ကူးရေးလိုက်တာဖြစ်ပါတယ်။ သင်ခန်းစာယူစရာလေးတွေပါတာမို့လို့ ချက်တင်ထိုင်တဲ့ သူငယ်ချင်းလေးတွေ ဗဟုသုတတွေပွားပြီးသင်ခန်းစာယူနိုင်ကြပါစေလို့။
ကျွန်တော့်မှာ ဆယ်ကျော်သက်အရွယ်ဝင်ခါစ မြေးမလေးတစ်ယောက်ရှိပါတယ်။ သူက သူ့အမေနဲ့လိုက်နေတာမို့လို့ တစ်ခါတစ်လေမှ ဖုန်းဆက်ဖြစ်တတ်ပါတယ်။ဖုန်းဆက် လိုက်ရင်သူ့အမေ သူ့အဘွားတို့က အင်တာနက်ဆိုင်ကိုသွားတယ်ဆိုတဲ့အဖြေကိုပဲပေးတတ်ကြ ပါတယ်။ ကျွန်တော့်မေးလ်ထဲကိုမိတ်ဆွေတစ်ယောက်ကပို့ပေးလိုက်တဲ့ဝတ္တုဆန်ဆန်ဆောင်းပါးလေးတစ်စောင်
ရောက်လာပါတယ်။ အဲဒါကိုဖတ်ပြီး တော်တော်တုန်လှုပ်သွားတာကြောင့် ဆယ်ကျော်သက်ကလေးရှိတဲ့
မိဘတိုင်း၊အုပ်ထိန်းသူတိုင်း သတိထားနိုင်ဖို့ ဖေါ်ပြလိုက်ပါတယ် ။
သူမက ဖတ်လက်စစာအုပ်ကို ဆိုဖာပေါ်ပစ်ချလိုက်ပြီး အဆာပြေတစ်ခုခုစားရင်း အွန်လိုင်းဝင်ဖို့
ဆုံးဖြတ်လိုက်ပါတယ်။ အွန်လိုင်းမှာ သူမရဲ့နာမည်က angel11213 ဖြစ်ပါတယ်။ အွန်လိုင်းမှာရှိနေတဲ့
သူမရဲ့မိတ်ဆွေများကို စစ်ကြည့်လိုက်တော့ သူမနဲ့စကားပြောနေကျ goto 123 ရှိနေတာကို တွေ့ရပါတယ်။
ဒါကြောင့်မက်ဆေ့ခ်ျတစ်ခု လှမ်းပို့လိုက်ပါတယ်။
angel11213; ဟိုင်း.....အွန်လိုင်းမှာရှိနေတာဝမ်းသာလိုက်တာ။ ဒီနေ့ကျမ အိမ်ပြန်လာတော့ နောက်က
လူတစ်ယောက်လိုက်လာသလိုထင်ရတယ်။ ကျမကြောက်လိုက်တာ။
goto123; မင်းကတီဗွီ ဇတ်လမ်းတွဲတွေ ကြည့်လွန်ုးတယ်ထင်တယ်။ မင်းနောက်ကို ဘယ်သူက ဘာကြောင့် လိုက်ရမှာလဲ။ မင်းပတ်ဝန်းကျင်က မလုံခြုံဘူးလား။
angel11213; ဟုတ်ပါရဲ့ ကျမစိတ်ကူးယဉ်သွားတာပဲထင်ပါတယ်။ နောက်လှည့်ကြည့်တော့လည်း
ဘယ်သူမှမတွေ့ပါဘူး။
goto123; အွန်လိုင်းမှာ မင်းနာမည်ကို ဘယ်သူမှမပြောသေးဘူးမဟုတ်လား။
angel11213; ဟင့်အင်း၊ မပြောသေးပါဘူး၊။ ကျမ အဲဒီလောက် မအသေးဘူးဆိုတာရှင်သိတယ်မဟုတ်လား။
goto123; ဒီနေ့ကျောင်းမှား ဆော့ဖ် ဘောလ် ကစားသေးလား။
angel11213; အင်း ကစားတာပေါ့။ ကျမ တို့ အသင်းကနိုင်တယ်၊။
