Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
ကျွန်တော့ဆိုင့်သို့အလည်လာအားပေးကြသောမိတ်ဆွေများကိုအထူးကျေးဇူးတင်လျှက်ပါ ။ကျွန်တော်ဖတ်မိသမျှသော လေ့လာမိသမျှသော post ပြန်လည်မျှဝေပေးနေခြင်းသာဖြစ်ပါသည် နည်းပညာလေ့လာနေသော ညီအကိုမောင်နှမများ တစ်နေရာတည်းမှာ လိုချင်တာလေးတွေ ရှာဖွယ်နိုင်အောင်၇ည်ရွယ်ချက် ဒီဘလော့ကို ဖန်းတီးထားရခြင်သာဖြစ်ပါသည် ဆရာကြီးတစ်ယောက်မဟုတ်အတွက် လေ့လာနေဆဲ့ သူတစ်ယောက်မို အမှားနဲ့ မကင်းဘူးဆိုတာ နားလည်သဘောပေါက်မိပါတယ် ဒါကြောင် အမှားရှိရင်လလည်းနားလည်ခွင့်လွတ်ပေးကြပါ(ဘလော့ကာအားလုံးကို အစဉ်လေးစားလျှက် ဆက်လက်ကြိုးစားပါအုံးမယ်)

ကြိုက်တဲ့ဘာသာပြောင်းဖတ်နိုင်ပါတယ်

မန်ဘာဝင်ပြီအားပေးခဲ့ပါအုံးနော့

Wednesday, October 7, 2015

Xiaomai ဖုန်းများ TwrpCWM မှ Firmware တင်နည်း


Twrp<or>CWM သွင်းထားတဲ့Xiaomi ဖုန်းများကို Twrp<or>CWM မှ Firmware တင်နည်းကိုဖော်ပြသွားမှာဖြစ်ပါတယ်။ ခုမှစကိုင်တဲ့ User တွေအတွက်ရည်ရွယ်ပါတယ်။ ကျွန်တော့်မှာရှိတဲ့ Redmi Note 4g နဲ့ရှင်းပြမှာဖြစ်ပါတယ်။Twrp<or>CWM  ရဲ့လုပ်ဆောင်ချက်သဘောတရားကတော့ UI သာကွာချင်ကွာသွားပေမယ့် သဘောတရားတွေကတော့ တူတူပါပဲ Version အလိုက်တော့ Function လေးတွေပိုသာသွားမယ်လို့ထင်ပါတယ်။ တစ်ခုသတိပေးချင်တာကတော့ ကျွန်တော်ဟာလဲ သာမာန်User တစ်ယောက်အဖြစ်တဲ့အတွက် ခုလိုရှင်းပြတဲ့နေရာမှာ အမှားတစ်စုံတစ်ရာ ရှိခဲ့ရင်နားလည်ပေးကြပါရန်နှင့် Tutorial သဘောတရား အနေနဲ့သာပြခြင်းဖြစ်တဲ့အတွက်ကြောင့် မိမိစက်တစ်စုံတစ်ခုဖြစ်ပေါ်ခဲ့ပါက ကျွန်တော်နဲ့မသက်ဆိုင်ပါကြောင်းကိုတော့ ကြိုတင်သတိပေးပါတယ်ခင်ဗျာ။ ကဲစလိုက်ရအောင်ဗျာ ပထမဦးဆုံးအနေနဲ့ Twrp<or>CWM mode ကိုအရင်ဝင်ရမှာဖြစ်ပါတယ် Twrp<or>CWM mode ၀င်နည်းပထမနည်းကတော့ mi phone မှာ Updater app လေးပါတာများပါတယ် ရှာလို့တွေ့ရင် ၀င်လိုက်ပါ (about>Check Version ကနေလဲဝင်လို့ရပါတယ်)

