migrants back.
The remarks are sure to spark concern after the United States lambasted Myanmar this week for failing to address the cause of the crisis, which observers say stems from Myanmar's refusal to recognize the Rohingya, an ethnic minority group living in western Myanmar, as citizens.
Most of Myanmar's 1.1 million Rohingya are stateless and live in apartheid-like conditions. Almost 140,000 were displaced in deadly clashes with Buddhists in the state of Rakhine in 2012.
U.N. agencies have urged regional governments to protect thousands of migrants stranded on boats in the Bay of Bengal and the Andaman sea with dwindling supplies.
The boat and a second, empty vessel, came from Ranong, in southern Thailand, the Rakhine state government said in a press release.
The plan was to send the migrants "back to Thailand".
Myanmar's navy found the boats on Thursday.
"While on patrol in Myanmar waters, the Myanmar Navy ship 568 found a boat loaded with about 200 Bengali and another empty boat at sea about four miles west of Thinbaw Gway Village, Maungdaw Township," Myanmar government spokesman Ye Htut said on his Facebook page, using the government's term for illegal migrants from Bangladesh.
Altogether, 219 people were on the boat, said Ye Htut, including nine crew members and "two Bengali interpreters".
He added that the migrants were "from Cox's Bazar, Chittagong and northern Dhaka," referring to cities and towns in Bangladesh.
Hundreds of migrants, including Rohingya from Myanmar and Bangladeshis fleeing persecution and poverty at home, have been pushed back out to sea by Thailand, Malaysia and Indonesia this month. Many now face sickness and possible starvation.
Senior Myanmar General Min Aung Hlaing "hinted that most victims are expected to assume themselves to be Rohingya from Myanmar in the hope of receiving assistance from UNHCR" during a meeting with U.S. Deputy Secretary of State Antony Blinken on Thursday, the state-backed Global New Light of Myanmar newspaper reported.
"He stressed the need to investigate their country of origin rather than to accuse a country," the newspaper reported.
Blinken had stressed the need for Myanmar to address the causes of the migration, "including the racially and religiously motivated discrimination and violence".
Many Rohingya have long complained of state-sanctioned discrimination in Myanmar and are denied citizenship. Myanmar denies discriminating against the group and has said it is not the source of the problem.
Malaysian Prime Minister Najib Razak on Thursday pledged assistance and ordered the navy to rescue thousands adrift at sea, and a Thai official said Myanmar had agreed to attend an emergency conference on the crisis.
Malaysia and Indonesia have also said they would let as many as 7,000 migrants on the seas now to come ashore temporarily, but no more.
Both countries have also said that temporary shelters would be set up to house the migrants but Thailand, a traditional transit point for those trying to reach Malaysia for work, said it would not follow suit.
(Additional reporting by Aung Hla Tun in YANGON; Writing by Amy Sawitta Lefevre; Editing by Nick Macfie)
(http://ca.reuters.com/article/topNews/idCAKBN0O708W20150522…)

 မူရင်း 
မှတ်ချက် ...တင်ခဲ့မိသောpostများမှာ ကျွန်တော်တွေ့မိသောဖတ်မိသော အရာများကိုပြန်လည်မျှဝေပေးခြင်သာဖြစ်ပါသည်/လာလည်သောမိတ်ဆွေများကိုအထူးကျေးဇူးတင်ပါတယ်။(ဘလော့ကာအားလုံးကို အစဉ်လေးစားလျှက်)

Monday, May 11, 2015

၃ ရက်ကြာ အစာရေစာ ပြတ်နေသည့် မြန်မာ ၇၀ ကျော်ကို ထိုင်းကယ်တင်


၃ ရက်ကြာ အစာရေစာ ပြတ်နေသည့် မြန်မာ ၇၀ ကျော်ကို ထိုင်းကယ်တင်
=========================================
By ခွန်ဘသာ
10 May 2015





ထိုင်းနိုင်ငံတောင်ပိုင်း ချုဖောင်းမြို့နယ်ထဲက တောထဲမှာ ၃ ရက်ကြာ အစာရေစာပြတ်လပ်နေတဲ့ တရားမ၀င် မြန်မာနိုင်ငံသား ၇၀ ကျော်ကို ထိုင်းအာဏာပိုင်တွေက ကယ်တင်လိုက်ပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်း ချူးဖောင်းမြို့နယ်ထဲက နိုင်ငွမ့်ရွာနားက တောထဲတနေရာမှာ အထောက်အထားမဲ့ မြန်မာနိုင်ငံ သား ၇၀ ကျော်ကို ထိုင်းအာဏာပိုင်တွေက တွေ့ရှိခဲ့ပါတယ်။
မေ ၈ ရက်နေ့က ၂၈ ယောက် ရှာဖွေတွေ့ရှိခဲ့ပြီး ၉ ရက်နေ့မှာတော့ နောက်ထပ် ၄၆ ယောက်ကို ထပ်တွေ့ခဲ့တယ်လို့ ရွာသားတဦးက ပြောပါတယ်။


