အမေ့အိမ်သို့.....လွမ်းချင်း
အမေ......ကရုဏာအပြုံးများနှင့်
အမြဲတမ်း.........အားပေးတတ်တယ်....
ဘယ်အရာမဆိုမေတ္တာထားလို့....
အပြုံးများနှင့် သွန်သင်ဆုံးမတတ်တဲ့
အနှိုင်းမဲ့ မေတ္တာတော်ရှင် ချစ်မေမေ။
ငြီးငွေ့ ဖို့ကောင်းတဲ့ မလေးမြေထဲ................
ဆန်းကြမ်းထမင်း ချဉ်ရေဟင်းနဲ့
ဇာတ်လိုက်က ကြက်ဥ
မသေရုံတမယ် ဝမ်းရေးကျောင်းရင်း
အမေ့လက်ရာ.....ဟင်းလျာတွေကို
ရင်မှာအမြဲ တမ်းတမိတယ်........အမေ။
အမေ့ မေတ္တာအေးရိပ်ခွာလို့
မလေးမြေထဲ ပူပန်မှုများစွာနဲ့
ကြမ်တမ်းတဲ့ ဘဝလမ်းကိုလျှောက်ခဲ့တာ
ကာလလည်းမနည်းတော့ဘူး......။
အမေ့ အရိပ် ပြန်ချင်စိတ်က
တားမရသော်လည်း အံကိုကြိတ်ရင်း
ရည်မှန်ချက် တွေ ပြည့်တဲ့တစ်နေ့ 
အမေ့အေးရိပ် ပြန်ခိုလှုံဖို့
သားပြန်လာခဲ့ပါ့မယ်
ချစ်မေမေ....................။

crd...ချစ်ဦးလေး[တမာမြေ]
ဘလော့ကာအားလုံးကို အစဉ်လေးစားလျှက်)
ပြောင်းလဲမှု
တစ်ချိန်က နင့် မြတ်နိုးစွာ နမ်းခဲ့တဲ့ ငါ့ပါးပြင်
ခုတော့ နင့်ရဲ့ လက်ဝါးထက်မှာဆင်းသက်ရပါလား
တစ်ချိန်က နင့်ခေါင်းအုံးခဲ့တဲ့ ငါ့ရဲ့ပခုံး ခုတော့
နင့်ရဲ့ တွန်းတိုက် ခြင်းကိုခံရပါလား
တစ်ချိန်က နင့်မှီးခိုခဲ့တဲ့ ငါ့ရဲ့ ရင်ခွင်
ခုတော့ နင့်ရဲ့ရိုက်ပုတ်ခြင်းကိုခံရပါလား
တစ်ချိန်က နင့်အရမ်းချစ်ခဲ့တဲ့ငါ့ကို နင့်
ခုတော့လဲ နင့်အရမ်းမုန်းတယ်လူဖြစ်နေရပြီးလား
တကယ် ဆို ချစ်သူရယ်......... မင်းနဲ့ငါ့ကြားမှာ
နာလည်မှု ပါးပါးလေးလွဲခဲ့တာပါကွာ .............
နောက်ဆုံးတော့ အပျက်ပျက်နဲ့ နာခေါင်းသွေး
ထွက် ရတာပေါ့
နင့်ကိုခုချိန်ထိ .................
ငါ့မြတ်နိုးစွာနဲ့ ......................
ချစ်နေတုန်းပါ
(မှတ်ချက် ...တင်ခဲ့မိသောpostများကျွန်တော်တွေ့မိသောဖတ်မိသော အရာများကိုပြန်လည်မျှဝေပေးခြင်သာဖြစ်ပါသည်

ငါ နဲ့ အဝေးဆုံးမှာ ရှိနေတဲ့ နင် ငါ့ကို သစ္စာရှိစွာချစ်နေပေးပါလို့ ငါ တောင်းဆိုပါရစေ
အားမငယ်ပါနဲ့ ချစ်သူ လူနှစ်ယောက် ချစ်တဲ့ အချစ်မှာ ပေါင်းဖက်ခွင့်မရရင်တောင်မှ တစ်ယောက်ရင်ထဲမှာ တစ်ယောက် ရှိနေတဲ့ဆိုတဲ့ အတွေးလေးနဲ့တင် ဘဝကို ဖြတ်သန်းဖို့ အားအင်တွေ ရှိတယ်ကျပါတယါ
တစ်နေ့နေ့ပေါ့ နင် နဲ့ ငါ့ ရဲ့ အချစ်တွေက အချစ်စစ်တခုဖြစ်တဲ့ အတွက် ကံကြမ္မာဆိုတဲ့ သူကတောင် ငါ တို့နှစ်ယောက်ကို ပေါင်းဖက်ခွင့်ပေးမှာပါ။
crd**** အာဒမ် ****
(မှတ်ချက် ...တင်ခဲ့မိသောpostများကျွန်တော်တွေ့မိသောဖတ်မိသော အရာများကိုပြန်လည်မျှဝေပေးခြင်သာဖြစ်ပါသည်
ဘလော့ကာအားလုံးကို အစဉ်လေးစားလျှက်)
(မှတ်ချက် ...တင်ခဲ့မိသောpostများကျွန်တော်တွေ့မိသောဖတ်မိသော အရာများကိုပြန်လည်မျှဝေပေးခြင်သာဖြစ်ပါသည်
ဘလော့ကာအားလုံးကို အစဉ်လေးစားလျှက်)
ယောက်ျားလေး တစ်ယောက်က မိန်းကလေး တစ်ယောက်ကို တကယ်ချစ်မိပြီဆိုရင် သူမရဲ့ အတိတ်မှာ ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ ဘဝလက်တွဲဖော်အဖြစ် ရည်ရွယ်ပြီး ချစ်တတ်ကျပါတယ်
မိန်းကလေး တစ်ယောက်က ယောက်ျားလေးတစ်ယောက်ကို တကယ်ချစ်မိပြီဆိုရင် သူမ ဘဝမှာ သူတစါယောက်တည်းကို ပေးဆပ်ပြီး ချစ်နေတတ်ကျပါတယ်
တကယ်တော့ အချစ်မှာ တကယ်ချစ်မိပြီဆိုရင် မိန်းကလေးပဲ ဖြစ်ဖြစ် ယောက်ျားလေးပဲဖြစ်ဖြစ် ဘယ်လောက်ပဲ ဝေးကွာနေပါစေ မမြင်ကွယ်တဲ့ နောက်မှာလညါး သစ္စာရှိစွာ နေကျပါလိမ့်မယ်
တကယ်တော့ အချစ်မှာ ရှုံးတာ နိုင်တာရယ်လို့ မရှိပါဘူး ကိုယ်ချစ်တဲ့ ချစ်သူ ပျော်ရွှင်ဖို့အတွက်သာ ရည်ရွယ်ပြီး ကိုယ့်ရဲ့ မာန အတ္တတွေကို ခဝါချပြီး ကိုယ့်ချစ်သူကို ပျော်စေချင်တာ တကယ်ချစ်တတ်သူတိုင်းရဲ့ ဆန္ဒပါ
crd...***** အာဒမ် ******
(မှတ်ချက် ...တင်ခဲ့မိသောpostများကျွန်တော်တွေ့မိသောဖတ်မိသော အရာများကိုပြန်လည်မျှဝေပေးခြင်သာဖြစ်ပါသည်
ဘလော့ကာအားလုံးကို အစဉ်လေးစားလျှက်)
No comments:
Post a Comment