angel11213; hornets အသင်းနဲ့ကစားတာ၊ သူတို့ ယူနီဖောင်းတွေက အရောင်တောက်တောက်တွေနဲ့
သူတို့ကို ကြည့်ရတာ ပျားတွေလိုပဲ။
goto123; မင်းတို့ အသင်းနာမည်ကဘာလဲ။
angel11213; ကျမတို့အသင်းက canton cats လေ၊။ ကျမတို့ ယူနီဖောင်းကျောပေါ်မှာ ကျားခြေရာတွေ
တင်ထားတယ်၊ ကျမတို့ယူနီဖောင်းက သိပ်လှတာ ။
goto123;; မင်းကရှေ့တန်းမှာကစားတာလား။
angel11213; မဟုတ်ဘူး ။ ကျမကဒုတိယတန်းမှာကစားတာပါ။ ကျမအိမ်စာလုပ်ရဦးမယ်။ အမေတို့
ပြန်မလာခင်ပြီးအောင်လုပ်ရမှာ။ မပြီးသေးရင်ကျမကို ဆူလိမ့်မယ်။ ဘိုင့်ဘိုင်။
goto123; ကောင်းပြီလေ။နောက်မှတွေ့ကြတာပေါ့။ ဘိုင်။
အဲဒီအချိန်မှာ goto123 က သူ့ contact များစာရင်းကို ပြန်ဝင်ပြီး သူမနဲ့ပတ်သက်တဲ့အချက်
အလက်များကို ပြန်လေ့လာလိုက်ပါတယ်။ ဒါတွေကို print ထုတ်ပြီး အရေးကြီးတဲ့ အချက်တွေကို
high light လုပ်လိုက်ပါတယ်။ ဘောလ်ပင် ကို ထုတ်လိုက်ပြီး သူသိသမျှ အချက်အလက်တွေကိုရေးချ
လိုက်ပါတယ်။
အမည် - shannon
မွေးနေ့ - 1985 ခုနှစ်၊ ဇန်န၀ါရီလ 3 ရက်
နေရပ်လိပ်စာ - မြောက်ပိုင်း ၊ကယ်ရိုလိုင်းနား
ဝါသနာ - ဆော့ဖ် ဘောကစားခြင်း
သီချင်းသံပြိုင်ဆိုခြင်း၊
စကိတ်စီးခြင်း
ဈေးဝယ်ထွက်ခြင်း
သူကဒီသိထားတဲ့အချက်အလက်တွေ အပြင် shannon ဟာ canton မှာ ရှိနေတယ်ဆိုတာ
လည်း သူ့စကားတွေ ထဲကသိထားခဲ့ပြီးပြီ။ သူမဟာကျောင်းဆင်းချိန် ကနေစပြီး ညနေ ၆ နာရီခွဲ ထိ အိမ်မှာ တစ်ယောက်တည်းရှိနေပြီး ၆နာရီခွဲကျော်မှ မိဘတွေ ပြန်ရောက်လာတတ်တယ်။ ကြာသပတေး
နေ့တိုင်း ဆော့ဖ် ဘော ကစားတတ်တယ်။ သူမပါဝင်ကစားတဲ့ အသင်းနာမည်က canton cats ဖြစ်ပြီး
သူမအနှစ်သက်ဆုံး ကျောနံပါတ် ၇ ကိုယူထားတယ်။ အဌမတန်းကျောင်းသူဖြစ်ပြီး canton junior high
school မှာကျောင်းတက်နေတယ်။ ဒီအချက်အလက်တွေက သူတို့နှစ်ယောက်ချက်တင်လုပ်ရင်း သိလာတဲ့ အချက်အလက်တွေဖြစ်ပါတယ်။ အချက်အလက်စုံစုံ လင်လင်ရပြီဖြစ်တဲ့အတွက် သူ့အနေနဲ့
sgannon ကိုရှာဖို့ မခက်တော့ပါဘူး။