“မနက်က အဲ့နားမှာ သူတို့ ၆ ယောက် ဆင်းလာပြီး ထမင်းဆာတယ်လို့ပြောတယ်။ စားစရာတွေ ရှာပြီး သူတို့တွေကို ပေးလိုက်တယ်။ ဘယ်နှယောက်လာလဲ မေးတော့ ဟိုအပေါ်မှာ နောက်ထပ် ၄၉ ယောက်လောက် ရှိသေးတယ်လို့ ပြောပါတယ်။ထိုင်းပွဲစားက သူတို့တွေကို ရနောင်း ဘက်ကနေခေါ်လာပြီး လမ်းမှာ ၃ ရက် ၃ ကြာတယ်လို့ ပြောပါတယ်။
တောထဲရောက်တဲ့ အချိန်မှာ ပွဲစားက သူတို့ကို ၃ ရက်လောက် ပစ်ထားခဲ့ပြီး စားစရာတွေ မရှိတော့ဘဲ ငတ်ပြတ်နေတာကြောင့် အနီးနားရွာကို ဆင်းပြီး တောင်းရမ်းခဲ့တာပါ။
အဲဒီအချိန်မှာ ရွာသားတွေက သူတို့ကို ထမင်းကျွေးခဲ့ပေမယ့် ရွာသူကြီးက ထိုင်းအာဏာ ပိုင်တွေကို ဖုန်းဆက် တိုင်ကြားခဲ့ပြီးမှာ အာဏာပိုင်တွေက အင်အား ၅၀ လောက်နဲ့
ရောက်လာပြီး သူတို့တွေရှိတဲ့နေရာကို ရှာဖွဲ့ခဲ့တာဖြစ်ပါတယ်။
သူတို့တွေအားလုံး အစာရေစာပြတ်တာ ၃ ရက်ရှိသွားပြီလို့ ပြောပါတယ်။
မောင်းပြန် သေနတ်ရှည်တွေ ကိုင်ဆောင်ထားတဲ့ ထိုင်းပွဲစား ၄ ယောက်နဲ့ သူတို့ကို ခေါ်လာ တာဖြစ်ပြီး ပွဲစားခ တယောက်ကို ဘတ်ငွေ ၇ ထောင် ပေးရတယ်လို့ မြန်မာနိုင်ငံ သားတွေ က ပြောပါတယ်။
သူတို့တွေအထဲက ၁၇ ယောက်ဟာ မလေးရှားကိုသွားမှာဖြစ်ပြီး ကျန်သူတွေက ထိုင်းနိုင်ငံတောင် ပိုင်း ဖသိုက်ကိုပို့ဖို့ ဖြစ်ပါတယ်။ အဲ့ဒီအထဲမှာ အသက် ၁၂ နှစ်ကနေ ၄၄ နှစ်ရွယ်ရှိသူတွေဖြစ်ပြီး မိန်းကလေး ၆ ယောက်ပါဝင်တယ်။
၈ ရက်နေ့က တွေ့ရတဲ့ ၂၈ ယောက်အသုတ်မှာတော့ မိန်းကလေး ၄ ဦးဟာ အဓမ္မ ပြုကျင့်ခံခဲ့ ရတယ်လို့ ထိုင်းအာပိုင်တွေက ပြောပါတယ်။
ပွဲစားတဦးကတော့ အသက် ၃၂ အရွယ် အမျိုးသမီးနဲ့ သူ့ရဲ့ ၇ လကလေးကို ခေါ်ပြီး ထွက်ပြေး သွားတယ်လို့ ဆိုပါတယ်။
ဒီအမှုနဲ့ ပတ်သက်ပြီး ထိုင်းအာဏာပိုင်တွေက လူကုန်ကူးမှုမှာ ပါဝင်မယ့်သူကို သိရှိနိုင်ဖို့ မေးမြန်း မှုတွေပြုလုပ်နေပြီး မကြာခင်ရက်ပိုင်းအတွင်းမှာ စုံစမ်းဖော်ထုတ်နိုင်မယ်လို့ ပြောပါတယ်။
ဒါ့အပြင် ထိုင်းနယ်စပ် ရနောင်းမြို့အနီးက တောထဲမှာလည်း လူကုန်ကူးသူတွေက ထိန်းသိမ်းထားတဲ့သူတွေ ရာနဲ့ချီပြီး ရှိနိုင်သေးတယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

 မူလစာမျက်နှ =ဘကြီး ဖြိုးသစ်ဆန်း

မှတ်ချက် ...တင်ခဲ့မိသောpostများမှာ ကျွန်တော်တွေ့မိသောဖတ်မိသော အရာများကိုပြန်လည်မျှဝေပေးခြင်သာဖြစ်ပါသည်/လာလည်သောမိတ်ဆွေများကိုအထူးကျေးဇူးတင်ပါတယ်။(ဘလော့ကာအားလုံးကို အစဉ်လေးစားလျှက်)

ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီးနဲ့ R2P

 နာဂစ်မုန်တိုင်း ဒဏ်ခံရတဲ့ ဧရာဝတီတိုင်းက မြန်မာပြည်သားတွေကို ကူညီဖို့ စစ်အစိုးရက နိုင်ငံတကာ အကူအညီတွေ ပေးမဝင်တာကို နိုင်ငံတကာက အပြင်းအထန် ရှုပ်ချခဲ့ပါတယ်။
အမေရိကန်၊ ဗြိတိသျှနဲ့ ပြင်သစ် အစိုးရတွေက သူတို့ရဲ့ စစ်သင်္ဘောတွေကို မြန်မာ့ရေပိုင်နက်နား အထိ လွှတ်ပြီး stand by အသင့်အနေအထားမှာ ထားခဲ့ပါတယ်။ သောက်ရေသန့်၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေကို sea bridge တွေ တည်ဆောက်ပြီး ကူညီမယ်လို့ ပြောဆိုခဲ့ပါတယ်။


