Chrome
Chrome က အလွယ်ဆုံးပါပဲ .. သူက အကောင့် ၂ ခုလောက် သုံးဖို့ အဆင်ပြေဆုံးပါ .. ဘာလို့လဲ ဆိုတော့ ဘာမှလည်း ပြင်စရာမလို ဘာမှလည်း လုပ်စရာမလိုပါဘူး .. Key လေး နှိပ်လိုက်ရင်ပဲ အဆင်ပြေပါပီ
Crl+Shift+N
ဖွင့်ပီး သုံးနေချိန်မှာ Crl+Shift+N နှိပ်လိုက်တာနဲ့ နောက်ထပ် အကောင့် ၁ ခု ထပ်သုံးဖို့ နောက်ထပ် new window နဲ့ ပေါ်လာပါလိမ့်မယ်
ဒါဆို အကောင့် ၂ ခုလောက်ကို ဘာမှ လုပ်စရာမလိုပဲ Chrome မှာ အမြန်သုံးလို့ ရပါပီ။
Mozilla (Firefox)
Firefox ကတော့ နည်းနည်း လုပ်စရာလေး ရှိပါတယ် ။ ဘာလုပ်ရမှာလဲ ဆိုတော့ Add-ons လေး ၁ ခု ထည့်ပေးရတာပါ ။ နာမည်လေးက Multifox ဆိုတဲ့ Add on လေးပါ ။ ကိုယ့် Firefox လေးမှာ Install လုပ်ရပါမယ် ။ Install လုပ်မယ်ဆို အောက်က Multifox ဆိုတဲ့ Icon လေး နှိပ်ပီး Install အရင်လုပ်ရပါမယ် ။
Add-on လေးကို Install လုပ်ပီးရင်တော့ Browser ကို Restart ချခိုင်းပါလိမ့်မယ် .. Restart ချပီး ပြန်တတ်လာပီ ဆိုရင်တော့ စတင်ပီးသုံးလို့ရပါပီဗျာ။ သုံးရမယ့် နည်းလေးကတော့ New Identity Profile ဆိုတာလေးကနေ သွားဖို့ပါပဲ ။
သုံးနေပီဆို အောက်က ပုံလေးလို ပေါ်လာပါလိမ့်မယ် .. ၂ ခု သုံးနေတယ်ပေါ့
ကိုယ်က အရင် ၁ ခုထဲ ဖွင့်နေတယ် .. ကိုယ်ထပ်ဖွင့်ချင်တာလေးရှိရင် ဖွင့်ချင်တာလေးကို (Eg- www.facebook.com) Bookmark ထဲမှာ ထည့်ထားလိုက်ပါ။ ပီးရင် မှတ်ထားတာလေးကို Right Click > Open in a New Identity Profile ကိုရွေးလိုက်ရင် နောက်ထပ် New Window လေး ပေါ်လာပီး စတင်ပီး သုံးလို့ရပါပီ။
Multifox Add on ဒေါင်းရန်
Internet Explorer (IE)
IE မှာတော့ Chrome လောက် Shortcut နဲ့ အဆင်မပြေသလို ... Firefox လို Add-on ထည့်လောက်အောင်လည်း အချိန်ပေးစရာ မလိုပါဘူး ။ သူကတော့ G-talk ကို အများ ကြီး ဖွင့်ရင်လုပ်ရသလိုပဲ Properties > target မှာ ဝင်ချိန်းလိုက်ရင်ရပါတယ် ။ ချိန်းရမှာက Target မှာရေးထား တဲ့နောက်မှာ -nomrege ဆိုတာလေး ထည့်ပေးလိုက်ရင်ရပါတယ် ..
ဘယ်လိုလုပ်ရမလဲဆို .. ပထမဆုံး IE ကို Desktop ပေါ် Shortcut ကို တင်ပေးလိုက်ပါ .. ပီးရင် Right Click > Target မှာ -nomrege ထပ်ထည့်ပေးလိုက်ပါ (Example -“C:\Program Files\Internet Explorer\iexplore.exe" to “C:\Program Files\Internet Explorer\iexplore.exe” -nomerge) အဲ့ဒါဆိုရင် နောက် ထပ်ထွက်လာတဲ့ new window တွေ မှာ နောက်ထပ်အကောင့်တွေ ဖွင့်လို့ရသွားပီ။
သိပီးထားတဲ့ သူတွေလည်းရှိမှာပါ .. မှတ်တမ်းမှတ်ရာလေးကျန်မယ် .. မသိတဲ့ သူတွေ သိသွားမယ်ဆိုရင်ပဲ ကျေနပ်မိမှာပါ .. အားလုံးကို ကျေးဇူးတင်ပါတယ်
credit >>> http://nowmyohtun007.blogspot.com
တင်သမျှpost တွေကို facebook ဖတ်ချင်တယ်ဆိုရင် ဒီမှာ ဆိုတာနှိပ်ပြီ facebook likes နဲ့ အားပေးခဲ့ပါနော့ မှတ်ချက်....လေ့လာမိတာလေးတွေကိုပြန်လည်မျှဝေပေးခြင်သာဖြစ်ပါသည်/လာလည်သောမိတ်ဆွေများကိုအထူးကျေးဇူးတင်ပါတယ်။(ဘလော့ကာအားလုံးကို အစဉ်လေးစားလျှက်)
No comments:
Post a Comment