shannon ကကျောင်းအပြန်မှာ လူတစ်ယောက် နောက်ကနေ လိုက်ကြည့်သလိုခံစားရတယ်
ဆိုတာကို သူ့မိဘတွေသိအောင် ပြန်မပြောခဲ့ပါဘူး ။ မိဘတွေကစိတ်ပူတတ်လွန်းလို့ မလိုအပ်တဲ့ကိစ္စ
တွေ ပေါ်လာမှာကို စိုးရိမ်လို့ပါပဲ။
ကြာသပတေးနေ့ေ၇ာက်လာတဲ့အချိန်မှာတော့ shannon စိတ်ထဲမှာပြီးခဲ့တဲ့ အပတ်က လူ
တစ်ယောက် နောက်ကလိုက်နေတယ်ဆိုတဲ့ စိတ်မရှိတော့ပါဘူး။ အာလုံးကို မေ့ထားလိုက်ပါပြီ။
ပွဲကလည်းကောင်းနေတယ်။ ကစားနေရင်းမှာပဲ သူ့ကိုတစ်ယောက်ယောက်က စိုက်ကြည့်နေ
တယ်လို့ခံစား ရတာမျိုးဖြစ်လာပြန်ပါတယ်။ ကစားနေရင်းကပတ်ဝန်းကျင်ကို မျက်စိကစားလိုက်ကြည့်
တော့ လူတစ်ယောက်သူ့ကို စူးစူး စိုက်စိုက် ကြည့်နေတာ သတိထားမိလိုက်တယ်။
သူက၀င်းထရံကို ကျောမှီပြီးရပ်နေသူနဲ့ မျက်လုံးချင်းဆုံကြည့်လိုက်တော့ ကြောက်စရာ
မကောင်းပါဘူး။ ဒါကြောင့် ကစားပွဲမှာ စိတ်ပြန်သွင်းပြီး ဆက်ကစားနေခဲ့ပါတယ်။
ပွဲပြီးတော့ နည်းပြဆရာနဲ့ စကားပြောနေရင်း ဟိုလူရှိမယ့်ဘက်ကိုလှမ်းကြည့်လိုက်တော့
ပြုံးနေတာကိုတွေ့ရတယ်။ ဒီတစ်ခါတော့ ခေါင်းကိုပါ မသိမသာညိတ်ပြတာ တွေ့လိုက်ရတဲ့အတွက်
shannon ကလည်းပြန်ပြုံးပြလိုက်ပါတယ်။ သူမရဲ့ အားကစားအင်္ကျီပေါ်မှာ နံပါတ် ၇ နဲ့တွဲပြီးသူ့နာမည်
ကိုပါတွေ့လိုက်ရတာကြောင့် သူရှာနေတဲ့သူ သေချာသွားပြီတာဆိုတာ သိလိုက်ပါတယ်။
shannon ရာနောက်ကို ခြေသံလုံလုံနဲ့ နောက်ယောင်ခံလိုက်ခဲ့ပါတယ်။ ကျောင်းနဲ့မလှမ်း
မကမ်းမှာရှိတဲ့ အိမ်ကို shannon ၀င်သွားတော့မှ သူနောက်ကြောင်းပြန်လှည့်ပြီး ကားရပ်ထားတဲ့နေရာကို
ပြန်လှည့်လာခဲ့ပါတယ်။
သူ အချိန်စောင့်ရဦးမယ်။ စားရတော့မယ့်ကျားက အချိန်စောင့်ရဦးမယ်လေ။ ဒါကြောင့် အဆာ
ပြေ စားသောက်လို့ရတဲ့ ဆိုင်တစ်ခုကို မောင်းသွားခဲ့ပြီး သူလှုပ်ရှားမယ့် အချိန်အထိ အချိန်ဖြုန်းနေခဲ့ ပါ
တယ်။
သူ့အခန်းထဲမှား ရှိနေတုန်း ဧည့်ခန်းထဲက အသံတွေကြားလိုက်တယ်။ shannon လာစမ်းလို့
အဖေ့ အော်သံကြားလိုက်ရတယ်။ အဖေ့ အသံက တော်တော် စိတ်ပျက်လက်ပျက်ဖြစ်ရသလဲဆိုတာ
စဉ်းစားလို့ မရပါဘူး။
