သင့်ရဲ့ ဖုန်းဟာ ခိုးယူခံရရင် ဒါမှမဟုတ် ပျောက်ဆုံးသွားရင် ဖုန်းထဲမှ
သင့်ရဲ့ ကိုယ်ရေး ကိုယ်တာ ဖိုင်တွေဟာ စိုးရိမ်စရာ ဖြစ်ပါတယ်။
အဲဒီအခြေအနေမှာ Google ရဲ့ Android Device Manager ၀န်ဆောင်
မှုကို အသုံးပြုပြီး သင့်ရဲ့ ဖုန်းကို အဝေးမှ factory reset ပြုလုပ်နိုင်ပါတယ်။
Google က android device တွေမှာ android device manager ကို
ကြိုတင်ထည့်သွင်းပေးထားသလို
နက် ဆက်သွယ်မှုကနေ တစ်ဆင့် နောက်ကွယ်ကနေ ထည့်သွင်းပေး
ထားပါတယ်။ သင့်ရဲ့ ဖုန်းမှာ android device manager မရှိရင် ကိုယ်
တိုင် ထည့် သွင်းနိုင်ပါတယ်။ ဖုန်းမပျောက်ခင်မှာ ကြိုတင်ထည့်သွင်းထား
ဖို့ အရေးကြီးပါတယ်။
ဖုန်းပျောက်သွားရင် အခြားဖုန်းတစ်လုံး ဒါမှမဟုတ် ပီစီကနေ Android
Device Manager ၀က်ဆိုက်ကိုသွားပြီး ပျောက်သွားတဲ့ သင့်ဖုန်းမှ
Google အကောင့်နဲ့ login ၀င်ပါ။ Android Device Manager က
သင့်ဖုန်းကို ရှာတွေ့ရင် ring, lock, erase စတဲ့ ရွေးချယ်မှုတွေကို ပြသမှာ
ဖြစ်ပါတယ်။ Erase ကို နှိပ်ရင် confirmation menu တစ်ခုပေါ်လာမှာပါ။
Confirm လုပ်လိုက်တာနဲ့ သင့်ရဲ့ ဖုန်းမှ ဒေတာအားလုံးကို ဖျက် ဆီးပစ်ပြီး
စက်ရုံထုတ် အခြေအနေအတိုင်း ရောက်ရှိအောင် ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။
Play Stroe က ၀င်ရောက်ဒေါင်းယူနိုင်ပါသည်
https://play.google.com/
Credit Thu Ra
လေးစားစွာဖြင့်
NayLinHtet (အိုင်တီလမ်းညွှန်)
www.facebook.com/
www.facebook.com/groups/
ရခိုင့်လွင့်ပြင်(နည်းပညာမှတ်စု)
No comments:
Post a Comment