ဒီလို အရေးအခင်းမှာ ထူးထူးခြားခြား ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ဘားနက် ကုချနာက (Bernard Kouchner) က မေလ ၇ ရက်နေ့မှာ ကမ္ဘာ့ ကုလသမဂ္ဂရဲ့ လုံခြုံရေးကောင်စီမှာ R2P လို့ခေါ်တဲ့ (Responsibility to protect) ကို အတည်ပြုပေးဖို့နဲ့ မြန်မာစစ်ခေါင်းဆောင်တွေ သဘောတူတူ မတူတူ စားနပ်ရိက္ခာတွေ သွားရောက်ပြီး လေယာဉ်တွေ ရှပ်ပြေးယာဉ်တွေနဲ့ သွားရောက်ကူညီဖို့ အဆိုတင်သွင်း ခဲ့ပါတယ်။
ဒီလို အဆိုပြုခဲ့တာဟာ နိုင်ငံတကာ အသိုင်းအဝိုင်းမှာ ဂယက် အကြီးအကျယ် ရိုက်ခဲ့ပါတယ်။ R2P ဆိုတာကတော့ အကျဉ်းရုံး ဘာသာပြန်ရရင် တာဝန်သိစွာ ကာကွယ်စောင့်ရှောက်ခြင်းလို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒီလို တင်ပြတာကို တဖက်ကနေ ပယ်ချခဲ့တာကတော့ တရုတ်နဲ့ အစိုးရဖြစ်ပြီး natural disaster လို့ခေါ်တဲ့ သဘာဝဘေး အန္တရာယ်ကျရောက်တဲ့ ကိစ္စတွေမှာ R2P ကို မသုံးသင့်ဘူးဆိုပြီး မြန်မာစစ်အစိုးရ ဖက်က ထောက်ခံပြောဆို သွားခဲ့ပါတယ်။

  မူလစာမျက်နှာ The Irrawaddy (Burmese Version)

မှတ်ချက် ...တင်ခဲ့မိသောpostများမှာ ကျွန်တော်တွေ့မိသောဖတ်မိသော အရာများကိုပြန်လည်မျှဝေပေးခြင်သာဖြစ်ပါသည်/လာလည်သောမိတ်ဆွေများကိုအထူးကျေးဇူးတင်ပါတယ်။(ဘလော့ကာအားလုံးကို အစဉ်လေးစားလျှက်)



ဘတ်ငွေ ၁၀၈ သန်း တင်တောင်း ခံရတဲ့

 ဘတ်ငွေ ၁၀၈ သန်း တင်တောင်း ခံရတဲ့ နာမည်ကျော် ထိုင်းရုပ်ရှင် မော်ဒယ် မင်းသမီး ချူမ်းဖူး အာရယာနဲ့ လုပ်ငန်းရှင် သူဌေးသား နွတ် ၀ိဆရုရန်း ဆီဆိန်ဖိမ်းတို့ မင်္ဂလာဆောင်လိုက်ပါပြီ၊ မင်္ဂလာပွဲကို မေလ ၁၀ နေ့ ညနေမှာ အန်တီနီ ဘန်ကောက်ပလာဇာမှ ကျင်းပခဲ့ကြပါတယ်။ မင်္ဂလာ အခမ်းအနားကို နှစ်ဖက်သော အသိုင်းအဝိုင်းနဲ့ ရုပ်ရှင်သရုပ်ဆောင် အများအပြားလည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။


 



 





 မူလစာမျက်နှာ   The Irrawaddy (Burmese Version)



မှတ်ချက် ...တင်ခဲ့မိသောpostများမှာ ကျွန်တော်တွေ့မိသောဖတ်မိသော အရာများကိုပြန်လည်မျှဝေပေးခြင်သာဖြစ်ပါသည်/လာလည်သောမိတ်ဆွေများကိုအထူးကျေးဇူးတင်ပါတယ်။(ဘလော့ကာအားလုံးကို အစဉ်လေးစားလျှက်)

Wednesday, April 29, 2015

ရခိုင်သတင်း(ရခိုင်များဖတ်ရမည်)


 လွန်ခရေ (၂၈.၅.၂၀၁၂)  ညဇာဖက်(၅) နာရီ ကျော်လောက်က ရခိုင်ပြည် ရမ်းဗြဲမြို့နယ် သပြေချောင်ရွာနိန် ဦးလှတင်ဒေါ်မမြရို့၏သမီး မသီတာထွေး(၂၆)နှစ်ရေ  ကျောက်နီမော်ရွာက သပြေချောင်ရွာကိုအလာ ပျောက်နိန်ရေအတွက် မိဖတိကညဉ့် (၈)နာရီကျော်မှာ ကျောက်နီမော် ရဲစခန်းသို့ လားရောက်တိုင်ကေလေး ယင်းရဲစခန်းက ချက်ချင်း ကူညီရှာပီးစော် မဟိခရေအတွက် မိဖတိနန့် သပြေချောင်ရွာက လူကြီးလူငယ်တိ ထွက်ရှာဂတ်တေခါ(၂၉.၆.၂၀၁၂)နိန့် မိုးထဖက်(၉) နာရီအချိန်မှာ ချောင်းဝရွာနန့် ကျောက်ထရံ ရွာကြား ပရဟိတကျောင်း အနောက်ဖက်က ကာရီဘောင်ဆည် အဟောင်းထက်မှာ မြင်မကောင်းရေ ဓါးဒါဏ်ရာတိနန့် သီဆုံးနိန်ကြောင်း တွိရရေလို့ လေးဝတီက သတင်းရဟိပါသည်။