ဧည့်ခန်းထဲက ထွက်လိုက်တော့ သူကစားနေတုန်းက ကြည့်နေတဲ့ လူကိုဆိုဖာပေါ်မှာ အခန့်
သားတွေ့လိုက်ရတယ်။
ထိုင်စမ်း ။ ဟောဒီ ပုဂ္ဂိုလ် က သမီးနဲ့ပတ်သက်ပြီး အင်မတန်စိတ်ဝင်စားစရာကေင်းတဲ့ ဇတ်လမ်းလေးတစ်ခုကို ပြောပြတယ် လို့ အဖေက ဆိုတယ် ။
shannon က၀င်ထိုင်လိုက်ပြီး သူ့ကိုကြည့်ရင်းစဉ်းစားနေမိတယ်။ ဒီလူက ငါမသိပဲနဲ့ ဘာဖြစ်
လို့ ငါနဲ့ပတ်သက်တဲ့ အကြောင်းအရာကို လာပြောနေရတာလဲ ၊ သူ့ကို ဒီနေ့မှမြင်ဖူးတာပဲ။
ကိုယ်ဘယ်သူလဲ သိလား shannon လို့အဲဒီလူကမေးတယ်။
ဟင့်အင်း မသိပါဘူး လို့ shann0n ကဖြေလိုက်တယ်။
ကိုယ်ကရဲအရာရှိတစ်ယောက်ပေါ့ ။မင်းနဲ့ အွန်လိုင်းမှာ မိတ်ဆွေဖြစ်တဲ့ goto 123 ပေါ့။
shannon အံ့သြသွားတယ်။
မဖြစ်နိုင်ပါဘူး။ သူက ကျမ အရွယ် 14 နှစ်သားပဲရှိသေးတာ။ ပြီးတော့ သူကမစ်ချီဂန်
မှာနေတာ ။
ဟိုလူက ပြုံးတယ်။
ကိုယ်မင်းကို ဘာပြောခဲ့တယ်ဆိုတာ သိတာပေါ့ ။ အဲဒါတွေ အားလုံးက အားလုံးအမှား
တွေချည်းပဲ။ ဒီမှာကြည့်စမ်း shannon အွန်လိုင်းမှာ ပြောသမျှတွေဟာ အမှန်တွေချည်းပဲလို့ မယုံနဲ့။
ကိုယ်လည်းမင်းကို လိမ်ပြောခဲ့တဲ့ လူတစ်ယောက်ပဲလေ။။ အေး အဲလိုလိမ်ပြောတဲ့သူတွေ ကမင်းတို့လို
ကလေးတွေကို နာကျင်အောင် ဒုက္ခရောက်အောင် လုပ်တတ်ကြတယ်။ ကိုယ်ကတော့ မိဘတွေနဲ့ ပူးပေါင်း
ပြီး ကလေးတွေ ဒုက္ခ မရောက်အောင် ကာကွယ်စောင့်ရှောက်နေတဲ့ ရဲအရာရှိ တစ်ယောက်ပါ။
အွန်လိုင်း မှ မင်းနာမည်ကို မပြောခဲ့ပေမယ့် မင်းပြောတဲ့ အချက်အလက်တွေ ကိုစုစည်း
လိုက်ရင် မင်းကိုအလွယ်တကူ ရှာနိုင်တယ်ဆိုတာ ကိုယ်လက်တွေ့ပြလိုက်တာ။ ကျောင်းနာမည် သိတယ်။
ကစားတဲ့ အသင်းနာမည်သိတယ်။ ဘယ်နေရာက ကစားတယ်။ ကျောနံပါတ်က ဘယ်လောက်လဲသိတယ်။
ဒါတွေ ကိုသိလိုက်တော့ အလွယ်တကူ ရှာလို့ရတာပေါ့။
shannon တုန်လှုပ်သွားမိတယ် ။
ဒါဆို ရှင်က မစ်ချီဂန်က မဟုတ်ဘူးပေါ့
သူကရယ်လိုက်တယ်။ အဲဒီလို အဝေးကြီးပြောမှမင်းက စိတ်ချလက်ချ လက်ခံ စကားပြောမှာ
မို့ ကိုယ်ကလိမ်ပြောခဲ့တာပါ။.
