မင်းသားကြီးရွှီဘန်း သီတန်းစာရတု
---------------------------------
မင်းသားအမှန်၊ ငါလျှင်ကြံက
နိုင်ငံရပ်စည်၊ တိုင်းပြည်အတွက်
ကိုယ့်အသက်ကို၊ ရက်ရက်စွန့်ခွာ
ကုလားရွာ၌၊ ခန္ဓာရုပ်ဟောင်း
ဘ၀ပြောင်းလိမ့် ---။
ဖြစ်ကြောင်းသံသရာ၊ သတ္တ၀ါရို့
မှန်စွာမချွတ်၊ သူမသတ်လည်း
မလွတ်တခါ၊ သီအံ့ရာတည်း ---။
ကမ္ဘာတာရှည်၊ သူရို့သည်လည်း
အတည်မစိုး၊ ငါမြီတိုးသော်
အရိုးတခါ၊ တွန်လိမ့်ရာ၏ ---။
နောင်လာနောက်လူ၊ ရခိုင်သူရို့
အယူမစောင်း၊ ငါ့လမ်းကြောင်းကို
ကောင်းကောင်းလိုက်နာ၊ တိုင်းဓညာကို
တခါမုက္ချ၊ ငါရို့ရအံ့ ---။
လုံ့လရှိခံ၊ လိုလျှင်ကြံက
နိဗ္ဗာန်မချွတ်၊ လက်ဝါးခတ်သည်
စွဲမှတ်ဤစာသီတမ်းတည်း ---။ ။
(မင်းသားကြီးရွှီဘန်း)
မင်္ဂလာပါ.......ကျွန်တော်တင်မျှpostများသည် ကျွန်တော်လေ့လာမိသမျှကို ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်(သင်ဆရာ မြင်ဆရာ ကြားဆရာ အားလုံးအစဉ်ဂါရ၀ပြုလျက်)
ကြိုက်တဲ့ဘာသာပြောင်းဖတ်နိုင်ပါတယ်
မန်ဘာဝင်ပြီအားပေးခဲ့ပါအုံးနော့
Friday, July 10, 2015
Subscribe to:
Post Comments (Atom)
No comments:
Post a Comment