ဖြစ်စိုင်မှာ “မသီတာထွေး တယောက်တည်းပြန်လာရေခါ ကုလားတိက လူဇိုင်းပြတ်တေ နိန်ရာက စောင့်နိန်ပြီးကေ ခန္ဓာမှာဝတ်ဆင်လို့ပါရေ ရွှေတိကို လုယက်ပနာ ဗလက္ကာယပြုကျင့်ပြီးရေနောက် လူမဆန်စွာ ရက်ရက်စက်စက် သတ်ပစ်ခစော် ဖြိုက်နိုင်ရေ’’လို့ ယင်း ရှာခီစော်မှာပါရေ ရွာလူကြီးတယောက် အဆိုအရ သိရပါရေ။
အဂုအခါ မသီတာထွေး ရုပ်အလောင်းကို ကျောက်နီမော်ဆီးရုံ ရင်ခွဲရုံမှာ စစ်ဆီး နိန်ရေလို့ သိရပြီးကေ မသင်္ကာရေ ကျောက်ထရံကုလားရွာက ထွက်ပြီးလားရေ မုဒိန်းကောင်လို့ ယူဆလို့ရရေ ကုလားတကောင်းကို ဖမ်းဆီးထားရေလို့  ကျောက်နီမော်ရဲ စခန်းက လေးဝတီကို အတည်ပြုပြောကြားပါရေ။
“ပျောက်လို့တိုင်လာရေခါ ကျွန်တော်ရို့ လေး လူငယ်ချင်းချစ်လို့ကြိုက်လို့ လိုက်လားရေလို့ ထင်ပါရေလေ၊ မိုးလင်းလို့ ရွာသားတိက အလောင်းတွိရေပြောခါမှ လိုက်လားခီဂတ်စော်ဘာ’’လို့ တာဝန်ကျ ရဲအရာဟိက ပြောပါရေ။
သူကဆက်လို့ “ရိုးရိုးလုယက်မှုမဟုတ်ပါ။ ကျူးလွန်ပြီးကေ ဗလက္ကာယပြုကျင့်ထားရေ။ နောက်လူသတ်တေ။ ဒေ ဖြိုက်စိုင်တိရေ သာမညမဟုတ်ပါ တရားခံတိရေ အတွိအကြုံဟိရေလူတိ သွီးအအီးနန့် ရက်စက်သတ်ဝန့်ရေ။ လိုင်ကိုလှီးထားပြီးကေ ညာဖက်ပက်ခုန်းမှာ ဓါးခွတ်ရာ ရင်ဖတ်တိမှာ နောက်ကုန်းမှာ နာရွက်လေး ပြတ်နိန်ရေ။ တရားခံတိရေ မူးယစ်ဆီးဝါး သုံးစွဲထားရေ။ တရားခံ မူဆလင်ကုလားတယောက်ကို ဖမ်းထားဗျာယ်။ သူလေးထွက်ဆိုဘာရေ ကျူးလွန်ရေလို့”ပြောပြပါသည်။
သီဆုံးလားရေ ရခိုင်အမျိုးသမီးချေမှာ လက်ဝတ်လက်စား ရွှေဆွဲကြိုး ရွှေနားဂပ် လက်စွပ်တိပါလားခကြောင်း၊ ဆွေးမျိုးတော်စပ်သူ တယောက်ကလေး ရွှေက(၂)ကျပ်နိန်းပါး ဟိကြောင်း ပြောပြသည်။
အဆိုပါ လူယက်ပြုကျင့် ကျူးလွန်ခရေ အတွက် ကျောက်နီမော်မြို့နယ်တဝိုက်မှာ လူထုအုံကြွမှု ကုလားရခိုင်ပြဿနာ ကြီးထွားဖို့ မဖြိုက်အောင် ရဲစခန်းမှူး မြို့ နယ်မှူး ကျောက်ဖြူခရိုင်မှူးတိ အားလုံး ရောက်ဟိနိန်ပြီးကေ လုံခြုံရေးတိ တင်းကျပ်အောင် ချထားကြောင်းလေး သိရပါသည်။
တရားခံကုလားစုတ် နောက်နှစ်ကောင်ရေ ထွက်ဗြီးနိန်ရေလို့လေး သိရပြီးကေ နာမေမဖေါ်လိုရေ ရဲဝန်ထမ်းတယောက်က ယင်းကုလားရွာနားမှာ လူယက်မှုတိ ရက်ပြတ်ဖြိုက်တေ။ တိုင်လာကေ ငွေနန့်ရှင်းပစ်တေ။ ရဲစခန်းမှုးတိက ဗမာလူမျိုးတိဆိုခါ ချင်ရေပိုင်လုပ်နိန်ဂတ်တေ။ ဒေဂုလေးမပြောတတ်ဗျာယ်’’လို့ ပြောပါသည်။
လေးဝတီက ကျောက်နီမော် ရဲစခန်းမှုးကို အချိန်အကြာကြီး ဆက်သွယ်ခကေလည်း ရိုးရိုးတာဝန်ကျ ရဲသားတိက စခန်းမှုး အစည်းအဝေးလားခကြောင်း အကြောင်းပြန်ရေအတွက် ဆက်သွယ်မှုမရခပါ။
ယင်းလူသတ်မှုရေ ရခိုင်ပြည်မှာ သွီးပျက်ဖို့ကောင်းရေအမှု။ စိတ်မချမ်းသာစီရေအမှုလို့ ဒေသခံတိပြောကြားနိန်ကတ်ကြောင်း သိရပါရေ။ လေးဝတီက အမှု၏ နောက်ဆက်တွဲ အချက်အလက်တိကို ဆက်လက်စုံစမ်းနိန်ပါသည်။
မြထွန်းအောင်(ကျောက်ဖြူ)




