Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
ကျွန်တော့ဆိုင့်သို့အလည်လာအားပေးကြသောမိတ်ဆွေများကိုအထူးကျေးဇူးတင်လျှက်ပါ ။ကျွန်တော်ဖတ်မိသမျှသော လေ့လာမိသမျှသော post ပြန်လည်မျှဝေပေးနေခြင်းသာဖြစ်ပါသည် နည်းပညာလေ့လာနေသော ညီအကိုမောင်နှမများ တစ်နေရာတည်းမှာ လိုချင်တာလေးတွေ ရှာဖွယ်နိုင်အောင်၇ည်ရွယ်ချက် ဒီဘလော့ကို ဖန်းတီးထားရခြင်သာဖြစ်ပါသည် ဆရာကြီးတစ်ယောက်မဟုတ်အတွက် လေ့လာနေဆဲ့ သူတစ်ယောက်မို အမှားနဲ့ မကင်းဘူးဆိုတာ နားလည်သဘောပေါက်မိပါတယ် ဒါကြောင် အမှားရှိရင်လလည်းနားလည်ခွင့်လွတ်ပေးကြပါ(ဘလော့ကာအားလုံးကို အစဉ်လေးစားလျှက် ဆက်လက်ကြိုးစားပါအုံးမယ်)

ကြိုက်တဲ့ဘာသာပြောင်းဖတ်နိုင်ပါတယ်

မန်ဘာဝင်ပြီအားပေးခဲ့ပါအုံးနော့

Thursday, January 14, 2016

iPhone တွေမှာဖြစ်လေ့ရှိတဲ့ Invalid Sim Card Error ပြသနာကိုဖြေရှင်းနည်း



iPhone တွေမှာဖြစ်လေ့ရှိတဲ့ Invalid Sim Card Error ပြသနာကိုဖြေရှင်းနည်းကို
ပန်းသီးချစ်သူများအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ယခုဖေါ်ပြချက်များသည် စမ်းသပ်အောင်မြင်ပြီးမှ ရေးလိုက်ခြင်းမဟုတ်ပါ
တိုက်ရိုက်ဘာသာပြန်ထားခြင်းသာဖြစ်ပါတယ် ဒါပေမယ့် ဒီနည်းလမ်းများသည်
85% လောက် Working ဖြစ်ပါတယ်၊ ဒီပိုစ့်တွင် “invalid SIM card error” ပြသနာကို
အကောင်းဆုံးဖြေရှင်းနည်းကတော့ (၅) မျိုးရှိပါတယ်၊ အဆိုပါ (၅) မျိုးထဲမှတစ်ခုခုဖြင့်
အဆင်ပြေအောင်မြင်ခဲ့တယ်ဆိုရင်တော့ ကျနော်ကြိုးစားရကျိုးနပ်ပါပြီ။


iDevice အများစုမှာဖြစ်လေ့ရှိတဲ့ “invalid SIM card error” ပြသနာဟာ
Service ဆိုင်ကိုသွားလုပ်ရင် $ မနည်းတာမို့ တကယ်လို့ ဒီလိုမျိုးပြသနာမျိုးဖြစ်လာခဲ့ရင်
ကိုယ်တိုင်အလွယ်တကူ ဖြေရှင်းနိုင်အောင် ကြိုးစားပြီး ဘာသာပြန်ပေးလိုက်ပါတယ်။

 Invalid Sim Card Error ပြသနာကိုဖြေရှင်းနည်း
===========================
၁။ Network settings ကို reset ပြုလုပ်ပေးပါ

ပမဆုံးဖြေရှင်းနည်းကတော့ Network settings ကို Reset ပြုလုပ်ပေးခြင်းပါပဲ
ဒီအတွက် Settings > General > Reset >ကိုနှိပ်ပြီး Reset Network Settings ဆိုတာကို
တစ်ချက်ချင်းနှိပ်ပေးလိုက်ပြီး Network Setting ကို Reset တစ်ခုပြုလုပ်ပေးလိုက်ပါ။

အဆိုပါ Network Settings ကို Reset ပြုလုပ်ပေးခြင်းသည်
sim card error ကိုအကောင်းဆုံး ဖြေရှင်းပေးနိုင်တဲ့နည်းလမ်းဖြစ်ပါတယ်။

