Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
ကျွန်တော့ဆိုင့်သို့အလည်လာအားပေးကြသောမိတ်ဆွေများကိုအထူးကျေးဇူးတင်လျှက်ပါ ။ကျွန်တော်ဖတ်မိသမျှသော လေ့လာမိသမျှသော post ပြန်လည်မျှဝေပေးနေခြင်းသာဖြစ်ပါသည် နည်းပညာလေ့လာနေသော ညီအကိုမောင်နှမများ တစ်နေရာတည်းမှာ လိုချင်တာလေးတွေ ရှာဖွယ်နိုင်အောင်၇ည်ရွယ်ချက် ဒီဘလော့ကို ဖန်းတီးထားရခြင်သာဖြစ်ပါသည် ဆရာကြီးတစ်ယောက်မဟုတ်အတွက် လေ့လာနေဆဲ့ သူတစ်ယောက်မို အမှားနဲ့ မကင်းဘူးဆိုတာ နားလည်သဘောပေါက်မိပါတယ် ဒါကြောင် အမှားရှိရင်လလည်းနားလည်ခွင့်လွတ်ပေးကြပါ(ဘလော့ကာအားလုံးကို အစဉ်လေးစားလျှက် ဆက်လက်ကြိုးစားပါအုံးမယ်)

ကြိုက်တဲ့ဘာသာပြောင်းဖတ်နိုင်ပါတယ်

မန်ဘာဝင်ပြီအားပေးခဲ့ပါအုံးနော့

Sunday, August 2, 2015

ရေဘေးကယ်ဆယ်ရေး ပစ္စည်းများအပေါ် အခွန်မကောက်ဟု တာဝန်ရှိသူပြော


စကုမြို့နယ် ရေလယ်ကျွန်းကျေးရွာရှိ ရေဘေးဒုက္ခသည်မိသားစုကို သြဂုတ် ၂ ရက်က တွေ့ရစဉ် ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
 ရေဘေးကယ်ဆယ်ရေး အတွက် စင်ကာပူမှ ပို့ပေးလိုက် သည့် အ၀တ်အထည်ပစ္စည်းများ ကို အခွန်ကောက်ခံခဲ့ကြောင်း ဖေ့စ်ဘွတ်ခ်ပေါ်တွင် သတင်းပျံ့ နေခြင်းမှာ မှန်ကန်ခြင်းမရှိဘဲ ကယ်ဆယ်ရေးပစ္စည်းများအပေါ် အခွန်လုံးဝကောက်ခံခြင်း မရှိ ကြောင်း သမ္မတရုံးညွှန်ကြားရေး မှူးဦးဇော်ဌေးက ၎င်း၏မှူးဇော် အမည်ရှိ ဖေ့စ်ဘွတ်ခ်မှတစ်ဆင့် ထုတ်ပြန်ခဲ့သည်။
စင်ကာပူမှ နောက်ဆုံးပေး ပို့လိုက်သော အသက်ကယ်လှေ နှစ်စီးနှင့် အသက်ကယ်ဝတ်စုံ ၁၀၀ မှာ ရေဘေးသင့်ပြည်သူများ အား လှူဒါန်းခြင်းဖြစ်ကြာင်း ကြို တင် တင်ပြထားခြင်းမရှိသာ ကြောင့် နားလည်မှုလွဲမှားသည့် ဖြစ်စဉ်တစ်ခုသာဖြစ်ပေါ်ခဲ့ပြီး လက်ရှိတွင် ထုတ်ယူခွင့်ရရှိသွား ပြီဖြစ်ကြောင်း ဖော်ပြထားသည်။
စင်ကာပူမှ ရေဘေးအတွက် ပေးပို့လိုက်သည့် အ၀တ်အထည် များကို အကောက်ခွန်ဦးစီးဌာနက တစ်ထည်လျှင် ကျပ် ၁,၅၀၀ နှုန်း ဖြင့် ကောက်ခံနေကြောင်းကို Melvin Moe အမည်ဖြင့် ဖေ့စ် ဘွတ်ခ်အကောင့်ပိုင်ရှင်က ၎င်း၏ ကိုယ်ပိုင်အကောင့်တွင် တင်ခဲ့ ခြင်းဖြစ်သည်။
ရေဘေးအတွက် လှူဒါန်းပါ က တိကျသောအထောက်အထား တစ်စုံတစ်ရာ ပါဝင်လျှင် အခွန် ကင်းလွတ်ခွင့်ပေးကြောင်းဘဏ္ဍာ ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူက ရှင်းပြထားသည်။