မှတ်ချက် ...တင်ခဲ့မိသောpostများမှာ ကျွန်တော်တွေ့မိသောဖတ်မိသော အရာများကိုပြန်လည်မျှဝေပေးခြင်သာဖြစ်ပါသည်/လာလည်သောမိတ်ဆွေများကိုအထူးကျေးဇူးတင်ပါတယ်။(ဘလော့ကာအားလုံးကို အစဉ်လေးစားလျှက်)

credit to သန်းဇော်ထက်

Friday, April 24, 2015

၆ပွင့်ဆိုင် တိုင်းရင်းသား ကိုယ်စားပြုမှု အငြင်းပွား

ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲ တိုင်းရင်းသား ကိုယ်စားလှယ်အဖြစ် တက်ရောက်တဲ့ ဒေါက်တာအေးမောင်။ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲ တိုင်းရင်းသား ကိုယ်စားလှယ်အဖြစ် တက်ရောက်တဲ့ ဒေါက်တာအေးမောင်။

ကိုမိုးဇော်
တိုင်းရင်းသားပါတီ ၂၁ပါတီ ပါဝင်တဲ့ ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း NBF က ၆ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်သူ တိုင်းရင်းသား ကိုယ်စားလှယ် ဟာ NBF ကို ကိုယ်စားမပြုကြောင်း ဒီကနေ့ သဘောထား ထုတ်ပြန်ပါတယ်။ ဗုဒ္ဓဟူးနေ့ကတော့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ SNLD ကလည်း သူတို့ကို ကိုယ်စားမပြုကြောင်း ထုတ်ပြန်ထားပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။


