Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
ကျွန်တော့ဆိုင့်သို့အလည်လာအားပေးကြသောမိတ်ဆွေများကိုအထူးကျေးဇူးတင်လျှက်ပါ ။ကျွန်တော်ဖတ်မိသမျှသော လေ့လာမိသမျှသော post ပြန်လည်မျှဝေပေးနေခြင်းသာဖြစ်ပါသည် နည်းပညာလေ့လာနေသော ညီအကိုမောင်နှမများ တစ်နေရာတည်းမှာ လိုချင်တာလေးတွေ ရှာဖွယ်နိုင်အောင်၇ည်ရွယ်ချက် ဒီဘလော့ကို ဖန်းတီးထားရခြင်သာဖြစ်ပါသည် ဆရာကြီးတစ်ယောက်မဟုတ်အတွက် လေ့လာနေဆဲ့ သူတစ်ယောက်မို အမှားနဲ့ မကင်းဘူးဆိုတာ နားလည်သဘောပေါက်မိပါတယ် ဒါကြောင် အမှားရှိရင်လလည်းနားလည်ခွင့်လွတ်ပေးကြပါ(ဘလော့ကာအားလုံးကို အစဉ်လေးစားလျှက် ဆက်လက်ကြိုးစားပါအုံးမယ်)

ကြိုက်တဲ့ဘာသာပြောင်းဖတ်နိုင်ပါတယ်

မန်ဘာဝင်ပြီအားပေးခဲ့ပါအုံးနော့

Sunday, August 2, 2015

ဒီချုပ်ကိုယ်စားလှယ်လောင်း ရွေးချယ်မှုတွင် မပါဝင်သူအချို့ နုတ်ထွက်ရန် စီစဉ်


 အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း စာရင်းထုတ်ပြန်မူတွင် မူဝါဒနှင့် ကွဲလွဲနေသည်ဟုဆိုကာ ကိုယ် စားလှယ်လောင်း လျှောက်ထားခဲ့ သူအချို့  ပါတီမှ နုတ်ထွက်ရန် စီစဉ်နေကြောင်း သတင်းရရှိ သည်။
ရန်ကုန်တိုင်းဒေသကြီးအ တွက် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က သြဂုတ် ၁ ရက်တွင် ကိုယ်စားလှယ်လောင်းစာရင်း ထုတ်ပြန်ခဲ့ပြီးနောက် သဘောထားကွဲလွဲမှု များရှိနေခဲ့ပြီး ဗဟိုအဆင့်ရွေးချယ်မှုများသည် ပါတီက ချမှတ်ထားသည့်မူဝါဒနှင့် ကိုက်ညီမှုမရှိကြောင်း ကိုယ်စားလှယ်လောင်းလျှောက်ထားခဲ့သူအချို့က ပြောသည်။‘‘တော်တော်များများက ရွေးချယ်မှုကို လက်မခံနိုင်ဘူး။ အခု ဖြစ်နေရတဲ့ ပြဿနာက လူ ဟောင်း၊ လူသစ်ပြဿနာမဟုတ် ဘူး။ လုပ်ဆောင်ချက်ပြစရာမရှိ တဲ့ သူတွေကို ရွေးချယ်လိုက်လို့ လက်မခံနိုင်ကြတာပါ’’ဟု ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ်လောင်းအဖြစ် လျှောက် ထားခဲ့သော ရန်ကင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် ဦးမျိုးခင်က ပြောသည်။
၎င်းအနေဖြင့်လည်း အဆိုပါ ရွေးချယ်မှုအပေါ် သဘောမတူ သည့်အတွက် ပါတီက နုတ်ထွက် ကာ တစ်သီးပုဂ္ဂလအနေဖြင့် ၀င် ရောက်ယှဉ်ပြိုင်မည်ဟု ဆိုသည်။
ထို့အတူ အခြားမြို့နယ်များ မှ ကိုယ်စားလှယ်လောင်း လျှောက်ထားခဲ့သူအချို့လည်း ရွေးချယ် မှုအပေါ် မကျေမနပ်ဖြစ်နေပြီး နုတ်ထွက်ရန် ပြင်ဆင်နေမှုများ ပြုလုပ်နေကြသည်ဟု ၎င်းတို့၏ ပြောပြချက်အရ သိရသည်။