၂။ Handset ကို reboot ပြုလုပ်ပေးပါ

ဒုတိယဖြေရှင်းနည်းကတော့ Handset ကိုပြုလုပ်ပေးခြင်းဖြစ်ပါတယ်
သင့်ဖုန်းမှာ Invalid Sim Card Error ပြသနာမျိုးဖြစ်လာခဲ့ပြီဆိုရင်တော့
ဖုန်းကို Reboot ချပေးရမှာပဲဖြစ်ပါတယ်၊

 ဒီလိုဖုန်းကို Reboot ချပေးခြင်းသည် အဆိုပါပြသနာကို အလွယ်တကူ
 ဖြေရှင်းပေးနိုင်ပါတယ် ဒီအတွက် ပါဝါခလုပ်ကို ဖိထားပြိး Slide to power off ဆိုတာကို
ဆွဲပြီးဖုန်းကို Reboot ချပေးလိုက်ပါ 10-20 စက္ကန့်လောက်ကြရင်ပြန်ဖွင့်လိုက်ပါ
 အဲဒီ Invalid Sim Card Error ပျောက်သွားပါ လိမ့်မယ်။

၃။ Airplane mode ကို ပိတ်/ဖွင့် ပြုလုပ်ပေးပါ

တတိယဖြေရှင်းနည်းကတော့ Airplane mode ကို
Switch on - off ပိတ်/ ဖွင့် ပြုလုပ်ပေးခြင်းပဲဖြစ်ပါတယ်။

ဒီနည်းလမ်းသည် iPhone တွေအဖြစ်များလေ့ရှိတဲ့
 Invalid Sim Card Error ပြသနာကို အလွယ်တကူဖြေရှင်းပေးနည်းပဲဖြစ်ပါတယ်။

၎။ SIM card ကိုဖြုတ်တပ်လုပ်ကြည့်ပါ 

ဒီတစ်ခါ ဖြေရှင်းနည်းကတော့ SIM card ကိုပြန်လည်ဖြုတ်တပ်လုပ်ပေးခြင်းပါပဲ
ဒီအတွက် ဖုန်းကို ပါဝါပိတ်လိုက်ပါ ပြီးရင် SIM card ကိုဖြုတ်လိုက်ပါ၊ ဖုန်းပါဝါပြန်ဖွင့်
လိုက်ပါ "No sim card installed" ဆိုပြီး Message ကိုမြင်နေရရင်တော့
sim card ကိုပြန်တပ်လိုက်ပါ သင့်ဖုန်းမှာ  Invalid Sim Card Error ပြသနာလေး အဆင်ပြေသွားပါလိမ့်မယ်။
၅။ Device ကို New setup တစ်ခုအဖြစ် ပြုလုပ်ပေးလိုက်ပါ
နောက်ဆုံးဖြေရှင်းနည်းကတော့ All Settings ကို Erase လို့ခေါ်တဲ့
Reset ပြုလုပ်ပေးခြင်းပဲဖြစ်ပါတယ်။ ဒီလို Erase all မပြုလုပ်မှီ မိမိဖုန်းရဲ့
Data များကို Cloud သို့ ကွန်ပျူတာဖြင့် Backup ပြုလုပ်ပေးထားလိုက်ပါ။
ပြီးတော့မှ Settings > General > select Reset > select “>
Erase All Content and Settings”. ဆိုပြီး တစ်ချက်ချင်းနှိပ်ကာ
ဖုန်း Settings တစ်ခုလုံးကို Reset ချပေးလိုက်ပါ။
 ပြန်တက်လာတဲ့အခါ သင့်ဖုန်းကို New setup တစ်ခုပြုလုပ်ပြီး activate လုပ်ပေးလိုက်ရုံပါပဲ။
ဒီဖြေရှင်းနည်းသည် Sim Card Error ပြသနာကို နောက်ဆုံးဖြေရှင်းနည်းဖြစ်ပါတယ်။
အထက်ဖေါ်ပြပါ  Invalid Sim Card Error ပြသနာကိုဖြေရှင်းနည်းများသည်
System Method ကျကျအကောင်းဆုံးဖြေရှင်းနည်းများဖြစ်ပါတယ်။ 
Ref-www.unlockboot.com
အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
 
မှကူးယူဖော်ပြသည်
 www.zunite.org

တင်သမျှpost တွေကို facebook စာမျက်နှာက ဖတ်ချင်တယ်ဆိုရင်{ ဒီမှာ } ဆိုတာနှိပ်ပြီ facebook likes နဲ့ အားပေးခဲ့ပါနော့

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...