ဧပြီလ ၁၀ရက်နေ့က နိုင်ငံတော်သမ္မတ အိမ်တော်မှာ ကျင်းပတဲ့ ၆ပွင့်ဆိုင်ဆွေးနွေးပွဲ မှာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားကို ကိုယ်စားပြုပြီး အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်တို့ တက်ရောက် ခဲ့ကြတာဖြစ်ပါတယ်။
ဒီလ ၂၀ရက်နေ့မှာ ဒေါက်တာအေးမောင်က ၆ပွင့်ဆိုင်ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး တိုင်းရင်းသား ပါတီကိုယ်စားလှယ်တွေကို ရှင်းပြပြီးကြောင်းနဲ့ တိုင်းရင်းသား ပါတီတွေက သဘောတူထားတဲ့ အချက်တွေကိုပဲ ဆွေးနွေးပွဲမှာ တင်ပြခဲ့ကြောင်း ဧရာဝတီ သတင်းဌာနရဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ဖြေကြားခဲ့ပါတယ်။
ဒီတွေ့ဆုံမေးမြန်းခန်း ကို အင်တာနက် စာမျက်နှာမှာ ဖော်ပြပြီးတဲ့နောက် တိုင်းရင်းသားနိုင်ငံရေး အင်အားစုတွေက သူတို့သဘောထားကို ထုတ်ပြန် လာခဲ့ကြတာဖြစ်ပါတယ်။ တိုင်းရင်းသားပါတီ ၂၁ပါတီ ပါဝင်တဲ့ ညီနောင် တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း NBF ရဲ့ သဘောထား ကိုတော့ NBF မှာ အဖွဲ့ဝင်အဖြစ် ပါဝင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုပါတီရဲ့ ဒုဥက္ကဋ္ဌ ၂ -ဦးစောသန်းမြင့်က အခုလို ပြောပါတယ်။
"ခြောက်ပွင့်ဆိုင်လာတုန်းက ကန့်သတ်ချက်ရှိတယ်ဗျ။ သူက ပါတီအနေနဲ့ မဟုတ်ဘူးဗျ။ လွှတ်တော်မှာ ရှိတဲ့ ကိုယ်စားလှယ်ကိုပဲ ရွေးပေးပါဆိုတော့ အဲ့မှာပေါ့နော် လွှတ်တော်ထဲမှာ ရှိနေတဲ့ တိုင်းရင်းသားပါတီတချို့ကနေ မဲစနစ်နဲ့ ရွေးပေးတဲ့ အခါမှာ ဒေါက်တာအေးမောင်က မဲအများဆုံး ရတယ်။ ဒေါက်တာအေးမောင်က NBF ထဲမှာ ပါတဲ့အတွက် NBF ရဲ့  Mandate နဲ့ တက်ပြီးတော့ NBF ကိုယ်စားတက်တယ်လို့ အထင်မှားကုန်မှာစိုးလို့ ကျနော်တို့က ပါတီ Side က သပ်သပ်ပါ။ လွှတ်တော်က လုပ်တဲ့ Side ဖြစ်ပါတယ်။ အဲ့တာလေးကို ရှင်းအောင်။ ကျနော်တို့ NBF ကျတော့ ၂၁ ပါတီ ရှိတာ ၂၁ပါတီရဲ့ Mandate တော့ မဟုတ်ဘူး။ သူ့ကို ကန့်ကွက်တာလည်း မဟုတ်ဘူး။ ထောက်ခံတာလည်း မဟုတ်ဘူး။ အဲ့ဒီ့အပိုင်း မဟုတ်ဘူး။"
SNLD ထုတ်ပြန်ချက်SNLD ထုတ်ပြန်ချက်
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ အထွေထွေ အတွင်းရေးမှုး ဦးစိုင်းညွှန့်လွင်ကတော့ တွေ့ဆုံမေးမြန်းခန်း အဖြေကို ရှင်းလင်းအောင်လို့ သဘောထား ထုတ်ပြန်တာလို့ ပြောပါတယ်။
"ဒီခြောက်ပွင့်ဆိုင် တွေ့ပြီးတဲ့နောက်ပိုင်းမှာ ဧရာဝတီနဲ့ အင်တာဗျူး လုပ်တဲ့ ကာလမှာပေါ့နော် ဒေါက်တာအေးမောင်က တိုင်းရင်းသားတွေကို ရှင်းပြပြီးပြီ Agree လုပ်ထားတဲ့အတိုင်း သူဘောင်ထဲကပဲ ပြောတယ်။ သူသိထားတဲ့ အတိုင်းပဲ ပြောတယ်ပေါ့။ သူက အဲ့လို အင်တာဗျူးထားတာ ရှိတယ်။ အဲ့မှာ ကျနော်တို့က ဘာအခက်အခဲဖြစ်သွားလဲဆိုတော့ သူက တိုင်းရင်းသားတွေကို ရှင်းပြပြီးပြီဆိုတော့  လွှတ်တော်ထဲက တိုင်းရင်းသားတွေကို ရှင်းပြတယ်လို့ သူက အဲ့လို ရှင်းရှင်းလင်းလင်း မပြောဘူး။ တိုင်းရင်းသားတွေကိုပဲ ရှင်းလင်းလိုက်တယ် ဆိုတဲ့အခါ ကျတော့ ကျနော်တို့ SNLD က ပါသလိုလို ဖြစ်နေတယ်။ ဘာမှ မသိလိုက်ပဲ ကျနော်တို့ ပါသလိုလို ဖြစ်နေတာကို ဒါကို ကာကွယ်တဲ့အနေနဲ့ ရှင်းလင်းချက်သဘောမျိုး ထုတ်တာပါ။"
ဒီလို ထုတ်ပြန်ရာမှာ ၆ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲနဲ့ ဒေါက်တာအေးမောင်ကို ကန့်ကွက်တာ မဟုတ်ကြောင်းနဲ့ ဆွေးနွေးပွဲရလဒ်တွေကို SNLD ရဲ့ မူဝါဒနဲ့ ကိုက်ညီရင် ထောက်ခံသွားဖို့ ရှိကြောင်းလည်း ပြောပါတယ်။
ကျားခေါင်းပါတီလို့လည်း ခေါ်တဲ့ SNLD ပါတီဟာ လွန်ခဲ့တဲ့ ၂၀၁၀ရွေးကောက်ပွဲနဲ့ ၂၀၁၂ကြားဖြတ် ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့တာကြောင့် လွှတ်တော် ကိုယ်စားလှယ်ရွေးချယ်ခံထားရတာမရှိပါဘူး။ ဒါပေမဲ့ ဒီရွေးကောက်ပွဲတွေ မှာ ရွေးချယ် ခံခဲ့ရတဲ့ ကျားဖြူခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDPက လွှတ်တော်ကိုယ်စားလှယ်အချို့က SNLD ကို ကူးပြောင်းခဲ့တဲ့နောက် မှာတော့ SNLD ကိုယ်စားလှယ်တွေ လွှတ်တော်အတွင်းမှာ ရှိလာပါတယ်။ ဒီလွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း ဒေါက်တာအေးမောင်က ရှင်းလင်းပြခဲ့တာ မရှိဘူးလို့ ဦးစိုင်းညွှန်လွင်က ပြောပါတယ်။
ဒေါက်တာအေးမောင်ကတော့သူ့ကို လွှတ်တော်တွင်းက တိုင်းရင်းသားပါတီ ၁၂ပါတီက ရွေးချယ်ခဲ့တာဖြစ်တာ ကြောင့် ဒီပါတီ ၁၂ခုကို ကိုယ်စားပြုတယ် လို့ ပြောပါတယ်။
" ၂၀၁၄ နိုဝင်ဘာလ ၂၅ရက်နေ့မှာ အမျိုးသားလွှတ်တော်အမတ် ဦးမြင့်ထွန်း ပြည်ခိုင်ဖြိုး ပါတီကပါပဲ။ သူရဲ့ ခေတ်ကာလနဲ့ လျော်ညီတဲ့ ဖွဲ့စည်းပုံ တခု ပေါ်ထွန်းအောင် ဒီအစုအဖွဲ့ ခြောက်ဦးကနေ တွေ့ဆုံဆွေးနွေးပြီး အဖြေရှာပေးပါ ဆိုတဲ့ တိုက်တွန်းမှု အရ ပြည်ထောင်စုလွှတ်တော်အတွင်းမှာရှိတဲ့ တိုင်းရင်းသား ပါတီများ အစုအဖွဲ့ကလည်း တဦး ဆိုတဲ့ သဘောနဲ့ ကျနော်တို့က တိုင်းရင်းသား ပါတီများ အစုအဖွဲ့ ၁၂ ခုကို စုစည်းပြီးမှ Mandate အရ တဦး တက်လာခြင်းဖြစ်ပါတယ်။ ကျနော့်ကို Mandate ပေးတာက လွှတ်တော်အတွင်းမှာ ရှိတဲ့ တိုင်းရင်းသားပါတီ (၁၂) ခုက ကျနော့်ကို တာဝန်ပေးထားခြင်း သာလျင်ဖြစ်ပါတယ်။"
အခုလို တိုင်းရင်းသားတွေရဲ့ ကိုယ်စားပြုမှုနဲ့ပတ်သက်ပြီး သဘောထားအမြင်တွေ ထုတ်ပြန်နေချိန်ဟာ ၂၀၀၈ဖွဲ့စည်းပုံဥပဒေပြင်ဆင်တဲ့ ဥပဒေကြမ်းကို လာမယ့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းကော်မတီက တင်ပြမယ့် အချိန်နဲ့ တိုက်ဆိုင်နေပါတယ်။ ဒီဥပဒေကြမ်း က အများပြည်သူရဲ့ သဘောဆန္ဒနဲ့ မကိုက်ညီရင် ၆ပွင့်ဆိုင်ဆွေးနွေးပွဲရလဒ် က ဖွဲ့စည်းပုံပြင်ဆင်ရေးအပေါ် သက်ရောက်မှုမရှိမှာကိုလည်း စိုးရိမ်မှုတွေ ရှိနေကြတာ ဖြစ်ပါတယ်။