Updater ကိုနှိပ်ပါ ညာဘက်အပေါ်ထောင့်မှာ … အစက်လေးသုံးစက်ကိုနှပ်ပါ အောက်ကပုံလို menu လေးတက်လာပါမယ် Reboot to recovery mode ကိုနှိပ်ပါTwrp<or>CWM  mode ထဲရောက်သွားပါမယ်။
ဒုတိယနည်း CWM ကိုဝင်ဖို့အတွက် ပုံမှန်ဆိုရင် ဖုန်းကိုအရင်ဆုံးပါဝါပိတ်ပါ ပါဝါလုံးဝပိတ်သွားပါက Volume Up(+) key ရယ် Power Key ရယ်ကိုတွဲနှိပ်ပေးပါ 5sec လောက်ဆိုရင် mi Logo လေးနဲ့တက်လာပီဆိုတာနဲ့ လွှတ်ပေးလိုက်ပါ တအောင့်ကြရင် အောက်က ပုံထဲကလို CWM mode ထဲကိုရောက်သွားပါလိမ့်မယ် (ဥပမာပုံနော်) အပေါ်အောက်သွားဖို့ကို Volume + ဆိုအပေါ် - ဆိုအောက် Power key ဆို ok လို့မှတ်ယူထားပါ။Touch နဲ့ကမှားထိမိနိုင်ပါတယ် မကျွမ်းကျင်သေးရင်မလုပ်သင့်ပါ။
Firmware အသစ် တင်မှာဖြစ်တဲ့အတွက် ရှိသမျှ data/system file တွေအကုန်လုံးကို wipe&format လုပ်ရမှာဖြစ်ပါတယ်။တစ်ခုချင်းစီလိုက်လုပ်စရာမလိုပါဘူး Wipe&Format ထဲကိုဝင်။ Clean To install a new rom ကိုနှိပ်ပါ။
ခဏလေးနေရင်ရပါပြီ Go Back ကိုနှိပ်ပါ
Install Zip ကိုနှိပ်ပါ
များသောအားဖြင့်မိမိ install လုပ်မယ့် zip File ဟာ External sd မှာပဲထည့်ပီး လုပ်တာများပါတယ်။ မိမိ install လုပ်မယ့် Fileက အောက်ဆုံးမှာပဲရှိတတ်ပါတယ် တွေ့ပီ သေချာပီဆိုရင် Power Key ကိုနှိပ်ပါ။
နောက်ဆုံးအဆင့် သေချာပီဆိုရင် Yes ကိုရွေး Power Key ထပ်နှိပ်ပါ Install လုပ်တာအလွန်ဆုံးသုံးမိနစ်ခန့်သာကြာပါတယ် (ကျွန်တော့်ဖုန်းမှာပါ :D)
အားလုံးပီးသွားရင်တော့ Press any key to continue ကိုနှိပ်ပါ။ Go back ကိုနှိပ်ပါ Reboot လုပ်ပါ။ Firmware တင်ပြီးပထမဦးဆုံးတစ်ခေါက်မှာ 3မိနစ်ကလေ 7မိနစ်အထိကြာနိုင်ပါတယ် စိတ်ရှည်ရှည်နဲ့စောင့်ကြည့်ပါ 10မိနစ်ကျော်တဲ့အထိ Logo ကနေဆက်မသွားဘူးဆိုရင်တော့ Battery ကိုဖြုတ် ခဏနေမှပြန်တတ် ပြန်ဖွင့် ဒါမှဘာမှမထူးဘူးဆိုရင်တော့ Firmware တင်တဲ့နေရာမှာ File မှားနေတာ(or) မိမိဖုန်းနဲ့မသင့်တော်တဲ့ File ကိုရွေးမိသွားပီဖြစ်ပါတယ်။ အဲ့လိုမဟုတ်ပဲ ဖုန်းလေးက တုန်လာမယ် Button Light လေးတွေလင်းလာမယ် ဆိုရင်တော့ ဟဲဟဲ အောင်မြင်စွာပီးဆုံးသွားပီဖြစ်ပါတယ်။ မိတ်ဆွေတို့အတွက် တစ်စုံတစ်ခုလောက်တော့ အသုံးဝင်မယ်ထင်ပါတယ်
 P.H.K

Credit>> http://xiaomimyanmar.blogspot.com

တင်သမျှpost တွေကို facebook ဖတ်ချင်တယ်ဆိုရင် ဒီမှာ ဆိုတာနှိပ်ပြီ facebook likes နဲ့ အားပေးခဲ့ပါနော့ မှတ်ချက်....လေ့လာမိတာလေးတွေကိုပြန်လည်မျှဝေပေးခြင်သာဖြစ်ပါသည်/လာလည်သောမိတ်ဆွေများကိုအထူးကျေးဇူးတင်ပါတယ်။(ဘလော့ကာအားလုံးကို အစဉ်လေးစားလျှက်)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...