‘‘ကျွန်တော်တို့ထက် လုပ်နိုင်ကိုင်နိုင်သူကို ရွေးချယ်လိုက်ရင် လက်ခံတယ်။ အဲဒီလူအနိုင်ရ အောင် ၀န်းရံပံ့ပိုးပေးဖို့လည်း အဆင်သင့်ပဲ။ အခုက ပုံရိပ် မကောင်းတဲ့သူတွေပါလာတော့ သူတို့ကို အောင်နိုင်ရေးအတွက် ပြည်သူတွေကို မဲဆွယ်ပြောကြား ပေးဖို့ ကျွန်တော်တို့ ပြောမထွက် ဘူး။ ဒါကြောင့်လည်း နုတ်ထွက် ဖို့ လုပ်နေကြတာ’’ ဟု တိုက်ကြီး မြို့နယ် အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စား လှယ်လောင်းအဖြစ် လျှောက် ထားခဲ့သူ တစ်ဦးက ပြောသည်။
ကိုယ်စားလှယ်လောင်းရွေး ချယ်မှုတွင် တိုင်းအဆင့်ထိ အ မှတ်ပေးအကဲဖြတ်မှု မှန်ကန်ခဲ့ပြီး ဗဟိုအဆင့်ရောက်မှသာ မျှော် မှန်းချက်နှင့် ကွဲလွဲမှုများရှိခဲ့ခြင်း ဖြစ်သည်ဟု ၎င်းတို့က ဆိုသည်။
ယင်းတို့အနက် ထင်ရှား သည့် နိုင်ငံရေးသမားအချို့လည်း တာဝန်ပေးရွေးချယ်ခံရသည့် စာ ရင်းမှ ကျန်ခဲ့ခြင်းများလည်း ရှိနေ သည်။ကိုယ်စားလှယ်လောင်းရွေး ချယ်ခြင်းကို ပညာရှင်အဖွဲ့နှင့် စီအီးစီအဖွဲ့တို့က ပါတီက ချမှတ်ထားသော မူဝါဒနှင့်အညီသာ အဆင့်ဆင့် စိစစ်ရွေးချယ်ခဲ့ခြင်း ဖြစ်ပြီး ယင်းရွေးချယ်မှုအပေါ် လက်ခံနိုင်ခြင်းမရှိ၍ ပါတီမှ နုတ်ထွက်မည်ဆိုပါက ၎င်းတို့၏ ပါတီအပေါ် နဂိုကတည်းက ထားရှိသည့် ရပ်တည်ချက်သဘောထား ကို အကဲခတ်နိုင်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအ လုပ်အမှုဆောင် ဦးဝင်းမြင့်က ပြောသည်။
‘‘ဝေဖန်မှုကတော့ ရှိနေမှာပါပဲ။ တစ်ဖက်ကို ရွေးရင် တစ် ဖက်က ဝေဖန်မှာပဲ။ ကျွန်တော် တို့တွေက သေသေချာချာစိစစ်ပြီး မှ ဆုံးဖြတ်ထုတ်ပြန်တာဖြစ်တဲ့ အတွက် ဒီထုတ်ပြန်ချက်ကို ပြန် ပြင်ဖို့ မရှိဘူး’’ဟု ၎င်းက ပြော သည်။ အဆိုပါ ကိုယ်စားလှယ် လောင်းရွေးချယ်တာဝန်ပေးရာ တွင် ချန်လှပ်ခံထားရသူစာရင်း၌ ဦးကိုကိုကြီး၊ ဒေါက်တာ ညိုညို သင်း၊ ဒေါက်တာ အောင်သူစ သည့် ထင်ရှားသည့် ပုဂ္ဂိုလ်များ လည်း ပါဝင်နေပြီး ၎င်းတို့ သဘောထားကိုမူ ထုတ်ဖော်ပြောကြား ခြင်းမရှိသေးပေ။

မူရင်းfacebook >>https://www.facebook.com/7daynews?fref=nf

မှတ်ချက် ...တင်ခဲ့မိသောpostများမှာ ကျွန်တော်တွေ့မိသောဖတ်မိသော အရာများကိုပြန်လည်မျှဝေပေးခြင်သာဖြစ်ပါသည်/လာလည်သောမိတ်ဆွေများကိုအထူးကျေးဇူးတင်ပါတယ်။(ဘလော့ကာအားလုံးကို အစဉ်လေးစားလျှက်)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...