Sunday, April 5, 2015

ဆုံးမတတ်ပါစေ

ဆုံးမတတ်ပါစေ
=========
မိဘဆိုတာ သားသမီးတွေရဲ့ လက်ဦးဆရာလို့ ရှေးပညာရှိတွေပြောခဲ့ကြတာ
စာဖတ်သူတွေလည်းအသိပါ။ ငယ်ငယ်ကတည်းက လိမ္မာအောင် သွန်သင်ဆုံးမနိုင်ခဲ့တာလည်း မိဘတွေကြောင့်ပါ အချို့က ကြီးလာမှ မိုက်ရိုင်းလာတယ် မိဘနဲ့ ခြေရာခြင်းတူလို့ လူပါးဝတာ ဘာညာဆိုပြီး
ပြောတတ်ကြပါတယ်… အမှန်တော့လည်း သားသမီးလိမ္မာတာ မိုက်ရိုင်းတာက မိဘနဲ့ အများကြီး သက်ဆိုင်ပါတယ် ဆုံးမလွန်းအားကြီးရင်လည်း သားသမီးတွေစိတ်ညစ်ပြီး လမ်းမှားရောက်သွားတတ်ပါတယ် ။ အသိဥာဏ် နုနယ်သေးတဲ့
ကလေးလေးတွေမှာ ငယ်စဉ်အခါက “ဒါက ဘာကြီးလဲဖေဖေ ဒါက ဘာကြီးလဲမေမေ ” စသဖြင့် သူတို့ မသိတဲ့အရာတွေကို
ခဏခဏ အမေးမြန်းထူတတ်ပါတယ် ။ အဲလိုမေးလာတဲ့အရွယ်ကစလို့
ကိုယ့်သားသမီးတွေက ကိုယ့်ကို အတုယူနေတယ်ဆိုတာ သတိပြုပါ
ကိုယ်က သူတို့ရှေ့မှာ ဆေးလိပ်သောက်ပြရင် သူတို့က ဆေးလိပ်ကို ပါးစပ်ထဲထည့်တာလို့ထင်ပြီး ကိုယ်မရှိခင် ပါးစပ်ထဲ ထည့်နေတတ်ပါတယ်

ဥပမာပြောပြတာပါ … အချို့မိဘတွေရှိသေးတယ်ဗျ နင့်ဖေကြီးကို ဆဲလိုက်ပါအုံး … ဆဲပြလိုက်စမ်း ဆိုပြီး စကားမပြောတတ် ပြောတတ်ကာစ အရွယ်လေးကို စသင်ပေးနေပုံက အဆဲနဲ့ …။ ဒီလိုလူတွေ ပတ်ဝန်းကျင်မှာ များစွာတွေ့နေရပေမယ့် ဘာပြောတတ်မှာလဲ? ဘာမှမပြောတတ်ပါဘူး
ဒါပေမယ့် ကိုယ့်အတွက် သင်ခန်းစာတစ်ခုတော့ ကောင်းကောင်းကြီးရလိုက်ပါတယ် ။ ငယ်ငယ်လေးကတည်းက
ဆုံးမပဲ့ပြင်မှု ကောင်းမွန်တဲ့ အောက်မှာ စည်းကမ်းရှိရှိ ကြီးပြင်းလာတဲ့
ကလေးတစ်ယောက်အဖို့ အသက်အရွယ်ကြီးလာချိန် မိဘနဲ့ခွဲခွာနေရတဲ့
အချိန်တွေမှာလည်း မိမိစိတ် မိမိ ထိန်းနိုင်သွားကြပါတယ် အပေါင်းအသင်းမှားလို့ ပျက်စီးတယ်ဆိုတာ အလကား မိမိစိတ်မနိုင်လို့
ပြောကြသူတွေပါ .. တကယ်တော့ ကိုယ်သာလျှင် အဓိကပါ ။
ဘယ်အချိန်မဆို မိမိစိတ် ထိန်းနိုင်ဖို့ဆိုတာ လွယ်တာတော့မဟုတ်ပါ
ဒါပေမယ့် အဲလိုကလေးတွေ အများကြီးရှိပါတယ် ကျွန်တော် လေ့လာမိသလောက် သူတို့မှာ ငယ်ငယ်ကတည်းက ကောင်းမွန်စွာ ဆုံးမတတ်တဲ့ မိဘတွေရှိတာရယ် သူတို့ကိုယ်တိုင် ဘ၀ကိုနားလည်တာရယ် ကြောင့်ပါ ….။ အောက်ကပုံလေး ၂ပုံကို သေချာဖတ်ပြီး နှိုင်းယှဉ်လိုက်ပါ
၂ပုံလုံးကတော့ ကောင်းမွန်တဲ့ ဆုံးမမှုမျိုးတွေချည်းပါပဲ သားသမီးကို
တိုးတက်စေချင်လို့ ဥပမာပေးဆုံးမတာချည်းပါ ။ ဒါပေမယ့် ဘယ်လိုဆုံးမမှုမျိုးက ပိုကောင်းသလဲ ကိုယ်နဲ့ ကိုယ့်ပတ်ဝန်းကျင်အပေါ်စာနာသနားစိတ်တွေ ၊ ကူညီဖေးမတတ်တဲ့ စိတ်မျိုးဖြစ်ပေါ်လာအောင် သွန်သင်ဆုံးမမှုမျိုးကို မိတ်ဆွေတို့
ကြိုက်ကြတယ်မလား ? ဒါပေမယ့် ဒီစာလေးက ဖတ်ရုံနဲ့မပြီးသွားပါ
မိမိကိုယ်တိုင် ဒီလိုဆုံးမနိုင်မယ်ဆို တော်တဲ့ကောင်းမွန်တဲ့
ကလေးတွေ များစွာ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ တွေ့လာကြမှာ ဧကန်ပါ
အောင်ကျော်ခိုင်(စာအုပ်မြို့တော်)
Admin..Ko Swe
မူရင်းhttps://www.facebook.com/maungssskမောင်(စွယ်စုံကျမ်း)
မောင်(စွယ်စုံကျမ်း)'s photo.
မောင်(စွယ်စုံကျမ်း)'s photo.

No comments:

Post a Comment