မူရင်း။။ ဗွီအိုအေမြန်မာ

UMFCCI ဥက္ကဋ္ဌ ဦးဝင်းအောင်ကို ကန် အရေးယူပစ်မှတ်က ပယ်ဖျက်







အမေရိကန်-မြန်မာ နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုဆွေးနွေးပွဲ -UMFCCI ဥက္ကဋ္ဌ ဦးဝင်းအောင် (ယာ)အမေရိကန်အစိုးရကနေ မြန်မာနိုင်ငံက ထင်ရှားတဲ့ စီးပွားရေး လုပ်ငန်းရှင် တဦးဖြစ်တဲ့ ဦးဝင်းအောင်ကို အမေရိကန်ရဲ့ ပစ်မှတ်ထား အရေးယူ ဒဏ်ခတ်မှု စာရင်းကနေ မနေ့က ဖယ်ရှားပေးလိုက်ပြီ ဖြစ်ပါတယ်။ ဒီလိုဖယ်ရှားပေး လိုက် တာဟာ အမေရိကန် နဲ့ မြန်မာ နှစ်နိုင်ငံကြား ကုန်သွယ်ရေး မှာ အဆင်ပြေ ချောမွေ့စေဖို့ အတွက် ဖြစ်နိုင်တယ်လို့ မြန်မာ့အရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။ အပြည့်အစုံကို မနန္ဒာချမ်းက ဆက်ပြောပြပါမယ်။