shannon ခေါင်းညိတ်လိုက်မိတယ်။
ကိုယ့်မိတ်ဆွေ မှာ မင်းလိုအရွယ်သမီးလေးတစ်ယောက်ရှိတယ် ။ အဲဒီကလေးမလေးကတော့
မင်းလို ကံမကောင်းရှာခဲ့ဘူး။ အွန်လိုင်းမှား မင်းလိုမိတ်ဆွေဖြစ်ခဲ့တဲ့ လူတစ်ယောက်ကအလွယ်တကူရှာပြီး
အိမ်မှာတစ်ယောက်တည်းရှိနေတုန်း ၀င်သတ်သွားခဲ့တယ်။. ဒါကြောင့်မင်းတို့လို အရွယ်တွေ အွန်လိုင်းမှာ
တွေ့ရာလူကို ကိုယ်နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ မပြောသင့်ဘူး။ တမင်တကာပြောတာမဟုတ်ပေ
မယ့် စကားပြောရင်းက သိချင်တဲ့ အကြောင်းအရာတွေ ပြောပြီးသားဖြစ်သွားတယ်။ အခုမင်း ကိုပဲကြည့်
လေ။ မင်းမပြောပေမယ့် မင်းကိုကိုယ်ရအောင် ရှာနိုင်တယ် မဟုတ်လား ။ ဒါကိုသင်ခန်းစာယူပြီးတော့ နောက်ထပ် အွန်လိုင်းမှာ ကိုယ်နဲ့မသိတဲ့ သူတစ်ယောက်ကို စကားအလွန်
အကျွန်မပြောမိအောင် သတိထားပါ ။ မင်းသူငယ်ချင်းတွေကိုလည်း သတိပေးပါ။ ဒါမှမင်းတို့အရွယ်
ကလေးတွေ ချင်တင်လုပ်ပေမယ့် လုံခြုံစိတ်ချရတယ်။
ဟုတ်ကဲ့ ကျမ ကတိပေးပါတယ်။
အဲဒီညမှာ shannon နဲ့ သူ့မိဘနှစ်ပါး တို့ ဘေးအန္တရာယ်က ကင်းလွတ်အောင်စောင့်ရှောက်ပေးတဲ့
ဘုရားသခင်ကို ကျေးဇူးတော်တင်တဲ့ အနေနဲ့ ရှိခိုးဝတ်ပြုခဲ့ ကြပါတယ်။
မြန်မာမိဘ တော်တော်များများဟာ ကိုယ့်ကလေးတွေကို ချက်တင်ဝင်နေရင် တခြားနေရာသွားတာမှ မဟုတ်ပဲ ။ လုံခြုံစိတ်ချရပါတယ်လို့ ယူဆကြပါတယ်.။ တကယ်တော့ ဒီခေတ်မှာ
မမြင်ရတဲ့ အန္တရာယ်တွေဟာ သူ့အလိုလို ဖိတ်ခေါ်ပြီးသားဖြစ်နေတာကို ဒီအဖြစ်အပျက်ကလေးဖတ်ပြီး
သင်ခန်းစာယူစေချင်ပါတယ်။
ကျနော်ပြောချင်တာလည်းရှိပါသေးတယ် ။ နောက်မှပြောမယ်နော် ဒါပေမယ့် ချက်တင်ထဲမှာတွေ့တဲ့
ညီမလေးတစ်ယောက်ကို သိပ်ခင်နေမိလို့ပြောချင်တာပါ။ ဒါပေမယ့် သူငယ်ချင်းအားလုံးကိုလည်း
ပြောချင်ပါတယ်။နော်။ ဒီစာကို သူဖတ်ရင်တော့ သိမှာပါ။
Credit>>လေဟာနယ်အိမ်မက်
မှတ်ချက် ...တင်ခဲ့မိသောpostများမှာ ကျွန်တော်တွေ့မိသောဖတ်မိသော အရာများကိုပြန်လည်မျှဝေပေးခြင်သာဖြစ်ပါသည်/လာလည်သောမိတ်ဆွေများကိုအထူးကျေးဇူးတင်ပါတယ်။(ဘလော့ကာအားလုံးကို အစဉ်လေးစားလျှက်)
No comments:
Post a Comment