လှူဒါန်းမှုများအတွက်မှန် ကန်ကြောင်းအနေဖြင့် သံရုံးများ၊ NGO၊ UN Agency များမှတစ် ဆင့် အထောက်အထားရနိုင်ပြီး သံရုံးများမှ သက်ဆိုင်ရာဝန်ကြီး ဌာနများ၏ အကူအညီဖြင့်ဆောင် ရွက်ပါက အခွန်ကင်းလွတ်ခွင့်ရ နိုင်မည်ဖြစ်ကြောင်း အဆိုပါရှင်း လင်းချက်တွင် ပါရှိသည်။
လှူဒါန်းရန် ပြည်ပမှ ကုန် ပစ္စည်းများတင်သွင်းရာတွင် အ ခွန်သတ်မှတ်ချက်ကင်းလွတ်ခွင့် မရှိသော ကုန်ပစ္စည်းများတင် သွင်း ပါက အခွန်ပေးဆောင်ရမည် ဖြစ်သည်။ ယင်းကုန်ပစ္စည်းများကို အခွန်ကင်းလွတ်ခွင့်ရလို ပါက ဘဏ္ဍာရေးဝန်ကြီးဌာနသို့ ဦးစွာ တင်ပြရန်လိုပြီး ယင်းဌာနမှတစ် ဆင့် ပြည်ထောင်စုအစိုးရသို့ တင် ပြရသည်ဟုဆိုသည်။ ထို့နောက် ပြည်ထောင်စုအစိုးရမှတစ်ဆင့် လွှတ်တော်ထံ တင်ပြပြီး ကင်း လွတ်ခွင့်ပြုမှသာ အခွန်ကင်း လွတ်ခွင့်ပြုနိုင်မည် ဖြစ်ကြောင်း ပြည်တွင်းအခွန်ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးတစ်ဦးက ပြော သည်။‘‘အ၀တ်ဟောင်းတွေဆိုရင် တော့မပေးရဘူး။ ပေးစရာမလို ဘူး။ ကောက်ခွင့်လည်းမရှိဘူး။ ကျွန်တော်ကြားတာကတော့ အ ၀တ်ဟောင်းတွေကြားထဲမှာ သူ တို့သယ်ချင်တဲ့ပစ္စည်းတွေထည့် သယ်လို့ အခွန်ကောက်တာလို့ ကြားတယ်။ ဟုတ်၊ မဟုတ်တော့ မသိဘူး’’ဟု မကြာမီက စင်ကာပူ နိုင်ငံမှ ပြန်လည်ရောက်ရှိလာ သည့် ကိုဇာနည်ကပြောသည်။
‘‘အခုပဲလှူဖို့ပစ္စည်းတွေပို့ပြီး ပြန်လာတာ။ အဲဒီလိုတော့မကြား ပါဘူး’’ဟု စင်ကာပူနိုင်ငံတွင် နေ ထိုင်သည့် မအိဖြူကပြောသည်။
သြဂုတ် ၁ ရက်တွင် စင် ကာပူမှ အလှူရှင်များပေးပို့လိုက် သည့် အ၀တ်အထည်အဟောင်း များကို မြန်မာပြည်သို့ ကွန်တိန်နာ အလိုက်ပို့ရာတွင် ဆိုင်ရှင်တစ်ဦး ကလှူသည့် အထုပ်ထဲ၌ အင်္ကျီ များကြားတွင် အိုင်ဖုန်းအသစ်အ လုံး ၁,၀၀၀ ကျော်ထည့်ကာ တင် သွင်းလာသည်ကို အကောက်ခွန် ကတွေ့ရှိ၍ သိမ်းဆည်းခဲ့ကြောင်း စင်ကာပူလမ်းညွှန် ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဖော်ပြထားသည်။

  credti>>7Day News Journal

မှတ်ချက် ...တင်ခဲ့မိသောpostများမှာ ကျွန်တော်တွေ့မိသောဖတ်မိသော အရာများကိုပြန်လည်မျှဝေပေးခြင်သာဖြစ်ပါသည်/လာလည်သောမိတ်ဆွေများကိုအထူးကျေးဇူးတင်ပါတယ်။(ဘလော့ကာအားလုံးကို အစဉ်လေးစားလျှက်)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...