ဧပြီလ ၂၃ ရက် ကြာသပတေးနေ့က ထုတ်ပြန်ခဲ့တဲ့ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ ကြေညာချက်ထဲမှာ - အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်ခံ ပြည်ပက ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်မှုဌာန (OFAC) ကနေ မြန်မာနိုင်ငံ အပေါ် ဒဏ်ခတ်မှုတွေ တစိတ်တပိုင်းအရ - မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင်နဲ့ သူ့ရဲ့ စီးပွားရေး လုပ်ငန်း ၂ ခုဖြစ်တဲ့ Dagon International လိမိတက် နဲ့ Dagon Timber လိမိတက်တို့ကို SDN လို့ခေါ်တဲ့ အထူးကန့်သတ်ခံထားရတဲ့ လူပုဂ္ဂိုလ်များ စာရင်းကနေ ပယ်ဖျက်ပေးလိုက်ကြောင်း ဖော်ပြခဲ့တာပါ။
ဒါ့အပြင် အဲဒီကြေညာချက်ထဲမှာ - အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရသူ မာရီ ဟဖ် (Marie Harf) က - မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေ ဆက်လက် ချမှတ်ထားဆဲ ဖြစ်ပေမဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ၊ တိုင်းရင်းသားတွေနဲ့ မပြေမလည် ဖြစ်နေတာတွေကို ဖြေရှင်းတာတွေလို လုပ်ရပ်တွေအပေါ် မူတည်ပြီး အရေးယူမှုတွေနဲ့ ပတ်သက်တဲ့ မူဝါဒတွေမှာ အပြောင်းအလဲတွေ လုပ်ဆောင်သွားမှာ ဖြစ်တယ်ဆိုတာ မြန်မာအစိုးရကို ရှင်းရှင်းလင်းလင်း အသိပေးထားပြီး ဖြစ်တဲ့အကြောင်းလည်း ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် ဦးဝင်းအောင်ရဲ့ ပင်မကုမ္ပဏီဖြစ်တဲ့ Dagon group ရဲ့ အင်တာနက် စာမျက်နှာမှာ အမေရိကန်က အရေးယူထားတဲ့ လက်အောက်ခံ ကုမ္ပဏီ ၂ ခုကို စာရင်းကနေ ပယ်ဖျက်ပေးဖို့ လျှောက်ထားတဲ့အကြောင်း ဖော်ပြထားပါတယ်။
အခုလို အမေရိကန်အစိုးရက - ဦးဝင်းအောင်ကို SDN စာရင်းကနေ ပယ်ဖျက်ပေးခဲ့တာဟာ အမေရိကန်နဲ့ မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေး တိုးတက်စေဖို့ ရည်ရွယ်တာဖြစ်တယ်လို့ မြန်မာနိုင်ငံရေးအကဲခတ် ဦးအောင်သူငြိမ်းက သုံးသပ်ခဲ့ပါတယ်။
" ဒီဦးဝင်းအောင်အနေနဲ့က အခုအချိန်မှာပေါ့နော် မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအဖွဲ့ရဲ့ ဥက္ကဋ္ဌ ဖြစ်နေတာပေါ့။ ဖြစ်နေတဲ့အခါကျတော့ ဒီမြန်မာနဲ့ အမေရိကန်ကြား စီးပွားရေး ဆက်ဆံရေး ကိစ္စတွေ တချို့ လုပ်မယ်ဆိုလို့ရှိရင် အဖုအထစ်လေးတွေဖြစ်တာပေါ့။ ဥပမာအားဖြင့် ဦးဝင်းအောင်က Sanctions List ထဲပါတော့ အမေရိကန်နိုင်ငံ လာလည်ဖို့တို့ ခုနက လုပ်ငန်းကိစ္စတွေမှာ လာဖို့တို့ဆိုရင် အခက်အခဲတွေ ရှိတာမျိုးတွေ ရှိပါတယ်။ ဒါကြောင့်လည်း အခု Chamber of Commerce  ခေါ်တာပေါ့နော်။ အမေရိကန်နဲ့ မြန်မာပြည်ကြား စီးပွားရေး ပိုမိုဆက်ဆံချင်လို့ရှိရင် ဒီဦးဝင်းအောင်ကို ဖယ်ရှားပေးလိုက်တာဟာလည်း အချက်တခုလို့ ကျနော်ထင်ပါတယ်။"
တချိန်က မြန်မာစစ်အစိုးရတွေကို ဘဏ္ဍာရေးအရ အကူအညီပေးခဲ့သူ တဦးအဖြစ် ၂၀၀၉ ခုနှစ်ကတည်းက အမေရိကန် အစိုးရက အရေးယူထားတာ ဖြစ်ပေမဲ့ လည်း မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို ဦးဝင်းအောင် က အားပေးလာတာလို ပြောင်းလဲမှုတွေ လုပ်ခဲ့တာ တွေ့ရတယ် လို့လည်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန အရာရှိတဦးကို ကိုးကားပြီး Wall Street Journal က ဖော်ပြခဲ့ပါတယ်။
မြန်မာ့နိုင်ငံရေးအကဲခတ် ဦးအောင်သူငြိမ်းကတော့ - အခုလို ထင်ရှားတဲ့ စီးပွားရေးလုပ်ငန်းရှင် ဦးဝင်းအောင်ကို အရေးယူဒဏ်ခတ်မှုစာရင်းကနေ အမေရိကန် အစိုးရက ဖယ်ရှားပေးခဲ့တဲ့အပေါ် ကြိုဆိုခဲ့ပါတယ်။
"ကျနော်ထင်တာတော့ လုပ်သင့်တဲ့ကိစ္စလို ထင်ပါတယ်။ ဦးဝင်းအောင် တယောက်တည်း အနေနဲ့ မကြည့်ပဲ မြန်မာနိုင်ငံ ကုန်သည်ကြီး လုပ်ငန်းရှင်များအသင်းအနေနဲ့ ကြည့်မယ်ဆိုလို့ရှိရင် ကျနော်တို့ တိုင်းပြည်ပြု ပြင်ပြောင်းလဲမှု အတွက် အရေးပါပါတယ်။ ဆိုတော့ နိုင်ငံချင်း ကြားထဲမှာ စီးပွားရေး ဆက်ဆံမှုတွေ လုပ်မယ်ဆိုရင်လည်း ဦးဝင်းအောင်ကို Sanctions ချထားတယ်ဆိုလို့ရှိရင် ဆက်လုပ်ရမှာတွေက အခက်အခဲတွေဖြစ်နေတာပေါ့နော်။ အဲ့ဒီ့အနေအထားမှာဆိုရင်တော့ လုပ်သင့်တဲ့အနေအထားလို့ ထင်ပါတယ်။"
မြန်မာနိုင်ငံမှာ သမ္မတ ဦးသိန်းစိန်အစိုးရ တက်လာပြီးနောက်ပိုင်း - သမ္မတ အိုဘားမားအစိုးရကနေ - မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုရော၊ ထိတွေ့ဆက်ဆံမှုပါ နှစ်မျိုးစလုံးကို ကျင့်သုံးခဲ့တာပါ။ ၂၀၁၂ ခုနှစ်မှာတော့ သမ္မတ ဦးသိန်းစိန်အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုတချို့ကို အသိအမှတ်ပြုတဲ့ အနေနဲ့ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဒဏ်ခတ်အရေးယူမှုတွေကို သမ္မတ အိုဘားမားအစိုးရကနေ ရုပ်သိမ်းပေးခဲ့ပါတယ်။ ဒါပေမဲ့လို့လည်း စစ်အစိုးရလက်ထက်က အဆင့်မြင့် အရာရှိကြီးတွေနဲ့ ခရိုနီတွေ အပါအ၀င် တချို့စီးပွားရေးကုမ္ပဏီတွေနဲ့ လုပ်ကိုင်ဖို့ကိုတော့ အမေရိကန်က တားမြစ်ထားဆဲဖြစ်ပါတယ်။

မူရင် ။။ဗွီအိုအေမြန်မာ
Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...